Campylobacter jejuni
နဲ့ Campylobacter upsaliensis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ
ကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် ၊
ဒီပိုးတွေဟာကျန်းမာနေတဲ့ခွေးတွေရဲ့ အစာအိမ်နဲ့
အူလမ်းကြောင်းထဲမှာသဘာဝအတိုင်းရှိနေတတ်တဲ့ပိုးတွေဖြစ်ပြီး သာမန်အားဖြင့်ဒုက္ခပေးလေ့
မရှိကြပါဘူး ၊
ဒါပေမယ့်တခါတရံ အကြောင်းတိုက်ဆိုင်လာတဲ့အခါမျိုးမှာတော့ ဒီပိုးတွေဟာထကြွသောင်းကျန်း
လာကြပြီးရောဂါအဆင့်အထိ ဖြစ်လာတတ်ပါတယ် ၊ အဲဒီအခါမှာ ခွေးဟာဖျားနာလာပြီး
ဝမ်းသွားတဲ့အခါအကျိအချွဲတွေပါလာတတ်ပါတယ်
၊ ရောဂါပြင်းထန်ရင်တော့သွေးစလေးတွေ
ပါလာတတ်ပါတယ် ၊
တခါတရံနာတာရှည်ဝမ်းပျက်နေတဲ့ ပုံစံမျိုးနဲ့လည်းရောဂါဖြစ်နေ တတ်ပါသေးတယ် ၊အဲဒီအခါမှာ
ဝမ်းနမူနာကိုယူပြီး ဓာတ်ခွဲခန်းမှာ Polymerase
chain reaction (PCR)စစ်ဆေးနည်းအားဖြင့်
ဒီရောဂါဟုတ်မဟုတ် အတည်ပြုစစ်ဆေးနိုင်ပါတယ်။
ဒီရောဂါဖြစ်တာသေချာရင်တော့ Erythromycin စားဆေးကို ခန္တာကိုယ်အလေးချိန် တစ်ကီလို
ဂရမ် ရှိလေတိုင်း(၁၅)မီလီဂရမ်နှုန်းနဲ့(၈)နာရီခြားတစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ် ၊
Neomycin
စားဆေးကိုလည်း ခန္တာကိုယ်အလေးချိန် တစ်ကီလိုရှိလေတိုင်း (၂၀)မီလီဂရမ်နှုန်းနဲ့
(၁၂)နာရီခြား တစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ်၊
အဲဒီလိုတိုက်ဆေးတွေကို(၃)ရက်လောက်တိုက်လိုက်ရင်ရောဂါလက္ခဏာတွေပျောက်ကင်းသက်သာ
လာတာ ကိုတွေ့ရမှာဖြစ်ပါတယ် ၊
အဲဒီအချိန်မှာဆေးတိုက်တာကိုရပ်လိုက်ရင် လက်ကျန်ပိုးတွေ
ကျန်နေသေးတဲ့အတွက် နာတာရှည်ဝမ်းပျက်ရောဂါပုံစံနဲ့ဆက်လက်ဖြစ်ပွားတတ်ပါတယ်
၊ဒါကြောင့်ဆေးတိုက်တဲ့အခါ ဆေးပတ်လည်အောင်တိုက်ဖို့ အလွန်အရေးကြီးပါတယ်။
ဒီရောဂါဟာ လူတွေကိုကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး လူတွေကိုကူးစက်တဲ့အခါ ဝမ်းပျက်ခြင်း၊
တခါတရံသွေးပါတဲ့ဝမ်းသွားခြင်း၊ဗိုက်နာခြင်း၊အော့အန်ပြီးဖျားနာခြင်းတို့ကိုခံစားရတတ်ပါတယ်။