«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Sept 2020

ကြောင်နှာခေါင်းပွရောဂါ (Cryptococcosis)

,
  ဒီရောဂါကတော့ကြောင်တွေရဲ့နှာခေါင်းအတွင်းဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်  

Cryptococcus neoformans လို့ခေါ်တဲ့မှိုရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး 

C. grubii နဲ့ C. gattii ဆိုပြီးရောဂါပိုးအမျိုးအစားနှစ်မျိုးရှိပါတယ် ဒီရောဂါပိုးကိုလေနဲ့

အတူရှုမိလို့ဖြစ်ရတာပါ နှာခေါင်းထဲမှာစတင်ဖြစ်ပွားပြီး တခါတရံနှာခေါင်းထဲကနေ 

ဦးနှောက်ထဲအထိရောက်သွားတတ်တဲ့ရောဂါပိုးဖြစ်ပါတယ် ခုခံအားကျရောဂါနဲ့ 

လူကေးမီးယားရောဂါတွေဖြစ်တဲ့ကြောင်တွေကိုသွေးစစ်ကြည့်တဲ့အခါ ဒီရောဂါပိုးကို

ပူးတွဲပြီးတွေ့ရတတ်တဲ့အတွက် ဂရုပြုသင့်တဲ့ပိုးလည်းဖြစ်ပါတယ် လေနဲ့အတူ  

ဒီရောဂါပိုးကိုရှုမိလို့ နှာခေါင်းထဲကိုရောက်လာရင်နှာစေးပြီးနှာရည်ကျလာတတ်

ပါတယ် မကြာခဏနှာချေနေတာကိုတွေ့ရနိုင်ပါတယ် နှာရည်ကျတာကနှာခေါင်း

တစ်ဖက်တည်းကဖြစ်စေ နှစ်ဖက်လုံးကဖြစ်စေကျနေတတ်ပါတယ် ရောဂါရင့်လာ

ရင်တော့ နှာခေါင်းအတွင်းလှိုဏ်ထဲမှာအဖုအကြိတ်တွေပေါ်လာတတ်ပါတယ်

ရောဂါပိုးဟာမျက်စေ့ထဲကိုရောက်သွားရင်မျက်စေ့အမြင်လွှာနဲ့အတူမျက်စေ့အာရုံကြော

တွေကိုထိခိုက်ပျက်စီး စေတဲ့အတွက် အမြင်အာရုံထိခိုက်လာတတ်ပါတယ် မျက်လုံးဟာ

ပြူးထွက်လာတာမျိုးလည်းဖြစ်တတ်ပါတယ်ရောဂါပိုးကဦးနှောက်ထဲကိုရောက်သွားရင် 

ဟန်ချက်မထိမ်းနိုင်ပဲ လမ်းလျှောက်တဲ့အခါမူမမှန်ပဲပတ်ခြာလည် နေတတ်ပါတယ်  

အနံ့မသိတာမျိုးလည်းဖြစ်လာတတ်ပါတယ် တဖြည်းဖြည်းနဲ့သွေးအားနည်းလာတဲ့

အတွက် မျက်လုံးအတွင်းသားတွေကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ်  

သွေးအားတိုးဆေးတွေဘယ်လောက်ပေးပေး သွေးအားကတက်မလာနိုင်တာကတော့

ဒီရောဂါရဲ့ ထူးခြားချက် တစ်ခုလို့တောင်ပြောနိုင်ပါတယ်၊ဒီရောဂါဖြစ်တာသေချာရင် 

Ketoconazole, Itraconazole, နဲ့ Fluconazole စတဲ့စားဆေးတွေနဲ့ကုသပေးနိုင်ပါ

တယ် ၊ Ketoconazole စားဆေးကတော့ စျေးသက်သာပေမယ့် အစားအသောက်ပျက်

တာ အော့အန်တာ ဝမ်းပျက်ပြီးပိန်ချုံးသွားတာစတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတတ်

တဲ့အပြင် ဆေးတိုက်တာကြာလာရင် မျက်စေ့မှာအတွင်းတိမ်စွဲတာမျိုး ဘေးထွက်

ဆိုးကျိုးတွေဖြစ်လာပါတယ် ဒါကြောင့်မို့ Itraconazole, နဲ့ Fluconazole စားဆေးကို  

တိုက်ကျွေးနိုင်ရင်ပိုကောင်းပါတယ် Fluconazole စားဆေးဟာဦးနှောက်ထဲကိုမြန်မြန်

ရောက်နိုင်တဲ့အားသာချက်ရှိတာကြောင့် ဦးနှောက်ထဲကို ရောဂါပိုးရောက်နေတဲ့အခြေ

အနေမျိုးမှာအသုံးပြုသင့်တဲ့ဆေးဖြစ်ပါတယ်  ဘယ်ဆေးကိုအသုံးပြုသည်ဖြစ်စေ  

ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှုကိုချင့်ချိန်ပြီး ()လလောက်အထိ ရက်မပျက်အောင်ဆေး

တိုက်ဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ ကြောင်နှာခေါင်းပွရောဂါ (Cryptococcosis) ”

Post a Comment