«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

မေးခိုင်ရောဂါ(Tetanus)

,
မေးခိုင်ရောဂါဟာ Clostridium tetani ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုး ကြောင့်ဖြစ်ပွားရတာဖြစ် 
 
ပါတယ် …ဒီရောဂါဟာ သွေးနွေးသတ္တဝါတိုင်းမှာဖြစ်ပွားနိုင်ပါတယ်၊ ကြောင်တွေမှာလည်းဖြစ်ပွား 
 
နိုင်ပေမယ့် လက်တွေ့မှာဖြစ်ပွားတာအတော်ရှားပါတယ် ၊ ကြောင်တွေရဲ့သဘာဝခုခံအားစနစ်က 
 
ဒီရောဂါကိုခံနိုင်ရည်ရှိပါတယ် .... အခြားရောဂါအခံရှိနေလို့ဖြစ်စေ အားအင်ချိနည့်နေလို့ဖြစ်စေ 
 
ခုခံအားကျဆင်းနေတဲ့အခါမျိုးတွေမှာတော့ ကြောင်တွေမှာလည်း ဒီရောဂါဖြစ်ပွားနိုင်ပါတယ်။
 
 
မြင်းချေးတို့ နွားချေးတို့ရှိနေတဲ့မြေကြီးထဲမှာဆိုရင် ဒီမေးခိုင်ရောဂါပိုးတွေအများကြီး ရှိနေတတ် 
 
ပါတယ် … နောက်ပြီးတော့ ဒီပိုးက သွေးနွေးသတ္တဝါအတော်များများရဲ့ အူလမ်းကြောင်းထဲမှာ 
 
လည်းရှိပါတယ် … ဒါပေမယ့် ဘာမှအန္တရာယ်မပေးပဲ ရှိနေတာဖြစ်ပါတယ်။
 
 
အကယ်၍ခန္တာကိုယ်ရဲ့ အရေပြားမှာထိခိုက်ရှနာဖြစ်တဲ့အခါမှာ ခန္တာကိုယ်ကြီးကို ကာရံပေးထားတဲ့ 
 
သဘာဝတံခါးကြီး ပွင့်သွားတာဖြစ်တဲ့အတွက် အဲဒီပွင့်သွားတဲ့နေရာကနေပြီး မေးခိုင်ရောဂါပိုးဟာ 
 
ခန္တာကိုယ်အတွင်းထဲကို ဝင်ရောက်လာနိုင်တာဖြစ်ပါတယ် .… ဒီလိုဝင်ရောက်လာခဲ့ရင်တောင်မှ 
 
သူရောက်ရှိလာတဲ့နေရာရဲ့ ပတ်ဝန်းကျင်မှာ အောက်ဆီဂျင်ဓါတ်ငွေ့ (လေ) ရှိနေရင် ဒီမေးခိုင် 
 
ရောဂါပိုးတွေက ဆက်လက်ပြီးတော့ အသက်မရှင်နိုင်ပါဘူး။
 
 
အောက်ဆီဂျင်ဓါတ်ငွေ့မရှိတဲ့အနေအထားဆိုရင်တော့ဆက်လက်ရှင်သန်ပွားများလာကြပြီး
 
အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်ရည်တွေထုတ်လွှတ်ပေးတတ်ကြတဲ့အတွက် 
 
မေးခိုင်ရောဂါဖြစ်ပွားလာတာဖြစ်ပါတယ် ၊ ဒါကြောင့်အရေပြားရှနာဟာပြန်လည်ပိတ်သွားပြီး
 
လေ(အောက်ဆီဂျင်)နဲ့ ထိတွေ့မှုမရနိုင်တဲ့ ဒါဏ်ရာမျိုးဆိုရင် အထူးဂရုပြုသင့်ပါတယ်…
 
မေးခိုင်ရောဂါပိုးကို အစာနဲ့ရောပြီးစားမိလို့တော့ရောဂါမကူးစက်နိုင်ပါဘူး။
 
 
ကြောင်တွေမှာမေးခိုင်ရောဂါဖြစ်လာရင်၊ဖြစ်ပွားလာမယ့်ရောဂါလက္ခဏာတိုင်းဟာ မေးခိုင်ပိုး
 
တွေကနေထုတ်လွှတ်ပေးတဲ့ အာရုံကြောအဆိပ်ရည်တွေကြောင့် ….. ဖြစ်ပွားလာကြရတာ
 
ဖြစ်ပါတယ်။
 
 
ကြောင်တွေမှာ မေးခိုင်ရောဂါဟာခန္တာကိုယ်တစ်ခုလုံးခြုံငုံဖြစ်ပွားတာမျိုးကအင်မတန်ရှားပါတယ် 
 
…ဒဏ်ရာရရှိပြီးတော့ ရောဂါပိုးဝင်ရောက်ခဲ့တဲ့နေရာနဲ့နီးတဲ့အင်္ဂါမှာပဲ ရောဂါလက္ခဏာတွေပြသ 
 
တတ်တာကများပါတယ် … ဥပမာ ဝဲဖက်ခြေထောက်တစ်ဖက်မှာဒါဏ်ရာရခဲ့တာဆိုရင် .. အဲဒီ
 
ခြေထောက်မှာပဲ ရောဂါလက္ခဏာပြတတ်ပါတယ်၊အဲဒီခြေထောက်ဟာတောင့်တင်းနေပြီးကွေးတာ
 
ဆန့်တာလုပ်ဖို့ခက်ခဲလာတတ်ပါတယ်၊အဲဒီနောက်ရောဂါပိုဆိုးလာရင်အခြားခြေထောက်တစ်ဖက်
 
မှာအဲဒီလိုမျိုးဆက်လက်ဖြစ်ပေါ်လာပါမယ်ဆက်လက်ပြီးရောဂါပိုဆိုးလာရင်တော့ခန္တာကိုယ်တစ်ခု
 
လုံး ခြုံငုံဖြစ်ပွားတဲ့အနေအထားမျိုးဖြစ်ပေါ်လာပါမယ်။
 
 
လမ်းလျှောက်တာဆတ်တောက်ဆတ်တောက်ဖြစ်လာမယ်… ခြေလက်တွေတောင့်တင်းလာမယ် 
 
ပါးစပ် ဟရတာခက်ခဲလာတဲ့အပြင် ၊ အစာကိုမျိုချလို့မရတာဖြစ်လာမယ်၊ မျက်လုံးနဲ့မျက်ခွံတွေမှာ 
 
အကြောဆွဲသလို တဆတ်ဆတ်ဖြစ်လာပါမယ် ၊ကြောင်ရဲ့အမြီးဟာတန်းတန်းမတ်မတ်ဆန့်ထွက်
 
လာတာကို တစ်ခါတစ်ရံတွေ့ရတတ်ပါတယ် ၊ထူးခြာတာက ဆတ်ခနဲကျယ်လောင်တဲ့အသံတစ်ခု
 
ပြုလိုက်ရင် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီးတက်သွားတတ်ပါတယ် …. ဒီအခြေအနေဟာ 
 
ရောဂါရဲ့နောက်ဆုံးအဆင့်ကိုရောက်နေတာဖြစ်ပါတယ်… နောက်တဖြည်းဖြည်းနဲ့ခန္တာကိုယ်မှာ 
 
အရည်ဓါတ်ခန်းခြောက်လာပါမယ် …နောက်ဆုံးမှာအသက်ရှုသွင်းလို့မရတော့ပဲ သေဆုံးသွား
 
တတ်ပါတယ်….

 
မေးခိုင်ရောဂါဖြစ်လာတော့မပေါ့ဆသင့်ပဲ ၊ ဆေးရုံတင်ပြီးစနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ် 
 
ဒီရောဂါပိုးကနေ ထုတ်လွှတ်နေတဲ့ အာရုံကြောအဆိပ်ရည်တွေကို ခြေဖျက်ပစ်ဖို့အတွက် 
 
(Antitetanus Toxin) ဆေးကိုအကြောထဲကနေချက်ချင်းသွင်းပေးရပါတယ်ရှိနေပြီးသားပိုးတွေကို 
 
ပင်နီဆလင် နဲ့စတိုမိုင်စင်ပဋိဇီဝဆေးတွဲဖက်ပြီး နှိမ်နင်းရပါမယ် ၊ဓါတ်ဆားရည်ကို ပုလင်းကြီး
 
ချိတ်ပြီး အကြောကနေသွင်းပေးရပါမယ်၊ မေးခိုင်ရောဂါပိုးတွေကနေထုတ်လွှတ်ပေးတဲ့အာရုံကြော
 
အဆိပ် ရည်တွေကြောင့်စိတ်လှုပ်ရှားထိပ်လန့်တတ်တဲ့အတွက် . . .ရောဂါဖြစ်နေတဲ့ကြောင်ကို 
 
တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့နေရာနဲ့ အလင်းရောင်နည်းပါးတဲ့အခန်းထဲမှာ ထားပြီးတော့ ကုသပေး
 
ရမှာဖြစ်ပါတယ် ၊ လိုအပ်ရင်စိတ်ငြိမ်ဆေးထိုးနှံပေးထားရပါတယ်။
 
 
ခန္တာကိုယ်ရဲ့ အရေပြားကို ထိခိုက်ရှနာဖြစ်တဲ့အခါမှာ … တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီး   
 
မေးခိုင်ရောဂါကြိုတင်ကာကွယ်ဆေး (Antitetanus Toixid)ကိုထိုးနှံပေးခြင်းအားဖြင့်ထိရောက်စွာ 
 
ကြိုတင်ကာကွယ်ထားနိုင်ပါတယ် …
 
Zawgyi
 
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
Clostridium tetani ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုး ကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် …ဒီရောဂါဟာ သွေးနွေးသတ္တ၀ါတိုင်းမှာဖြစ်ပွားနိုင်ပါတယ် … ကြောင်တွေမှာလည်းဖြစ်ပွားနိုင်ပေမယ့် ဖြစ်ပွားတာရှား ပါတယ် … ကြောင်တွေရဲ့သဘာဝခုခံအားစနစ်က ဒီရောဂါကိုခံနိုင်ရည်ရှိပါတယ် .. အခြားရောဂါအခံရှိနေ လို့ဖြစ်စေ အားအင်ချိနည့်နေလို့ဖြစ်စေ ခုခံအားကျဆင်းနေတဲ့အခါမျိုးတွေမှာတော့ ဒီရောဂါဖြစ်ပွားနိုင်ပါ တယ် … မြင်းချေးတို့ နွားချေးတို့ရှိနေတဲ့မြေကြီးထဲမှာဆိုရင် ဒီမေးခိုင်ရောဂါပိုးတွေအများကြီး ရှိနေတတ်ပါတယ် … နောက်ပြီးတော့ ဒီပိုးက သွေးနွေးသတ္တ၀ါအတော်များများရဲ့ အူလမ်းကြောင်းထဲမှာ လည်းရှိပါတယ် … ဒါပေမယ့် ဘာမှအန္တရာယ်မပေးပဲ ရှိနေတာဖြစ်ပါတယ်…
ကူးစက်ပုံ
ခန္တာကိုယ်ရဲ့ အရေပြားမှာထိခိုက်ရှနာဖြစ်တဲ့အခါမှာ ခန္တာကိုယ်ကြီးကို ကာရံပေးထားတဲ့သဘာဝတံခါးကြီး ပွင့်သွားတာဖြစ်တဲ့အတွက် အဲဒီပွင့်သွားတဲ့နေရာကနေပြီး မေးခိုင်ရောဂါပိုးဟာ ခန္တာကိုယ်အတွင်းထဲကို ၀င်ရောက်လာနိုင်တာဖြစ်ပါတယ် … ဒီလိုဝင်ရောက်လာခဲ့ရင်တောင်မှ သူရောက်ရှိလာတဲ့နေရာရဲ့ ပတ်ဝန်းကျင်မှာ အောက်ဆီဂျင်ဓါတ်ငွေ့ (လေ) ရှိနေရင် ဒီမေးခိုင်ရောဂါပိုးက ဆက်လက်ပြီးတော့ အသက်မရှင်နိုင်ပါဘူး…အောက်ဆီဂျင်ဓါတ်ငွေ့မရှိတဲ့အနေအထားဆိုရင်တော့ဆက်လက်ရှင်သန်ပွားများ လာပြီးအာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်ရည်တွေထုပ်လွှတ်ပေးကြတဲ့အတွက် မေးခိုင်ရောဂါ ဖြစ်ပွားလာစေတာဖြစ်ပါတယ်ဒါကြောင့်အရေပြားရှနာဟာပြန်လည်ပိတ်သွားပြီးလေ(အောက်ဆီဂျင်)နဲ့ ထိတွေ့မှုမရနိုင်တဲ့ ဒဏ်ရာမျိုးဆိုရင် အထူးဂရုပြုသင့်ပါတယ်…မေးခိုရောဂါပိုးကိုအစာနဲ့ရောပြီး စားမိလို့ ရောဂါ မကူးစက်နိုင်ပါဘူး ….
ကြောင်တွင်တွေ့ရသော ရောဂါလက္ခဏာများ
ဖြစ်ပွားလာမယ့်ရောဂါလက္ခဏာတိုင်းဟာ မေးခိုင်ရောဂါပိုးတွေကနေ ထုတ်လွှတ်ပေးတဲ့ အာရုံကြောအဆိပ် ရည်တွေကြောင့် …. ဖြစ်ပွားလာကြရတာဖြစ်ပါတယ်
ကြောင်တွေမှာကျတော့ မေးခိုင်ရောဂါဟာ ခန္တာကိုယ်တစ်ခုလုံးခြုံငုံဖြစ်ပွားတာမျိုးကအင်မတန်ရှားပါတယ် …ဒဏ်ရာရရှိပြီးတော့ ရောဂါပိုးဝင်ရောက်ခဲ့တဲ့နေရာနဲ့နီးတဲ့အင်္ဂါမှာပဲ ရောဂါလက္ခဏာတွေပြသ တတ်တာကများပါတယ် … ဥပမာ ၀ဲဖက်ခြေထောက်တစ်ဖက်မှာ ဒဏ်ရာရခဲ့တာဆိုရင် .. အဲဒီခြေထောက်မှာပဲ ရောဂါလက္ခဏာပြတတ်ပါတယ် .. ခြေထောက်ဟာတောင့်တင်းနေပြီး ကွေးတာဆန့်တာလုပ်ဖို့ခက်ခဲလာတတ်ပါတယ်..အဲဒီနောက်ရောဂါပိုဆိုးလာရင်အခြားခြေထောက်တစ်ဖက်မှာ အဲဒီလိုမျိုးဆက်လက်ဖြစ်ပေါ်လာပါမယ်ဆက်လက်ပြီးရောဂါပိုဆိုးလာရင်တော့ခန္တာကိုယ်တစ်ခုလုံးခြုံငုံဖြစ်ပွား တဲ့အနေအထားမျိုး ဖြစ်ပေါ်လာပါမယ် … လမ်းလျှောက်တာဆတ်တောက်ဆတ်တောက်ဖြစ်လာမယ် … ခြေလက်တွေတောင့်တင်းလာမယ် … ပါးစပ် ဟရတာခက်ခဲလာမယ် … အစာကို မျိုချလို့မရတာဖြစ်လာမယ် … မျက်လုံးနဲ့မျက်ခွံတွေမှာ အကြောဆွဲသလို တဆတ်ဆတ်ဖြစ်လာပါမယ် … ကြောင်လေးရဲ့အမြီးဟာ တန်းတန်းမတ်မတ်ဆန့်ထွက်လာတာကို တစ်ခါတစ်ရံတွေ့ရတတ်ပါတယ် … ဆတ်ခနဲ ကျယ်လောင်တဲ့အသံတစ်ခုပြုလိုက်ရင် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီး တက်သွားတတ်ပါတယ် … ဒီအခြေအနေဟာ ရောဂါရဲ့နောက်ဆုံးအဆင့်ကို ရောက်နေတာဖြစ်ပါတယ် … နောက်တဖြည်းဖြည်းနဲ့ ခန္တာကိုယ်မှာ အရည်ဓါတ်ခန်းခြောက်လာပါမယ် … နောက်ဆုံးမှာ အသက်ရှုသွင်းလို့မရတော့ပဲ သေဆုံးသွားမှာဖြစ်ပါတယ်….
ကုသခြင်း
ရောဂါပြင်းထန်လွန်းရင်တော့ဆေးရုံတင်ပြီးစနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ်….ဒီရောဂါပိုးကနေ ထုတ်လွှတ်နေတဲ့ အာရုံကြောအဆိပ်ရည်တွေကို ခြေဖျက်ပစ်ဖို့အတွက် (Antitetanus Toxin) ဆေးကို အကြောထဲကနေသွင်းပေးရပါတယ် … ရှိနေပြီးသားပိုးတွေကို ပင်နီဆလင် နဲ့ စတိုမိုင်စင်ပဋိဇီဝဆေးတွေနဲ့တွဲဖက်ပြီး နှိမ်နင်းရပါမယ် …. ဓါတ်ဆားရည်ကို ပုလင်းကြီးချိတ်ပြီး အကြောကနေသွင်းပေးရပါမယ်.. မေးခိုင်ရောဂါပိုးတွေကနေထုတ်လွှတ်ပေးတဲ့ အာရုံကြောအဆိပ် ရည်တွေကြောင့်စိတ်လှုပ်ရှားထိပ်လန့်တတ်တဲ့အတွက်ရောဂါဖြစ်နေတဲ့ကြောင်ကလေးကိုတတဆိတ်ငြိမ် သက်တဲ့နေရာ အလင်းရောင်နည်းပါးတဲ့အခန်းထဲမှာ ထားပြီးတော့ ကုသပေးရမှာဖြစ်ပါတယ် …  ပြီးတော့စိတ်ငြိမ်ဆေးတွေကိုလည်း ထိုးနှံပေးထားရပါတယ်
ကြိုတင်ကာကွယ်ခြင်း
ခန္တာကိုယ်ရဲ့ အရေပြားကို ထိခိုက်ရှနာဖြစ်တဲ့အခါမှာ … တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီး စံနစ်တကျကုသမှုခံယူဖို့လိုပါတယ် … မေးခိုင်ရောဂါကြိုတင်ကာကွယ်ဆေး (Antitetanus Toixid)ကို ထိုးနှံပေးခြင်းအားဖြင့်ထိရောက်စွာကြိုတင်ကာကွယ်ထားနိုင်ပါတယ် …

0 မှတ်ချက်များ to “မေးခိုင်ရောဂါ(Tetanus)”

Post a Comment