«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ဝမ်းလျှောရောဂါ (Campylobacteriosis)

,
((( ကမ်ပိုင်လိုဘက်တီရီယိုးစစ် ဆိုတာ )))

ခွေးပေါက်စလေးတွေမှာဖြစ်ပွားတဲ့ ပြင်းထန်တဲ့ဝမ်းလျှောရောဂါတစ်ခုဖြစ်ပါတယ် … ကူးစက် တတ်ပါတယ် .. မူလကပင် ကျန်းမာရေးချို့တဲ့နေပြီးတော့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုကို ခံစားနေရတဲ့ခွေးငယ်လေးတွေမှာ ပိုပြီးအဖြစ်များတာတွေ့ရပါတယ် ..


((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))

ကမ်ပိုင်လိုဘက်တီရီယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ် … ဒီပိုးဟာစိုစွတ်တဲ့နေရာမှာ ရက်သတ္တ (၅)ပါတ်လောက်အထိ အသက်ရှင်နိုင်ပါတယ် .. 

((( ကူးစက်ပုံ )))

ရောဂါပိုးပါရှိတဲ့ အစာ ၊ ရေ ၊ တိရစ္ဆာန်ရဲ့မစင်နဲ့ ထိတွေ့ရာကနေပြီး ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ် .. 


((( အဖြစ်များသောအသက်အရွယ် )))

ခွေးငယ်လေးတွေမှာဖြစ်ပွားတာများပါတယ်(၃)ပါတ်သားအောက် ခွေးပေါက်စလေးတွေမှာ ပိုပြီးအဖြစ်များပါတယ် …         

((( ရောဂါလက္ခဏာများ )))

ခန္တာကိုယ်အတွင်းကို ရောဂါပိုး စတင်ဝင်ရောက်လာပြီးနောက် … (၁)ရက်ကနေ(၇)ရက်ခန့် အတွင်းမှာ ရောဂါလက္ခဏာတွေ စတင်ပြသလာပါတယ် … အန်းခြင်း ၀မ်းအရည်ကျဲများပန်းခြင်း … ၀မ်းထဲမှာအကျိအချွဲနဲ့သွေးစများပါခြင်း…(၅)ရက်မှ(၁၅)ရက်လောက်ဝမ်းလျှောပြီးတဲ့နောက်…နာတာ ရှည် ၀မ်းပျက်သော အဆင့်ကို ရောက်ရှိသွားတာတွေ့ရပါတယ် .. .

((( ကုသခြင်း )))

ခွေးကလေးကို ပူးနွေးခြောက်သွေ့တဲ့နေရာမှာထားပေးရပါမယ်…၀မ်းလျှောတာပြင်းထန်နေရင် ဓါတ်ဆားရည်ပုလင်းကြီးကို အကြောကနေ သွင်းပေးရပါမယ်  Erythromycin   နဲ့  Ciprofloxin  စတဲ့ပဋိဇီဝဆေးတွေနဲ့ကုသပေးရပါတယ် …

((( လူထုကျန်းမာရေး )))

ကမ်ပိုင်လိုဘက်တီရီယားပိုးဟာ လူတွေမှာဝမ်းလျှောဝမ်းပျက်ဖြစ်စေတတ်ပါတယ်…၀မ်းပျက် ၀မ်းလျှောဖြစ်နေတဲ့ခွေးပေါက်စကြောင်ပေါက်စလေးတွေနဲ့ထိတွေမှုရှိတဲ့သူတွေဟာဒီရောဂါကူးစက်   ခံရနိုင်တာမို့သူတို့ကိုကိုင်တွယ်ပြီးတိုင်းလက်ကိုသေသေချာဆေးကြောသုပ်သင်ပြီးသန့်ရှင်းရေးစနစ် တကျ ပြုလုပ်သင့်ပါတယ် …

0 မှတ်ချက်များ to “၀မ်းလျှောရောဂါ (Campylobacteriosis)”

Post a Comment