«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jul 2013

ခွေးရူးရောဂါ(Rabies)

,
ခွေးရူးရောဂါဟာ ခွေးတွင်သာမဟုတ်ပဲ ဆွေးနွေးသတ္တဝါအတော်များများမှာ ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုး  ဖြစ်ပါတယ်.. ကြွက်တို့ ရှဉ့်တို့မှာ…ဖြစ်တတ်ပေမယ့် ဖြစ်ပွားခဲလှပါတယ် … အမေရိကန်နိုင်ငံလိုတိုးတက်  ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ … အိမ်မွေးခွေးတွေကို ခွေးရူးကာကွယ် ဆေး အချိန်မှန်ထိုးနှံပြီးမှ မွေးမြူကြတာမို့ …လူကောခွေးကော..ခွေးရူးရောဂါဖြစ်ပွားမှုဟာ သိသိ သာသာလျှော့နည်းကျဆင်းသွားတာကိုတွေ့ရပါတယ် 
ခွေးရူးရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကတော့.. ခွေးရူးရောဂါဗိုင်းရပ်ပိုးဝင်ရောက်လို့ ဖြစ်ပွားရ ခြင်းဖြစ်ပါတယ်…… ဒီရောဂါပိုးဟာ ဖျံ ၊ ဝက်ဝံ ၊ မြေခွး၊တောခွေး စတဲ့တောရိုင်းတိရစ္ဆာန်တွေနဲ့ ပျံသန်းနိုင်တဲ့လင်းနို့ကြွက်တွေမှာသဘာဝအတိုင်း ရှိနေတတ်ပါတယ် …ခွေးရူးရောဂါဖြစ်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့တံတွေးထဲမှာ ခွေးရူးရောဂါဗိုင်းရပ်ပိုးတွေ အမြောက်အများပါရှိနေတာဖြစ်ပါတယ် … အဲဒီတိရစ္ဆာန်က တစ်ခြားတိရစ္ဆာန်တစ်ကောင်ကို ကိုက် လိုက်တဲ့အခါ ပေါက်ပြဲသွားတဲ့နေရာကို ရောဂါပိုးပါတဲ့တံတွေး လူးမိပြီး…ရောဂါပိုးဝင်ရောက်ကူး စက်စေတာဖြစ်ပါတယ်…
 
ခွေးတစ်ကောင်ရဲ့ခန္တာကိုယ်ထဲကို ခွေးရူးရောဂါပိုးစတင်ပြီးဝင်ရောက်လာတဲ့အချိန်ကနေ ရောဂါ လက္ခဏာတွေပြလာတဲ့အထိ(၁)ပါတ်ကနေ(၁)နှစ်အထိကြာနိုင်ပါတယ်…များသောအားဖြင့်တော့
(၂)ပါတ် ကနေ(ဂ)ပါတ်အတွင်းမှာ ခွေး ဟာရောဂါလက္ခဏာတွေပြလာကြတာများပါတယ်…
ခန္တာကိုယ်တွင်းကိုဝင်ရောက်လာတဲ့ ဗိုင်းရပ်ပိုးတွေဟာ…အနီးဆုံးအာရုံကြောဆီကို အရောက် သွားပြီး…အဲဒီအာရုံကြောတလျှောက်ကနေ ဦးနှောက်ရှိရာကို… တဖြည်းဖြည်းချင်း တက်သွားကြ
ပါ တယ် … ဦးနှောက်ရှိရာကိုသွားရတဲ့ခရီးတာ ဝေးလေလေ…ရောဂါလက္ခဏာတွေပြလာဖို့ အချိန်ပိုကြာ လေလေ ဖြစ်ပါတယ်…ဦးနှောက်ထဲကိုရောက်ပြီးရင်…ရက်အတော်ကြာနေပြီးတော့ ပိုးကောင်ရေပွားကြပါတယ် … အဲဒီနောက်…ဦးနှောက်ကနေ ပါးစပ်ရှိရာကိုသွားတဲ့ အာရုံကြော တွေကတစ်ဆင့် ပါးစပ် ရှိရာကိုပြန်ဆင်းလာကြပြန်ပါတယ်…ပါးစပ်ရှိရာကိုရောက်လာတဲ့အခါ သူတို့ဟာ တံတွေးထွက်တဲ့ အကြိတ်(တံတွေး ဂလင်း) တွေထဲကို ဝင်ရောက်နေထိုင်ကြပါတယ်…ဒီအချိန်အထိ အဲဒီခွေးဟာ ဘာရောဂါ လက္ခဏာတွေမှပြသ ခြင်း မရှိသေးပဲ အကောင်းပကတိ ရှိနေဆဲဖြစ်ပါတယ်…ဒါပေမယ့် ဒီကာလအတွင်းမှာ အခြားခွေးကို ဖြစ်စေလူကိုဖြစ်စေ၊အဲဒီခွေးက ကိုက်လိုက်ရင် ခွေးရူးရောဂါကူးစက် ဖြစ်ပွားနိုင်နေပြီဖြစ်ပါတယ် … 
 
တံတွေးအကြိတ်ထဲကို သူတို့ရောက်ပြီးလို့(၁၀)ရက်ကြာတဲ့အချိန်ကျတော့မှသာ လက္ခဏာ တွေ စတင်ပြသလာကြ ပါတယ် … ဒီအချိန်ကျတော့မှ အဲဒီခွေး ရူးနေပြီးဆိုတာကို ပိုင်ရှင်ကသိရှိမှာ ဖြစ်ပါတယ်… သတိပြုရ မှာက … ရောဂါလက္ခဏာတွေ မပြသခင်(၁၀)ရက်ထဲက… ဒီခွေးဟာ
ခွေးရူး ရောဂါကူးစက်စေနိုင်နေပြီ ဆိုတာပါပဲ… ( မှတ်ချက် …အဲဒါကြောင့် ခွေးကိုက်ခံရရင် အဲဒီခွေး ရူးမရူးသိဖို့ (၁၀)ရက်စောင့်ကြည့်ရတာဖြစ်ပါတယ် )
 
ခွေးရူးရောဂါဖြစ်လာရင် ရောဂါလက္ခဏာပုံစံ(၂)မျိုးနဲ့ဖြစ်ပွားပါတယ်၊
 
(၁) ဒေါသကြီးပြီး ရန်လိုတတ်တဲ့ ရောဂါလက္ခဏာပုံစံ (aggressive form )
 
လှုပ်လှုပ်ရှားရှားတွေ့မြင်သမျှကို ဒေါသဖြစ်ပြီးလိုက်ကိုက်နေတာကို တွေ့ရမှာဖြစ်ပါတယ် .. သာမန်မဟုတ်တဲ့ပစ္စည်းတွေ တုတ်တွေ သံချောင်းတွေကိုကိုက်တာမျိုး အကြောင်းမဲ့ပြေးလွှားနေ
တာမျိုးတွေဖြစ်လာတတ်ပါတယ်  ခွေးရဲ့အသံဟာသိသိသာသာပြောင်းလာပြီးပါးစပ်မှာ သွားရည်
တမြားမြားအမြှုတ်တစီစီဖြစ်လာတတ်ပါတယ် ဒီရောဂါအဆင့်ဖြစ်နေတဲ့ခွေးတွေဟာ လှုပ်ရှားမှုကို
မုန်းတီးတဲ့အတွက် သစ်ရွက်ကြွေတစ်ခု မြေကြီးပေါ် မှာ လွင့်နေတာမျိုးနဲ့ ဖြေးဖြေးမောင်းနေတဲ့
ကားရဲ့ဘီးကိုတောင်လိုက်ကိုက်နေတာမျိုးတွေ ဖြစ်တတ်ပါ တယ် …
 
 
(၂)မှိုင်ပြီးငြိမ်နေတတ်တဲ့ ရောဂါလက္ခဏာပုံစံ (dumbform)              
                                
ဒီအဆင့်မှာ ခွေးဟာမှိုင်နေတတ်ပါတယ် … သဘာဝအရ အလိုအလျှောက်လှုပ်ရှား မှုပြုတတ် တဲ့ လှုပ်ရှားမှုတွေရပ်ဆိုင်းကုန်ပါတယ်(ဥပမာ…မျက်စေ့နားကို တစ်ခုခုရုတ်တရက် ရောက်လာတဲ့ အခါ  အလိိုုလိုမျက်တောက်ခပ်တဲ့လှုပ်ရှားမှုမျိုး…မီးအပူနဲ့ ထိမိတဲ့အခါ ရုတ်တရက်အလိုလို ရုန်းတဲ့လှုပ်ရှားမှု မျိုး မရှိတော့တာမျိုးတွေပါ)…ခွေးဟာ..မတ်တပ်ရပ်တဲ့အခါ ခွေယိုင်နေတတ်ပြီး ရှေ့မှာတစ်ခုခုရှိနေရင် လည်း မမြင်သလိုပုံစံမျိုးနဲ့ အတင်းဝင်တိုးနေတတ် ပါတယ် … ဒီရောဂါလက္ခဏာပုံစံပြပြီး နောက်(၂၄) နာရီအတွင်းမှာ သေဆုံးတတ်ပါတယ် …
အထက်ကရောဂါအဆင့်(၂)ခုစလုံးမှာ …ခွေးရဲ့ အောက်မေးရိုးဟာ အောက်ဖက်ကိုတွဲလွဲကျ နေပြီး လျှာရည်ကိုမထိမ်းနိုင်ပဲဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် …
 
( မိမိရဲ့ခွေးဟာ အခြားတိရစ္ဆာန်တစ်ကောင်ရဲ့ကိုက်တာကိုခံရရင် ဘာလုပ်သင့်သလဲ )
အမေရိကန်နိုင်ငံ လူထုကျန်းမာရေးဆိုင်ရာ တိရစ္ဆာန်ရောဂါကုဆရာဝန်များအသင်းရဲ့အကြံပြုချက် တွေကတော့ …
လက်အိတ်စွပ်ပြီး … အကိုက်ခံရလို့ ပေါက်ပြဲသွားတဲ့ဒါဏ်ရာကို ဆပ်ပြာနဲ့ရေပေါပေါသုံးပြီး အကြိမ်ကြိမ်ဆေးကြောပေးရပါမယ်…အပေါက်အပြဲဒါဏ်ရာကိုလိုအပ်သလိုဖြဲသင့်ရင်ဖြဲပြီး ပြောင်စင်အောင်  အကြိမ်ကြိမ်ဆေးကြောရပါမယ်….
အဲဒီဒါဏ်ရာတွေကိုမချုပ်ပစ်ရပါဘူးလက်တွေ့လေ့လာသုတေသနပြုချက်တွေအရ အဲဒီလိုသေသေချာချာပြောင်စင်အောင် ဆေးကြောပစ်ခြင်းကြောင့် ခွေးရူးရောဂါကူးစက်ခံရမှု သိသိသာသာနည်းပါးသွားတယ်လို့ ဆိုပါတယ် …                         
မိမိခွေးဟာ ခွေးရူးကာကွယ်ဆေးထိုးထားပြီးသားဆိုရင်…နောက်ထပ်ခွေးရူးကာကွယ်ဆေး တစ်လုံးကို ချက်ချင်းထပ်ထိုးပေးရပါမယ် … လူတွေမှာအသုံးပြုတဲ့(active diploid cell vaccine ) လို့ခေါ်တဲ့ကာကွယ်ဆေးကိုလည်းထိုးပေးနိုင်ပါတယ်) ပြီးရင်(rabiesimmuneglobulin)လို့ခေါ်တဲ့ ခွေးရူးပိုးကို တိုက်ခိုက်နိုင်တဲ့ဆေးကို ထိုးနှံပေးရပါမယ် … အကိုက်ခံရတဲ့ခွေးကို  ခွေးလှောင်အိမ် ထဲကမထုတ်ပဲ (၄၅)ရက်တိတိ စောင့်ကြည့်သင့်တယ်လို့ဆိုပါတယ် ..
မိမိခွေးဟာ ခွေးရူးကာကွယ်ဆေး မထိုးထားရသေးတဲ့ခွေးဆိုရင်…အဲဒီခွေးကိုလူနဲ့ဖြစ်စေ တစ် ခြားခွေးကြောင်တွေနဲ့ဖြစ်စေ ထိတွေ့တာမျိုးမဖြစ်စေပဲ (၆)လတိတိသီးသန့်ခွဲထားပြီး စောင့်ကြည့်သင့်တယ်လို့ဆိုပါတယ်... ဘာမှထူးခြားမှုမပြရင် အကိုက်ခံရပြီး (၅)လမြောက်တဲ့နေ့ (ခွေးလှောင်အိမ်မှပြန်မလွှတ်မီတစ်လအလို)မှာ သူ့ကိုခွေးရူးကာကွယ်ဆေးတစ်လုံးစတင်ထိုးနှံ ပေးရမှာဖြစ်ပါတယ် ..
 
ခွေးရူးရောဂါနဲ့သေဆုံးတာလို့သံသယဖြင်နေရင် စစ်ဆေးတဲ့အခါ ခွေးရူးရောဂါပိုးဟာ ခွေးရဲ့ ဦးနှောက်နဲ့တံတွေးဂလင်းတွေမှာရှိနေတတ်တဲ့အတွက်…သေသွားတဲ့ခွေးရဲ့ခေါင်းကို ဖြတ်ယူရပါ မယ်…ပြီးရင်ရေခဲတုံးကလေးတွေဝန်းရံထားတဲ့အိတ်ထဲထည့်ပြီး ခွေးရူးရောဂါစစ်ဆေးပေးနိုင်တဲ့ ဓါတ်ခွဲ ခန်းသို့ပို့ကာ … ရောဂါရှာကြည့်နိုင်ပါတယ် …
 
ဒီရောဂါကူးစက်ခံရလို့ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် ပျောက်ကင်းအောင်..ကုသနိုင်တဲ့ ဆေးရယ်လို့ မရှိပါဘူး… ဒါပေမယ့်ရောဂါလက္ခဏာတွေမပြသေးခင်ကြိုတင်ကာကွယ်နိုင်တဲ့ကုထုံး တွေတော့ရှိပါတယ် … အဲဒါတွေကိုအချိန်မီဆောင်ရွက်ဖို့တော့လိုအပ်ပါတယ် 
 
ခွေးရူးရောဂါမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ဖို့အတွက်ခွေးတွေကို အသက်(၃-၆)လ အရွယ်မှာ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး စတင်ထိုးနှံပေးရပါမယ် … ပထမအကြိမ်ထိုးနှံပြီးနောက်(၁)နှစ်မြောက်တဲ့နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံပေးရ ပါမယ် … တတိယအကြိမ်ထိုးနှံမှုမှာကျတော့ အသုံးပြုတဲ့ကာကွယ်ဆေးပေါ်မူတည်ပါတယ်။
တစ်ချို့ကာကွယ်ဆေးတွေက၊နှစ်စဉ်ထိုးနှံပေးရတာဖြစ်ပြီး၊တစ်ချို့ကာကွယ်ဆေးတွေက (၂)နှစ်ခြား  ထိုးနှံပေးရတာဖြစ်ပါတယ်(၃)နှစ်ခြားထိုးနှံပေးရတဲ့ကာကွယ်ဆေးမျိုးလည်းရှိပါတယ်…ထိုးနှံပြီးရင် လည်းတိရစ္ဆာန်ရောဂါကုဆရာဝန်ကလက်မှတ်ရေးထိုးပေးထားတဲ့ဆေးထိုးပြီးကြောင်းလက်မှတ်ကို
သေသေချာချာသိမ်းထားဖို့လိုအပ်ပါတယ် နောင်အခါအကြောင်းတစ်စုံတစ်ရာပေါ်လာရင် အဲဒီလက်မှတ်ကအသုံးဝင်ပါတယ်…
နိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင်၊ခရီးထွက်တဲ့အခါမိမိရဲ့ခွေးကိုပါခေါ်သွားမယ်ဆိုရင်ဆေးထိုး လက်မှတ်ကိုတစ်ပါတည်းယူဆောင်သွားဖို့လိုပါတယ်မိမိသွား ရောက်တဲ့နေရာမှာ တာဝန်ရှိသူက စစ်ဆေးတဲ့အခါအဲဒီလက်မှတ်မပြနိုင်ရင်မိမိရဲ့ခွေးကိုဆက်လက်ခေါ်ဆောင်သွားခွင့်မရှိပါဘူး။
 
( လူထုကျန်းမာရေး )
 
ခွေးရူးရောဂါဖြစ်နေတယ်လို့သံသယရှိတဲ့ ခွေးတွေကြောင်တွေကို လုံးဝထိတွေ့ကိုင်တွယ်ခြင်း မပြုပါနဲ့… သွေးနွေးသတ္တဝါကောင်တစ်ကောင်ရဲ့ကိုက်တာကိုခံရတဲ့အခါ…အဲဒီတိရစ္ဆာန်ဟာ ရူးနေ သည်ဖြစ်စေ  ကောင်းနေသည်ဖြစ်စေ ခွေးရူးရောဂါကူးစက်နိုင်မှုအကြောင်းကို ချက်ချင်းသတိရပါ … အကိုက်ခံထားရတဲ့ဒါဏ်ရာပေါ်မှာပေကျံနေတဲ့ တံတွေးထဲမှာ ခွေးရူးရောဂါပိုးတွေရှိနေတယ် ဆိုတာ သတိပြုရမှာဖြစ်ပါတယ်… …အဲဒီတံတွေးတွေဟာ ကိုယ်မှာရှိတဲ့အနာဒါဏ်ရာ(သို့)ပွန်းပြဲနေတဲ့ နေရာတွေမှာ ထိတွေ့မိတာနဲ့ …ရောဂါကူးစက်လာနိုင် ပါတယ်   အကိုက်ခံရလို့ ပေါက်ပြဲသွားတဲ့ဒါဏ်ရာကို ရေပေါပေါနဲ့(၁၅)မိနစ်လောက်အထိ သေချာ ဆေးကြော သင့်ပါတယ် ဆေးကြောပေးတဲ့အခါမှာ လက်အိတ်စွပ်ပြီးမှ လုပ်သင့်ပါ တယ်.. ဒါဏ်ရာကိုအရက်ပြန်နဲ့သေသေချာချာဆေးကြောသန့်စင်ပြီးပတ်တီးစည်းထားနိုင်ပါတယ် ..အဲဒီနောက်ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်
 
ထိရောက်တဲ့ ရောဂါထိမ်းချုပ်မှုတွေမပြုလုပ်တဲ့အန္ဒိယနိုင်ငံမှာဆိုရင်….ခွေးရူး ရောဂါကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးနေ ကြရတာတွေ့ရပါတယ် …

 
 

ခွေးရူးရောဂါကူးစက်ခံရနိုင်ခြေများတဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဓါတ်ခွဲခန်းဝန်ထမ်း တွေဟာ    ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ် …
  ခွေးကိုက်တာခံရပြီးဆိုရင်….အဲဒီခွေးမှာ ခွေးရူးရောဂါပိုးရှိမရှိသိဖို့အရေးကြီးပါတယ်… ခွေးဟာ သေသွားပြီ ဆိုရင်တော့ ခွေးရဲ့ခေါင်းကိုဖြတ်ယူရပါမယ်  ရေခဲတုံးကလေးတွေဝန်းရံထားတ ဲ့အိတ်ထဲမှာထည့်က   ခွေးရူးရောဂါကိုစစ်ဆေးပေးနိုင်တဲ့ ဓါတ်ခွဲခန်းကိုပို့ပြီး ရောဂါရှာဖွေကြည့်ရ မှာဖြစ်ပါတယ် … အကယ်၍ ရောဂါပိုးတွေ့ရတယ်ဆိုရင် … သင့်ရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် … လိုအပ်တဲ့ ကြိုတင်ကာကွယ်ဆေး (Antirabies Vaccine) ကို မိသားစုဆရာဝန်က ချက်ချင်းထိုးနှံပေးမှာဖြစ်ပါ တယ် … အကိုက်ခံရတဲ့နေရာဟာ ဦးနှောက်နဲ့ ပိုပြီးနီးလေလေ အန ္တရာယ်ပို များလေလေ ဖြစ်ပါတယ် … လိုအပ်ရင် ဆရာဝန်က ခွေးရူးရောဂါပိုးကောင်ရေလျှော့ကျသွားအောင်… ခွေးရူးရောဂါပိုးတွေကို သတ်နိုင်တဲ့ခုခံဓါတ်တွေပါတဲ့ (Antirabies Serum)လို့ခေါ်တဲ့သွေးရည်ကြည်ဆေးကိုအကြော ကနေ သွင်းပေးပါလိမ့်မယ် …               
ခွေးကောင်းကိုက်တာခံရရင်တောင်မှ ခွေးကိုမသတ်ပစ်ပဲ လုံခြုံတဲ့အခန်းထဲမှာထည့်ထားပြီး တော့ အဲဒီခွေးကို(၁၀)ရက်စောင့်ကြည့်သင့်ပါတယ်ခွေးရူးရောဂါလက္ခဏာတွေပြသလာတာတွေ့ရရင်.. အထက် မှာဖော်ပြခဲ့သလိုပဲမိသားစုဆရာဝန်နဲ့
တိုင်ပင်ပြီးဆောင်ရွက်သင့်တာတွေကိုဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ် …

         ထပ်မံဖတ်ရှုလိုလျှင် လင့်ကိုနှိပ်ပါ  ==»»  Link

 


 Zawgyi 
 
(((ခွေးရူးရောzဂါ ဆိုတာ )))
ခွေးတွင်သာမဟုတ်ပဲ ဆွေးနွေးသတ္တ၀ါအတော်များများမှာ ကူးစက်ဖြစ်ပွားနိုင်တဲ့ရောဂါတစ်မျိုး  ဖြစ်ပါတယ်.. ကြွက်တို့ ရှဥ့်တို့မှာ…ဖြစ်တတ်ပေမယ့် ဖြစ်ပွားခဲလှပါတယ် … အမေရိကန်နိုင်ငံလိုတိုးတက်  ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ … အိမ်မွေးခွေးတွေကို ခွေးရူးကာကွယ်ဆေး အချိန်မှန်ထိုးနှံပြီးမှ မွေးမြူကြ တာမို့ …လူကောခွေးကော..ခွေးရူးရောဂါဖြစ်ပွားမှု သိသိသာသာလျှော့နည်းကျဆင်းသွားတာကိုတွေ့ရပါတယ်
.. ခွေးရူးရောဂါဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်…… ဒီရောဂါပိုးဟာ ဖျံ ၊ ၀က်ဝံ ၊ မြေခွး တောခွေး စတဲ့တောရိုင်းတိရစ္ဆာန်တွေနဲ့ ပျံသန်းနိုင်တဲ့လင်းနို့ကြွက်တွေမှာသဘာဝအတိုင်း ရှိနေတတ်ပါတယ် … 
((( ကူးစက်ပုံ )))
((( ရောဂါ၏ဖြစ်စဉ်အဆင့်ဆင့် )))
((( ရောဂါလက္ခဏာများ )))
ခွေးတွေမှာဖြစ်ပွားတဲ့ ရောဂါလက္ခဏာပုံစံ(၂)မျိုးရှိပါတယ်
ဒီအဆင့်မှာ ခွေးဟာမှိုင်နေတတ်ပါတယ် … သဘာဝအရ အလိုအလျှောက်လှုပ်ရှား မှုပြုတတ် တဲ့ လှုပ်ရှားမှုတွေရပ်ဆိုင်းကုန်ပါတယ်(ဥပမာ…မျက်စေ့နားကို တစ်ခုခုရုတ်တရက်ရောက်လာတဲ့ အခါ  အလိုလိုမျက်တောက်ခပ်တဲ့လှုပ်ရှားမှုမျိုး…မီးအပူနဲ့ ထိမိတဲ့အခါ ရုတ်တရက်အလိုလို ရုန်းတဲ့လှုပ်ရှားမှု မျိုး မရှိတော့တာမျိုးတွေပါ)…ခွေးဟာ..မတ်တပ်ရပ်တဲ့အခါ ခွေယိုင်နေတတ်ပြီး ရှေ့မှာတစ်ခုခုရှိနေရင် လည်း မမြင်သလိုပုံစံမျိုးနဲ့ အတင်းဝင်တိုးနေတတ်ပါတယ် … ဒီရောဂါလက္ခဏာပုံစံပြပြီး နောက်(၂၄) နာရီအတွင်းမှာ သေဆုံးတတ်ပါတယ် …
မိမိခွေးဟာ ခွေးရူးကာကွယ်ဆေးထိုးထားပြီးသားဆိုရင်…နောက်ထပ်ခွေးရူးကာကွယ်ဆေး   တစ်လုံးကို ချက်ချင်းထပ်ထိုးပေးရပါမယ် …(လူတွေမှာလည်းအသုံးပြုတဲ့ (active diploid cell vaccine ) လို့ခေါ်တဲ့ကာကွယ်ဆေးကိုထိုးပေးသင့်ပါတယ်) ပြီးရင်(rabiesimmuneglobulin)လို့ခေါ်တဲ့ ခွေးရူးပိုးကို တိုက်ခိုက်နိုင်တဲ့ဆေးကိုထိုးနှံပေးရပါမယ် … အကိုက်ခံရတဲ့ခွေးကို  ခွေးလှောင် အိမ်ထဲကမထုတ်ပဲ (၄၅)ရက်တိတိ စောင့်ကြည့်သင့် တယ်လို့ဆိုပါတယ် ..
 ((( ရောဂါရှာဖွေခြင်း )))
ရောဂါပိုးဟာ ခွေးရဲ့ဦးနှောက်နဲ့တံတွေးဂလင်းတွေမှာရှိနေတတ်တဲ့အတွက်…ခွေးရဲ့ခေါင်းကို ဖြတ်ယူ ရပါမယ်…ပြီးရင်ရေခဲတုံးကလေးတွေဝန်းရံထားတဲ့အိတ်ထဲထည့်ပြီး ခွေးရူးရောဂါစစ်ဆေးပေး နိုင်တဲ့ဓါတ်ခွဲ ခန်းသို့ပို့ကာ … ရောဂါရှာကြည့်ရမှာဖြစ်ပါတယ် …
((( ကုသခြင်း )))
((( ကြိုတင်ကာကွယ်ခြင်း )))
ခွေးတွေကို အသက်(၃-၆)လ အရွယ်မှာ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး စတင်ထိုးနှံပေး ရ ပါမယ် … ပထမအကြိမ်ထိုးနှံပြီးနောက်(၁)နှစ်မြောက်တဲ့နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံပေးရပါမယ် … တတိယအကြိမ်ထိုးနှံမှုမှာကျတော့ အသုံးပြုတဲ့ကာကွယ်ဆေးပေါ်မူတည်ပါတယ် တစ်ချို့ကာကွယ်ဆေးတွေက နှစ်စဉ်ထိုးနှံပေးရတာဖြစ်ပြီး…တစ်ချို့ကာကွယ်ဆေးတွေက(၂)နှစ်ခြား  ထိုးနှံပေးရတာဖြစ်ပါတယ် …(၃)နှစ်ခြားထိုးနှံပေးရတဲ့ကာကွယ်ဆေးမျိုးလည်းရှိပါတယ် … ထိုးနှံပြီးရင် လည်းတိရစ္ဆာန်ရောဂါကုဆရာဝန်ကလက်မှတ်ရေးထိုးပေးထားတဲ့ ဆေးထိုးပြီးကြောင်းလက်မှတ်ကို သေသေ ချာချာ သိမ်းထားဖို့လိုအပ်ပါတယ်…နောင်အခါ အကြောင်းတစ်စုံတစ်ရာပေါ်လာရင် အဲဒီ လက်မှတ်က အသုံးဝင်ပါတယ်…နိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင်…ခရီးထွက်တဲ့အခါမိမိရဲ့ခွေးကိုပါ ခေါ်သွားမယ်ဆိုရင် …ဆေးထိုးလက်မှတ်ကို တစ်ပါတည်းယူဆောင်သွားဖို့လိုပါတယ် … ကိုယ်သွား ရောက်တဲ့နေရာမှာ တာဝန်ရှိသူကစစ်ဆေးတဲ့အခါအဲဒီလက်မှတ်မပြနိုင်ရင်…မိမိရဲ့ခွေးကိုဆက်လက်ယူဆောင်သွားခွင့်မရှိပါဘူး …
((( လူထုကျန်းမာရေး )))
ခွေးရူးရောဂါဖြစ်နေတယ်လို့သံသယရှိတဲ့ ခွေးတွေကြောင်တွေကို လုံးဝထိတွေ့ကိုင်တွယ်ခြင်း မပြုပါနဲ့… သွေးနွေးသတ္တ၀ါကောင်တစ်ကောင်ရဲ့ကိုက်တာကိုခံရတဲ့အခါ…အဲဒီတိရစ္ဆာန်ဟာ ရူးနေ သည်ဖြစ်စေ  ကောင်းနေသည်ဖြစ်စေ ခွေးရူးရောဂါကူးစက်နိုင်မှုအကြောင်းကို ချက်ချင်းသတိရပါ … အကိုက်ခံထားရတဲ့ဒါဏ်ရာပေါ်မှာပေကျံနေတဲ့ တံတွေးထဲမှာ ခွေးရူးရောဂါပိုးတွေရှိနေတယ် ဆိုတာ သတိပြုရမှာဖြစ်ပါတယ်… …အဲဒီတံတွေးတွေဟာ ကိုယ်မှာရှိတဲ့အနာဒါဏ်ရာ(သို့)ပွန်းပြဲနေတဲ့ နေရာတွေမှာ ထိတွေ့မိတာနဲ့ …ရောဂါကူးလာနိုင်ပါတယ်   အကိုက်ခံရလို့ ပေါက်ပြဲသွားတဲ့ဒါဏ်ရာကို ရေပေါပေါနဲ့(၁၅)မိနစ်လောက်အထိဆေးကြောသင့်ပါတယ် ဆေးကြောပေးတဲ့အခါမှာ လက်အိတ်စွပ်ပြီးမှ လုပ်သင့်ပါ တယ်.. ဒါဏ်ရာကိုအရက်ပြန်နဲ့သေသေချာချာဆေးကြောသန့်စင်ပြီးပတ်တီးစည်းထားနိုင်ပါတယ် ..အဲဒီနောက်ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်
ထိရောက်တဲ ရောဂါထိမ်းချုပ်မှုတွေမပြုလုပ်တဲ့အန္ဒိယနိုင်ငံမှာဆိုရင်….ခွေးရူး ရောဂါကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးနေ ကြရတာတွေ့ရပါတယ် …
 
 
  ခွေးကိုက်တာခံရပြီးဆိုရင်….အဲဒီခွေးမှာ ခွေးရူးရောဂါပိုးရှိမရှိသိဖို့အရေးကြီးပါတယ်… ခွေးဟာ သေသွားပြီ ဆိုရင်တော့ ခွေးရဲ့ခေါင်းကိုဖြတ်ယူရပါမယ်  ရေခဲတုံးကလေးတွေဝန်းရံထားတဲ့အိတ်ထဲမှာထည့်က   ခွေးရူးရောဂါကိုစစ်ဆေးပေးနိုင်တဲ့ ဓါတ်ခွဲခန်းကိုပို့ပြီး ရောဂါရှာကြည့်ရမှာဖြစ်ပါတယ် … အကယ်၍ ရောဂါပိုးတွေ့ရတယ်ဆိုရင် … သင့်ရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် … လိုအပ်တဲ့ ကြိုတင်ကာကွယ်ဆေး (Antirabies Vaccine) ကို မိသားစုဆရာဝန်က ချက်ချင်းထိုးနှံပေးမှာဖြစ်ပါ တယ် … အကိုက်ခံရတဲ့နေရာဟာ ဦးနှောက်နဲ့ ပိုပြီးနီးလေလေ အန္တရာယ်ပို များလေလေ ဖြစ်ပါတယ် … လိုအပ်ရင် ဆရာဝန်က ခွေးရူးရောဂါပိုးကောင်ရေလျှော့ကျသွားအောင်… ခွေးရူးရောဂါပိုးတွေကို သတ်နိုင်တဲ့ခုခံဓါတ်တွေပါတဲ့ (Antirabies Serum) လို့ခေါ်တဲ့သွေးရည်ကြည်ဆေးကို အကြောကနေ သွင်းပေးပါလိမ့်မယ် …                

0 မှတ်ချက်များ to “ ခွေးရူးရောဂါ(Rabies)”

Post a Comment