«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Sept 2020

နှာရည်ယိုအဆုပ်ပွရောဂါ (Cryptococcosis)

,
Cryptococcus gattii နဲ့ Cryptococcus neoformans ဆိုပြီးရောဂါပိုးအမျိုးအစားနှစ်မျိုး  
 
ရှိပါတယ်  ၊ဒီမှိုအမျိုးအစားပိုးတွေကိုတစ်ကမ္ဘာလုံးအနှံ့မှာတွေ့ရှိရပြီး  ငှက်တွေရဲ့ 
 
မစင်ထဲမှာပါရှိနေတတ်ပါတယ်၊အထူးသဖြင့် ခိုတွေရဲ့မစင်ထဲမှာတွေ့ရတတ်ပါတယ်။ 
 
ပတ်ဝန်းကျင်မှာရှိတဲ့မြေကြီးပေါ်မှာလည်းရှိနေတတ်ပါတယ်၊ဒီမှိုပိုးတွေဝင်ရောက်လာ 
 
ရင်ခန္တာကိုယ်အနှံ့ကိုပြန့်နှံ့ရောက်ရှိပြီးရောဂါဖြစ်ပွားစေနိုင်ပါတယ်၊ 
 
ဒီရောဂါဟာ ရောဂါပိုးကိုလေနဲ့အတူရှုမိလို့ဖြစ်တာပါ ၊ ရောဂါပိုးပါတဲ့လေကိုရှုမိတဲ့
 
အချိန်ဟာကြောင်ရဲ့ခုခံအားကျနေတဲ့အချိန်နဲ့တိုက်ဆိုင်နေရင်တော့ရောဂါဖြစ်ပွား
 
လာနိုင်ပါတယ် ၊ ကြောင်တွေဟာလေနဲ့အတူ ဒီရောဂါပိုးကိုရှုမိလို့  နှာခေါင်းထဲကိုရောက် 
 
လာရင် နှာစေးပြီးနှာရည်ကျလာတတ်ပါတယ် ။
 
အဲဒီနောက်မကြာခဏနှာချေနေတာကိုတွေ့ရပါတယ် ၊နှာရည်ကျတာကနှာခေါင်း 


တစ်ဖက်တည်းကဖြစ်စေနှစ်ဖက်စလုံးကဖြစ်စေကျတတ်ပါတယ် ၊ ရောဂါရင့်လာရင်

အဆုတ်ထဲအထိရောဂါပိုးပြန့်နှံ့လာတဲ့အတွက် ချောင်းဆိုးတာတို့ မောဟိုက်တာတို့

ဖြစ်လာတတ်ပါတယ် ၊ ရောဂါပိုးဟာမျက်စေ့ထဲ ကိုရောက်သွားရင်မျက်စေ့အမြင်လွှာ

နဲ့အတူမျက်စေ့အာရုံကြောတွေကိုထိခိုက်ပျက်စီးစေတဲ့အတွက်အမြင်အာရုံထိခိုက်

လာတတ်ပါတယ်၊ရောဂါပိုးဟာမျက်နှာပိုင်းမှာရှိတဲ့အာရုံကြောတွေကိုလည်းထိခိုက်

စေပြီး မျက်နှာပိုင်း မှာမူမမှန်တဲ့ လှုပ်ရှားမှုတွေကိုတွေ့ရတတ်ပါတယ် ၊ ဦးနှောက်ထဲ

ကိုရောက်သွားရင် ဟန်ချက်မထိမ်းနိုင်တဲ့အတွက် လမ်းလျှောက်တဲ့အခါပုံမှန်

မဟုတ်ပဲပတ်ခြာလည်နေတတ်ပါတယ် ၊

အနံ့မသိတာမျိုးလည်းဖြစ်လာတတ်ပါတယ်၊တဖြည်းဖြည်းသွေးအားနည်းလာတဲ့

အတွက်မျက်လုံးအတွင်း သားတွေ ကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါ

တယ် ၊ သွေးအားတိုးဆေးတွေဘယ်လောက်ပေးပေး သွေးအားတက်မလာနိုင်တာက

ဒီရောဂါရဲ့ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ်။

ဒီရောဂါကခွေးတွေမှာလည်းဖြစ်ပွားတတ်ပေမယ့်ရောဂါလက္ခဏာတွေသိပ်ထင်ရှားမှု

မရှိတတ်ပါဘူး၊ ပိန်လာတတ်တာမျိုးတွေ့ရတတ်ပါတယ်၊ တစ်ခါတရံမှာတော့

အာရုံကြော ဆိုင်ရာလက္ခဏာတစ်မျိုးဖြစ်တဲ့ဦးခေါင်းငြိမ့်တောင့်ငြိမ့်တောင့်ဖြစ်လာတာ

မျိုးနဲ့လမ်းလျှောက်တဲ့အခါဒယီးဒယိုင်ဖြစ်တာမျိုးတွေကိုတွေ့ရတတ်ပါတယ်

ဒီရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ဖို့အတွက် နှာခေါင်းအတွင်းကအရည်ကို တို့ဖတ်နဲ့

ရယူပြီးဖြစ်စေအရေပြားဒါဏ်ရာတွေကထွက်တဲ့အရည်ကိုဖြစ်စေစစ်ဆေးကြည့်လို့

ရပါတယ် ၊ ရောဂါသေချာရင်တော့ Ketoconazole, Fluconazole နဲ့

Fluconazole စားဆေးတွေနဲ့ ကုသပေးနိုင် ပါတယ် Ketoconazole စားဆေးကတော့ 

စျေးသက်သာပေမယ့် အစားအသောက်ပျက်တာ ၊အော့အန်တာ ၊ ဝမ်းပျက်ပြီးပိန်ချုံး 

သွားတာစတဲ့ဘေးထွက်ဆိုးကျိုးတွေရှိတတ်တဲ့အပြင်ဆေးတိုက်တာကြာလာရင် 

မျက်စေ့ မှာအတွင်းတိမ်စွဲတာမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ် ၊ ဒါကြောင့်မို့  

Itraconazole, နဲ့ Fluconazole စားဆေးကို တိုက်ကျွေးနိုင်ရင်ပိုကောင်းပါတယ် ၊ 

Fluconazole စားဆေးဟာ ဦးနှောက်ထဲ ကိုမြန်မြန်ရောက်နိုင်တဲ့အားသာချက်ရှိ 

တာကြောင့် ဦးနှောက်ထဲကိုရောဂါပိုးရောက်တဲ့အခါမျိုးမှာအသုံးပြုသင့်ပါတယ်   

ဘယ်ဆေးကိုအသုံးပြုသည်ဖြစ်စေ  ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှုကိုချင့်ချိန်ပြီး

(၂)လလောက်အထိ ရက်မပျက်စေပဲဆေးတိုက်ဖို့လိုအပ်ပါတယ်။ 

 

1 မှတ်ချက်များ:

  • 1 February 2022 at 14:52
    Unknown says:

    တစ်ခြားကုနည်းလေစတွေရှိသေးရင်ညွှန်းပေးပါဦး

Post a Comment