«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Oct 2020

ကြောင်ဂျပ်စွဲနာ(Feline Scabies)

,

ကြောင်တွေရဲ့လည်ပင်းပိုင်း ၊ ဦးခေါင်းပိုင်းနဲ့ နားရွက်ရဲ့အစွန်အဖျားနေရာက အရေပြားတွေမှာ  

Notoedres cati လို့ခေါ်တဲ့ဂျပ်ကောင်တွေစွဲကပ်လို့ဖြစ်လာတဲ့အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။

 

ကြောင်တွေမှာ ဒီဂျပ်ကောင်တွေစွဲကပ်လာတဲ့အခါအလွန်ယားယံတဲ့ဝေဒနာကိုခံစားရလေ့ရှိပြီး 

စွဲကပ်နေတဲ့နေရာတွေကအမွှေးတွေကျွတ်ကုန်တဲ့အတွက်ပြောင်သလင်းခါနေတဲ့အကွက်လေးတွေ 

ကိုတွေ့ရတတ်ပါတယ်၊ ကြောင်ကအဲဒီနေရာတွေကိုမနားတမ်းကုတ်ခြစ်နေတဲ့အတွက်ကြောင့် 

နီရဲနေပြီးတခါတရံမှာအရည်ကြည်လိုအစေးတွေထွက်နေတတ်ပါတယ်၊ အဲဒီအစေးတွေဟာ

ခြောက်သွေ့သွားတဲ့အခါ နီညိုရောင်(သို့)ဝါကျင့်ကျင့်အရောင်အခဲလေးတွေအဖြစ် လည်ပင်းပိုင်း၊

ဦးခေါင်းပိုင်းနဲ့နားရွက်ရဲ့အစွန်အဖျားနေရာတွေမှာကပ်ညိနေတာကိုလည်းတွေနိုင်ပါတယ်၊ 

တခါတရံမှာဒီလိုလက္ခဏာတွေဟာ ခြေဖျားလက်ဖျားနေရာတွေနဲ့ သူတို့ရဲ့လိင်အင်္ဂါထိပ်ဖျားပိုင်း

နေရာတွေမှာလည်းဖြစ်လာတတ်ပါတယ်၊ ဒီလိုဖြစ်နေတာကိုသေသေချာချာကုသမပေးပဲထားရင်

တော့အဲဒီနေရာတွေကအရေပြားတွေဟာခြောက်သွေ့လာကြပြီးတဖြည်းဖြည်းနဲ့မာကြောတွန့်ခေါက်

လာတဲ့အတွက် ကြောင်ဟာအရုပ်ဆိုးအကျည်းတန်နေတတ်ပါတယ်၊ 

 

ဂျပ်ကောင်အမတွေဟာအထီးနဲ့မိတ်လိုက်ပြီးတဲ့အခါ၊ ဉတွေအုချဖို့  အဲဒီနေရာတွေကအရေပြား 

အောက်ကိုဖောက်ထွင်းဝင်ရောက်သွားကြရပါတယ်၊ အဲဒီလိုဖောက်ထွင်းဝင်ရောက်နေချိန်မှာ 

အလွန်ယားယံစေတဲ့အတွက် ကြောင်ဟာအမြဲတမ်းကုပ်ခြစ်နေတတ်ပြီး အနာတွေဖြစ်လာတတ် 

ပါတယ်၊ ဉတွေဟာ (၅-၁၀)ရက်လောက်အကြာမှာ အကောင်လေးတွေပေါက်လာကြပါတယ်၊ 

ဂျပ်ကောင်ပေါက်ကလေးတွေဟာ ရက်သတ္တ(၂)ပါတ်လောက်အကြာမှာ အကောင်ကြီးဘဝကို 

ရောက်လာကြပြီး မိတ်လိုက်ကြပြန်ပါတယ်၊အဲဒီလိုဖြစ်စဉ်တွေဟာအဆက်မပြတ်ဖြစ်ပေါ်နေတဲ့

အတွက် အခြေအနေဟာပို၍ပို၍ဆိုးလာမှာဖြစ်ပါတယ်၊ Notoedres cati  ဂျပ်ကောင်တွေဟာ

ကြောင်ရဲ့ခန္တာကိုယ်ပေါ်မှာသာ ကြာရှည်အသက်ရှင်နေနိုင်တာဖြစ်ပြီး ကြောင်ရဲ့ခန္တာကိုယ်အပေါ်

ကနေကင်းကွာတာနဲ့ ရက်ပိုင်းအတွင်းသေဆုံးသွားတတ်ကြပါတယ်၊ ဒီဂျပ်ကောင်တွေဟာ ကြောင် 

တစ်ကောင်နဲ့တစ်ကောင်ထိမိပွတ်မိရာကနေ ဆက်လက်ကူးစက်ကြတာဖြစ်ပါတယ်၊ ခွေးတွေနဲ့

လူတွေကိုလည်းကူးစက်စေနိုင်ပါတယ်၊ ဒါပေမယ့်ခွေးနဲ့လူတွေဆီမှာတော့ ကြာရှည်မနေနိုင်တဲ့ အတွက်ပြင်းပြင်းထန်ထန်ခံစားရလေ့မရှိပဲ(၃-၄)ပါတ်လောက်အကြာမှာပြန်လည်ပျောက်ကင်းသွား 

တတ်ပါတယ်၊ကြောင်တွေရဲ့အရေပြားမှာဂျပ်စွဲနာဖြစ်ရင်Notoedres cati ဂျပ်ကောင်တွေကြောင့်

ဟုတ်မဟုတ် ခွဲခြားသိရှိနိုင်ဖို့အတွက် အရေပြားပေါ်ကအနာဖတ်ကိုဖြစ်စေ အသားစကိုဖြစ်စေ

ခြစ်ယူပြီး မှန်ပြောင်းနဲ့စစ်ဆေးကြည့်ရပါတယ်၊

 

ဂျပ်စွဲနေတဲ့ကြောင်ကိုကုသတဲ့အခါ အနာပတ်လည်ကအမွှေးတွေကို ပြောင်စင်အောင်ဦးစွာရိတ်ပစ်

ရပါမယ်၊ အဲဒီနောက် အနာတွေကိုပျော့ပြောင်းသွားစေဖို့အတွက် ဆပ်ပြာနဲ့ရေနွေးနွေးကိုအသုံးပြု

ပြီးစိတ်ရှည်ရှည်ဆေးကြောပေးရပါမယ်၊အဲဒီနောက်ကန့်အခဲကိုထုံးရည်ကြည်နဲ့သွေးပြီးလိမ်းကျံပေး

နိုင်ပါတယ်၊ အဲဒီလိုလုပ်ပေးခြင်းကို တစ်ပတ်မှာတစ်ကြိမ်နှုန်းနဲ့ဆက်လက်ပြုလုပ်ပေးသွားရင် တဖြည်းဖြည်းနဲ့သက်သာပျောက်ကင်းလာနိုင်ပါတယ်၊ ကျန်တဲ့ရက်တွေမှာတော့ ယားယံမှုကို

သက်သာစေဖို့အတွက် ကော်တီဇုန်းဆေးပါဝင်တဲ့ Neomycin  လိမ်းဆေးကိုလိမ်းပေးနိုင်ပါတယ်၊ 

 

ခေတ်မီဆေးတွေနဲ့ကုသမယ်ဆိုရင်တော့ Selarid  အမည်နဲ့လာတဲ့  Selamectin ဆေးရည်ကို

အသုံးပြုနိုင်ပါတယ်၊ ဒါပေမယ့်သုံးစွဲတဲ့အခါဆေးညွှန်းကိုသေချာဖတ်ဖို့အရေးကြီးတဲ့အပြင် 

ဇီးရှိနေတဲ့ကြောင်မတွေကို selamectin ဆေးရည်မသုံးသင့်ပါဘူး၊ ပိုမိုထိရောက်တဲ့ဆေးကတော့  

Ivermectin ထိုးဆေးဖြစ်ပါတယ် ၊ တိရစ္ဆာန်ရောဂါကုဆေးခန်းတွေမှာ Ivermectin  ထိုးဆေးနဲ့

ကုသပေးလေ့ရှိကြပါတယ်။

0 မှတ်ချက်များ to “ကြောင်ဂျပ်စွဲနာ(Feline Scabies)”

Post a Comment