«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jan 2019

အန်ခြင်းအကြောင်း(Vomitting)

,
(Unocode Version)

 
ကြောင်တွေမှာ အန်တတ်တဲ့အကြောင်းရင်းတွေများစွာရှိပါတယ် အများဆုံးဖြစ်လေ့ရှိတာကတော့ 
 
အမွှေးအမျှင်တွေလိုမျိုး အစာချေဖို့မလွယ်တဲ့အရာတွေကိုမျိုချမိတဲ့အခါမျိုးနဲ့ အစာအိမ်ကိုယားယံ 
 
စေတတ်တဲ့အစာတွေကိုစားမိတဲ့အခါမှာ ကြောင်တွေဟာအန်လေ့ရှိပါတယ်။
 
 
အဲဒီလိုအန်နေခြင်းဟာ အစာအိမ်ထဲရောက်နေတဲ့အရာတွေကိုပြန်ထွက်သွားအောင်ခန္တာကိုယ်က
 
 
နေသဘာဝအလျှောက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အထူးစိုးရိမ်စရာမလိုပါဘူး
 
 
တစ်ခါတလေ ကြောင်တွေဟာ အစာကိုအမြန်စားတဲ့အခါမျိုးနဲ့အလွန်အကျွံစားမိလိုက်တဲ့
 
အခါမျိုးတွေမှာ အစားတွေကနေ အစာအိမ်နံရံကိုဖိထားတဲ့အားကြောင့်လည်း ယာယီအားဖြင့်
 
အန်တတ်ပါသေးတယ်
 
အပြင်းအထန်အန်တာမျိုးမဟုတ်ပဲ သာမန်လောက်သာအန်တာဆိုရင်တော့ဆေးခန်းကိုပြဖို့
 
မလိုအပ်ပါဘူး အန်တဲ့အခါအမြှုပ်ထပြီး အရည်ကြည်တွေသာအန်တာဆိုရင်အစာချေလို့
 
မရတဲ့အရာတစ်ခုခုကိုမျိုချထားတာမျိုးဖြစ်တတ်ပါတယ်
 
 
ကြောင်တွေကိုအစာကျွေးတဲ့အခါ ကြောင်တစ်ကောင်ချင်းကိုသီးခြားအစာခွက်တွေနဲ့သာ
 
ကျွေးသင့်ပါတယ် ကြောင်(၂)ကောင်(၃)ကောင်ကို အစာခွက်တစ်ခုတည်းမှာကျွေးရင် 
 
အစာကိုအလုအယက်အမြန်လုစားလေ့ရှိတဲ့အတွက် အလွန်အကျွံစားမိတာမျိုးတွေဖြစ်တတ်
 
ပါတယ်၊ ဒါကြောင့်မို့ ကြောင်တွေကိုအစာကျွေးတဲ့အခါ ကြောင်တစ်ကောင်ချင်းကို
 
သီးခြားအစာခွက်တွေနဲ့သာကျွေးသင့်ပြီး အစာကိုလည်းသင့်တော်ရုံမျှသာထည့်    
 
ပေးသင့်ပါတယ်
 
မိမိရဲ့ကြောင်အန်တဲ့အခါမှာ ဘာကြောင့်အန်ရသလဲဆိုတာကိုသိဖို့လိုအပ်သလို အန်တဲ့ပမာဏနဲ့ 
 
အန်တဲ့အကြိမ်ရေများလာတာနဲ့အမျှ ကိုယ်ခန္တာရဲ့အရည်ဓာတ်တွေဆုံးရှုံးနေရတယ်ဆိုတာကို
 
အခြေခံအားဖြင့်သိထားရမှာဖြစ်ပါတယ်။
 
အကယ်၍များအန်တာနဲ့ဝမ်းလျှောတာတွဲပြီးဖြစ်နေရင် အရည်ဓာတ်ဆုံးရှုံးမှုဟာ အလွန်     
 
မြန်တဲ့အတွက် အသက်အန္တရာယ်ရှိလာနိုင်ကြောင်းသိထားသင့်ပါတယ်

 
အန်နေတဲ့ကြောင်ကိုပြုစုတဲ့အခါ ပထမ(၁၂)နာရီအတွင်းမှာတော့ ရေနဲ့အစာကိုနည်းနည်းလေး
 
ပဲကျွေးရပါမယ် ကြောင်ရေဆာရင် ရေခဲတုံးလေးကိုလျှက်စေနိုင်ပါတယ်၊အကယ်၍ဆက်မအန်
 
တော့ရင် ရေကိုနည်းနည်းပိုပြီးတိုက်လို့ရပါတယ်၊ရေအပြင် ဓာတ်ဆားရည်ကိုနည်းနည်းတိုက်ပေး 
 
ရင်ပိုကောင်းပါတယ်။
 
 
အဲဒီအဆင့်အထိပြန်မအန်လာတော့ရင် အဆီဓာတ်မပါတဲ့အစာကို နောက်ထပ်(၁၂)နာရီအထိ 
 
နည်းနည်းချင်းစကျွေးကြည့်သင့်ပါတယ် ဆက်လက်ပြီး အခြေအနေကောင်းနေရင် 
 
ပုံမှန်ကျွေးနေကျအတိုင်းကျွေးလို့ရပြီဖြစ်ပါတယ်။
 
 
အဲဒီလိုပြုစုပေးလျှက်နဲ့ (၂၄)နာရီအထိ အန်နေတာကရပ်မသွားရင်တော့ ဘာကြောင့်အန်နေ 
 
တာလဲဆိုတာကို စစ်ဆေးဖော်ထုတ်ပြီးလိုအပ်သလိုကုသပေးနိုင်ဖို့အတွက်တိရစ္ဆာန်ရောဂါကု
 
ဆရာဝန်နဲ့ပြသဖို့လိုအပ်ပြီဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့အန်ခြင်းဟာရောဂါတွေရဲ့ရှေးဦး
 
လက္ခဏာတစ်ခုဖြစ်လို့ပါပဲ။
 
အန်တဲ့လက္ခဏာကိုပြသတတ်တဲ့ရောဂါတွေကိုဗဟုသုတအဖြစ်ဖော်ပြရရင်
 
 
(၂) Infectious disease (ကူးစက်ရောဂါများ)
 
(၃) Kidney diseases (ကျောက်ကပ်ရောဂါများ)
 
(၄) Liver diseases (အသည်းရောဂါများ) နဲ့
 
(၅) Central nervous system disorder(ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ)
       
       စသည်တို့ဖြစ်ပါတယ်
 
ဦးနှောက်အမြှေးယောင်တာလိုမျိုး ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုဖြစ်နေရင်(သို့)    
 
ဦးနှောက်ထဲမှာ အကြိတ်တည်နေရင် ဦးခေါင်းထဲမှာဖိအားများလာပြီး မရပ်မနားထိုးအန်    
 
နေတတ်ပါတယ်တဲ့အပြင်အခြားအခြေအနေတွေကြောင့်လည်းအန်တတ်ပါသေးတယ်
 
 
အဲဒါတွေကတော့
 
(၁) အဆိပ်မိခြင်း(Poisons)
 
(၂) အစာအိမ်အတွင်းသန်ကောင်များစွဲကပ်နေခြင်း(Stomach worm)
 
(၃) အာသီးယောင်ခြင်း(Tonsillitis)
 
(၄) အစာရေမျိုပိုင်းယောင်ခြင်း(Sore throat)
 
(၅) အူယောင်ခြင်း(Enteritis)
 
(၆) သားအိမ်ယောင်ခြင်း(Acute metritis)
 
(၇) ခံတွင်းအ‌မြှးများယောင်ခြင်း(Stomatitis)
 
(၈) ကိုယ်တွင်းခေါင်းအ‌မြှေးယောင်ခြင်း(Peritonitis)
 
စတဲ့အခြေအနေမျိုးတွေမှာ အစာအိမ်ရဲ့အတွင်းနံရံတွေဟာအထိမခံနိုင်တဲ့အတွက် အစာနည်းနည်း
 
ဝင်လာရင်တောင် အန်ထုတ်ပစ်တတ်ပါတယ်။
 
 
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာ အန်နေတဲ့အကြောင်းရင်းကိုရှာဖွေကုသဖို့ကြိုးစား တဲ့အခါ    
 
အန်ထွက်လာတဲ့အရာတွေရဲ့အနေအထားနဲ့ အန်ပုံအန်နည်းတွေကိုထည့်သွင်းစဉ်းစားပြီးဆုံးဖြတ်
 
ရလေ့ရှိပါတယ်။
 
 

အန်ထွက်လာတဲ့အရာတွေရဲ့အနေအထားနဲ့ အန်ပုံအန်နည်းတွေအမျိုးမျိုးရှိနိုင်ပါတယ်၊
 
ဉပမာတွေအနေနဲ့ကတော့

 
သွေးအန်ခြင်း
 
သွေးစိမ်းအန်တာနဲ့ကော်ဖီရောင်အန်တာဟာမတူပါဘူးသွေးစိမ်းအန်ခြင်းဟာအစာအိမ်ထဲမှာ
 
သွေးယိုစိမ့်နေတာကြောင့်ဖြစ်ပြီးကော်ဖီရောင်အန်ခြင်းကတော့အူလမ်းကြောင်းအထက်ပိုင်း
 
မှာသွေးယိုစိမ့်နေလို့ဖြစ်ပါတယ်ဒီလိုဖြစ်လာခဲ့ရင်အသက်နဲ့နီးတဲ့အတွက် အနီးကပ်စောင့်ကြည့်
 
ကုသပေးရမယ့်အခြေအနေဖြစ်ပါတယ်။
 
 
ချေချက်ပြီးသောအစာများအန်ခြင်း
 
 
ချေချက်ပြီးသောအစာများအန်ခြင်းဟာအူလမ်းကြောင်းရဲ့တစ်နေရာမှာပိတ်ဆို့နေတာမျိုးဖြစ်နိုင်
 
သလို ကိုယ်တွင်းခေါင်းအမြှေးပေါက်ပြီးဝမ်းဗိုက်ထဲကိုရောဂါပိုးတွေဝင်ရောက်နေ  တာမျိုးလည်း
 
ဖြစ်နိုင်ပါတယ်၊ဒီလိုအခြေအနေဆိုရင်တော့ခွဲစိပ်ကုသမှုလုပ်ဖို့လိုမလို သိရှိနိုင်ဖို့ဓာတ်မှန်ရိုက်ပြီး
 
စစ်ဆေးရမှာဖြစ်ပါတယ်။
 
 
မရပ်မနားထိုးအန်နေခြင်း(Projectile Vomiting)
 
ဗိုက်ထဲကိုအစာမျိုချလိုက်တာနဲ့အစာကိုလက်မခံပဲချက်ချင်းဆိုသလိုမရပ်မနားထိုးအန် နေတာ
 
ဆိုရင်၊အစာအိမ်နဲ့အူလမ်းကြောင်းဆက်တဲ့နေရာမှာ၊လုံးဝပိတ်ဆို့နေတာကြောင့်ဖြစ်နိုင်ပါတယ် 
 
အဲဒီနေရာမှာလမ်းကြောင်းအလွန်ကျဉ်းနေတာမျိုးဖြစ်နိုင်သလိုအကြိတ် အဖုတွေထွက်နေလို့
 
လည်းဖြစ်နိုင်ပါတယ် ၊ တစ်ခါတစ်လေမှာတော့ အစာမကြေနိုင်တဲ့   ပြင်ပပစ္စည်းတစ်ခုခုကို
 
မျိုးချမိတဲ့အတွက်အဲဒီနေရာအရောက်မှာလာပိတ်ဆို့နေလို့လည်း ဖြစ်တတ်ပါတယ်။
 
သွေးအတွင်းသိုင်းရှိုက်ဟိုမုန်းပမာဏများနေခြင်း(Hyperthyroidism)
 
 
သိုင်းရှိုက်ဟိုမုန်းဓာတ်ဟာသွေးထဲမှာရှိသင့်တဲ့ပမာဏထက်ပိုများလာရင်လည်းခဏခဏ အန်တတ်
 
ပါတယ် အထက်မှာဖော်ပြခဲ့တဲ့အချက်တွေထဲကမဖြစ်နိုင်ဘူးလို့ယူဆရတဲ့အခါ သွေးကိုဖောက်
 
ယူပြီး Hyperthyroidism ဖြစ်နေခြင်းရှိမရှိဓာတ်ခွဲခန်းမှာ စစ်ဆေး ကြည့်ရမှာဖြစ်ပါတယ်။
 
 
အချုပ်ဆိုရရင်ကြောင်တွေမှာသာမန်မဟုတ်ပဲအန်နေတဲ့အ‌ခြေအနေတွေကိုကြုံရတဲ့အခါ   
 
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာအန်နေရခြင်းရဲ့အကြောင်းရင်းကို မတွေ့ တွေ့အောင်ရှာဖွေပြီး 
 
ပျောက်ကင်းသက်သာသွားစေဖို့သင့်လျှော်တဲ့ကုထုံးများနဲ့ကုသပေးနိုင်ကြပါကြောင်းတင်ပြလိုက်
 
ပါတယ်။
 
(Zawgyi Version)
 
ကြောင်တွေအန်တတ်တဲ့အကြောင်းရင်းများစွာရှိတဲ့အနက် အများဆုံးဖြစ်တတ်တာကတော့အမွှေးအမျှင် ကဲ့သို့ အစာချေဖို့မလွယ်တဲ့အရာတွေစားမိတဲ့အခါနဲ့ အစာအိမ်ကိုယားယံစေတဲ့အရာတွေကိုစားမိလို့အန် တာက အများဆုံးဖြစ်ပါတယ်
အပြင်းအထန်မဟုတ်ပဲသာမန်လောက်သာအန်နေတာဆိုရင်တော့ ဆေးခန်းပြဖို့မလိုအပ်ပါဘူး
အန်တဲ့အခါ အမြှုတ်ထပြီးအရည်ကြည်သာအန်တာဆိုရင် အစာချေလို့မရတဲ့အရာတစ်ခုခုကိုမျိုချမိခဲ့ လို့ဖြစ်နိုင်ပါတယ်
အဲဒီလိုအန်နေခြင်းဟာ အစာအိမ်ထဲရောက်နေတဲ့အရာကို ပြန်ထွက်သွားအောင် ခန္တာကိုယ်ကသဘာဝ အလျှောက်လုပ်ဆောင်နေတာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး
အစာကိုအမြန်စားတဲ့အခါမျိုးနဲ့ အလွန်အကျွံစားမိတဲ့အခါမျိုးနဲ့ အလောတကြီးအမြန်စားတဲ့အခါမျိုးမှာလည်း အစာအိမ်နံရံကိုဖိအားသက်ရောက်မှုရုတ်တရက်များလာစေတဲ့အတွက် ယာယီအားဖြင့်အန်တတ်ပါတယ်
အစာကျွေးတဲ့အခါ ကြောင်(၂)ကောင်(၃)ကောင်ကိုအစာခွက်တစ်ခုတည်းမှာကျွေးရင် အစာကိုအငမ်းမရ အမြန်လုစားတတ်တဲ့အတွက်တစ်ကောင်ချင်းသီးခြားစီအစာကျွေးသင့်ပါတယ် အစာကျွေးတဲ့အခါမှာလည်း သင့်တော်ရုံသာကျွှေးသင့်ပါတယ်
ကြောင်ကအန်နေရင် ဘာ့ကြောင့်အန်သလဲဆိုတာသိဖို့လိုအပ်သလို အန်တဲ့ပမာဏနဲ့အကြိမ်ရေများလာ တာနဲ့အမျှ ကိုယ်ခန္တာရဲ့အရည်ဓါတ်ဆုံးရှုံးမှုဖြစ်နေတယ်ဆိုတာကို အခြေခံအားဖြင့်သိထားဖို့လိုအပ်ပါတယ်
အန်ခြင်းနဲ့ဝမ်းလျှောခြင်းတွဲဖြစ်နေရင် အရည်ဓါတ်ဆုံးရှုံးမှုဟာ အလွန်မြန်တဲ့အတွက် အသက်အန္တရာယ်ရှိ လာနိုင်တယ်ဆိုတာလည်း  သိထားရပါမယ်
အန်နေတဲ့ကြောင်ကို ပထမ(၁၂)နာရီအကြာအတွင်းမှာ ရေနဲ့အစာနည်းနည်းလေးပဲကျွေးရပါမယ် ရေဆာ လာရင်ရေခဲတုံးလေးကိုလျှက်စေနိုင်ပါတယ်မအန်တော့ရင် ရေကိုနည်းနည်းတိုက်နိုင်ပါတယ် ရေအပြင်ဓါတ်ဆားရည်ကိုနည်းနည်းတိုက်ပေးသင့်ပါတယ် ရေတိုက်လို့ပြန်မအန်တော့ရင်အဆီဓါတ် မပါတဲ့ အစာကို နောက်ထပ်(၁၂)နာရီအထိနည်းနည်းချင်းစကျွေးကြည့်သင့်ပါတယ် အခြေအနေကောင်းလာရင်တော့ပုံမှန်ကျွေးနေကျအတိုင်းကျွေးလို့ရပါတယ်
ဒီလိုပြုစုပေးနေလျှက်နဲ့ (၂၄)နာရီအထိ အန်တာရပ်မသွားရင်တော့ ဘာကြောင့်အန်တာလဲဆိုတာကို စစ်ဆေးဖော်ထုတ်ပြီး လိုအပ်သလိုကုသပေးနိုင်ဖို့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်
အန်တဲ့လက္ခဏာကိုပထမဦးဆုံးပြသတတ်တဲ့ရောဂါတွေကို ဗဟုသုတအဖြစ်တင်ပြလိုက်ပါတယ်
(၁)panleukopenia-ကြောင်ကျောက်ရောဂါ (ကူးစက်တတ်သောဗိုင်းရပ်ရောဂါဖြစ်ပြီးရုတ်တရက်အပြင်းအထန်အန်တတ်သည်)
(၂) infectious disease (ကူးစက်ရောဂါများ)
ဦးနှောက်အမြှေးယောင်ခြင်းကဲ့သို့ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုဖြစ်နေရင် ဒါမှမဟုတ် ဦးနှောက်ထဲမှာ အကြိတ်တည်နေရင်လည်းဦးခေါင်းထဲမှာ ဖိအားအားများလာစေပြီး မရပ်မနား ထိုးအန်တာမျိုးဖြစ်တတ်ပါတယ်
ကြောင်တွေအန်တတ်တဲ့အခြားအခြေအနေတွေကတော့
(၁) Poisons (အဆိပ်မိခြင်း)
(၁) Stomach worm (အစာအိမ်အူလမ်းကြောင်အတွင်းသန်ကောင်ရောဂါစွဲကပ်ခြင်း)
(၂) Tonsillitis (အာသီးယောင်ခြင်း)
(၃) Sore throat (အစာရေမျိုပိုင်းယောင်ခြင်း)
(၄) Inflammatory bowel disease (အူယောင်ရောဂါ)
(၅) Acute metritis (သားအိမ်တွင်းပိုးဝင်ယောင်ယမ်းခြင်း)
(၂) Stomatitis (ခံတွင်းပိုင်းယောင်ခြင်း)
(၃) peritonitis (ကိုယ်တွင်းခေါင်းယောင်ခြင်း)နဲ့
(၄) enteritis (အူယောင်ခြင်း) စတဲ့အခြေအနေမျိုးတွေမှာ
အစာအိမ်ရဲ့အတွင်းနံရံတွေဟာ အထိမခံနိုင်တဲ့အတွက် အစာဝင်လာရင် အန်ထုတ်ပစ်လေ့ရှိပါတယ်
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာ ရောဂါကိုရှာဖွေဖော်ထုတ်ရာမှာ အန်ထွက်လာတဲ့အရာတွေနဲ့  အန်ပုံအန်နည်းကိုထည့်သွင်းစဉ်းစားဆုံးဖြတ်လေ့ရှိပါတယ်
သွေးအန်ခြင်
သွေးစိမ်းအန်တာနဲ့ ကော်ဖီရောင်အန်တာဆိုရင် ခံတွင်းပိုင်းနဲ့အူလမ်းကြောင်းအထက်ပိုင်းမှာ  သွေးယိုစီးမှုရှိနေလို့ဖြစ်ပါတယ် ဒီလိုအခြေအနေမျိုးကြုံရရင် အသက်နဲ့နီးတဲ့အတွက် လိုအပ်တဲ့ကုသ မှုတွေကို အနီးကပ်စောင့်ကြည့်ကုသပေးဖို့လိုအပ်ပါတယ်
ဝမ်းအဖတ်များ(Feces)ပါသောအန်ခြင်း
ခြေချက်ပြီးသားအစာတွေ(ဝမ်း)အန်တာဆိုရင် အူလမ်းကြောင်းတစ်နေရာမှာ ပိတ်ဆို့နေလို့ဖြစ်စေ ကိုယ်တွင်းခေါင်းအမြှေးယောင်နေလို့ဖြစ်စေ ဝမ်းဗိုက်အတွင်းပေါက်ပြဲမှုကြောင့်ပိုးဝင်နေတာမျိုးတွေဖြစ်နိုင် ပါတယ် ဒီလိုအခြေအနေမျိုးကြုံရရင် ဓါတ်မှန်ရိုက်တာကဲ့သိုစစ်ဆေးမှုတွေလုပ်ပြီး လိုအပ်ရင်ခွဲစိပ် ကုသမှုတွေလုပ်ရတတ်ပါတယ်
ဗိုက်ထဲကိုအစာဝင်လိုက်တာနဲ့ အစာကိုလက်မခံပဲ မရပ်မနားထိုးအန်နေရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းမှာ လုံးဝပိတ်ဆို့နေတာကြောင့်ဖြစ်နိုင်ပါတယ်
ပိတ်ဆို့နိုင်တာတွေကတော တစ်ခုခုမျိုချမိတာမျိုး အကြိတ်အဖုဖြစ်နေတာမျိုးနဲ့ အစာအိမ်အူလမ်းကြောင်း ကိုယ်တိုင်က  ကျဉ်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ် အဲဒီလိုအခြေအနေမျိုးမှာ ဓါတ်မှန်ရိုက်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်
သွေးအတွင်းမှာ သိုင်းရွိုက်ဟိုမုန်းပမာဏများပြာနေခြင်း(Hyperthyroidism)ကြောင့်လည်း မရပ်မနားထိုး အန်နေတာမျိုးဖြစ်တတ်ပါတယ် အဲဒီလိုအခြေအနေမျိုးဆိုရင်တော့ သွေးကိုဖောက်ယူပြီး Thyroidism ဖြစ်မဖြစ်စမ်းသပ်ခြင်းပြုလုပ်ရပါတယ်
အန်နေရခြင်းရဲ့အကြောင်းရင်းကို တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကရှာဖွေကုသပေးကြတာဖြစ်ပါတယ်

0 မှတ်ချက်များ to “အန်ခြင်းအကြောင်း(Vomitting)”

Post a Comment