(Unicode
Version)
ခန္တာကိုယ်မှာရှိတဲ့ကြွက်သားမျှင်တွေယောင်ယမ်းတာကို
Myositis လို့ခေါ်ပါတယ်Myositisဖြစ်လာ
ရတာက ရောဂါပိုးတွေကြောင့်ဖြစ်တတ်သလိုခုခံအားစနစ်ဖောက်ပြန်မှုကြောင့်လည်းဖြစ်လာတတ်
ပါတယ်
ဒီနေရာမှာသတိပြုသင့်တာကတော့ခုခံအားစနစ်ဟာ
အကြောင်းမဲ့ဖောက်ပြန်လေ့မရှီပဲ ရောဂါပိုး
တစ်မျိုးမျိုး ဝင်ရောက်လာမှသာဖောက်ပြန်လေ့ရှိတယ်ဆိုတာပါပဲ
ရောဂါပိုးတွေကြောင့်ကြွက်သားမျှင်တွေယောင်ယမ်းတာက(၂)မျိုးရှိပါတယ်
(၁)
နေရာအလိုက်ကွက်ပြီးယောင်ယမ်းခြင်းနဲ့
(၂)
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းခြင်းတို့ဖြစ်ပါတယ်
နေရာအလိုက်ကွက်ပြီးယောင်ယမ်းလာမှုကတော့
ထိခိုက်ရှနာတွေကနေ ရောဂါပိုးတွေဝင်ရောက်
လာတဲ့အတွက် ၊ အဲဒီအနီးအနားကကြွက်သားမျှင်တွေယောင်ယမ်းလာတာဖြစ်ပါတယ်။
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းလာတာကတော့
ခန္တာကိုယ်ထဲကို ရောဂါဖြစ်စေတဲ့
ဘက်တီးရီးယားပိုးတွေဝင်ရောက်နေခြင်းကြောင့်ဖြစ်လာတာက
များပါတယ် ၊ ကြောင်တွေမှာ
ဖြစ်ပွားတတ်တဲ့
- Feline immunodeficiency virus
infection
- Clostridial and Spirochetal
infections Hepatozoonosis
- Toxoplasmosis နဲ့
- Neosporosis စတဲ့ရောဂါတွေမှာ
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေ ယောင်ယမ်းမှုကိုတွေ့ရ
လေ့ရှိပါတယ်။
ကြောင်တွေမှာ
ကြွက်သားမျှင်တွေယောင်ယမ်းလာတဲ့အခါ နာကျင်ကိုက်ခဲမှုကိုခံစားရလေ့မရှိပဲ
ခွေးတွေမှာဆိုရင်တော့
Neosporosis ရောဂါကလွဲရင် နာကျင်ကိုက်ခဲမှုဒါဏ်ကိုခံစားရလေ့ရှိပါ
တယ်
ခွေးတွေမှာတစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းလာတတ်တဲ့ရောဂါတွေကတော့
Neosporosis
Leptospirosis နဲ့
Hepatozoonosis (သို႔) Toxoplasmosis စတဲ့ရောဂါတွေဖြစ်ပါတယ်
ရောဂါကြောင့်ကြွက်သားမျှင်တွေယောင်ယမ်းမှုရှိမရှိသိချင်ရင်တော့
သွေးကိုဖောက်ယူပြီး
သွေးရည်ကြည်ထဲမှာပါဝင်နေတဲ့ Creatine
kinase [CK]လို့ခေါ်တဲ့အင်ဇိုင်းဓာတ်ကိုစစ်ဆေးကြည့်
ရမှာဖြစ်ပါတယ် Creatine
kinase [CK] ဓာတ်ဆိုတာကတော့ကြွက်သားမျှင်တွေထဲမှာရှိနေတဲ့
အင်ဇိုင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။
စစ်ဆေးချက်အဖြေအရ
သွေးရည်ကြည်ထဲမှာ Creatine
kinase [CK] အင်ဇိုင်းဓာတ်ပါဝင်မှုများ
နေရင်တော့
ကြွက်သားမျှင်တွေယောင်ယမ်းနေပြီလို့ပြောနိုင်ပါတယ်၊ တစ်ကိုယ်လုံးကကြွက်သား
မျှင်တွေယောင်ယမ်းနေရင်ကြွက်သားတွေအားနည်းလာတဲ့အတွက်ကောင်းကောင်းလမ်းမလျှောက်
နိုင်တော့ပဲ ခွေယိုင်လာတတ်ပြီး
ပါးစပ်ကိုကောင်းကောင်းမဟနိုင်တော့တဲ့အပြင် အစာကိုမျိုချဖို့
ခက်လာတဲ့အတွက်အသံဝင်သလိုဖြစ်လာ တာကိုတွေ့ရတတ်ပါတယ်
အသံထွက်ရင်လည်း
ကွဲအက်အက်အသံမျိုးဖြစ်နေတတ်ပါတယ် အခြေအနေပိုမိုဆိုးရွားလာတဲ့အခါ
လေဖြတ်သလို
မျိုးခြေထောက်တွေက တရွတ်ဆွဲလာတတ်ပါတယ်၊ ဒီလိုအခြေအနေမျိုးကို
ပျောက်ကင်းသက်သာ
သွားအောင်ကုသနိုင်ဖို့ဆိုတာကတော့
ဖြစ်လာရခြင်းရဲ့ အကြောင်းရင်းကိုတိတိကျကျ ရှာဖွေနိုင်
ဖို့လိုအပ်ပါတယ်။
Zawgyi
ကြွက်သားမျှင်တွေယောင်ရမ်းတာကို MYOSITIS လို့ခေါ်ပါတယ် ၊ ရောဂါပိုးတွေကြောင့်
ဖြစ်တတ်သလို ရောဂါပိုးတွေကြောင့်မဟုတ်ပဲ ကိုယ်ခံအားစနစ်ဖောက်ပြန်မှုကြောင့်လည်းဖြစ်တတ်ပါတယ် ၊ဒါပေမယ့်ကိုယ်ခံအားစနစ်ကလည်းအကြောင်းမဲ့ဖောက်ပြန်တာမဟုတ်ပဲရောဂါပိုးတစ်ခုခုဝင်ရောက်လာမှ သာဖောက်ပြန်လေ့ပါတယ်။ ရောဂါပိုးတွေကြောင့်ကြွက်သားမျှင်တွေယောင်ရမ်းတာက နှစ်မျိုးရှိပါတယ်
(၁)နေရာအလိုက်ကွက်ပြီး ကြွက်သားမျှင်တွေယောင်ရမ်းတာနဲ့
(၂)တစ်ကိုယ်လုံးက ကြွက်သားမျှင်တွေယောင်ရမ်းတာဖြစ်ပါတယ်
နေရာအလိုက်ကွက်ပြီးကြွက်သားမျှင်တွေယောင်ရမ်းတာကတော့ထိခိုက်ရှနာတွေကနေရောဂါပိုးဝင်ရောက် ပြီး အနီးအနားကကြွက်သားမျှင်တွေယောင်ရမ်းတာဖြစ်ပါတယ်
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ရမ်းတာက ဘက်တီရီးယားရောဂါပိုးတွေကြောင့်ဖြစ်ရတာများပါ တယ်
ကြောင်တွေမှာဖြစ်ပွားတဲ့
- Toxoplasmosis နဲ့
- Neosporosis ရောဂါတွေမှာ တစ်ကိုယ်လုံးက ကြွက်သားမျှင်တွေ ယောင်ရမ်းတာ မျိုးတွေ့ရတတ်
ပါတယ်။
ကြောင်တွေမှာကြွက်သားမျှင်တွေယောင်ရမ်းတဲ့အခါနာကျင်ကိုက်ခဲမှုသိပ်မရှိတတ်ပေမယ့်ခွေးတွေမှာတော့
Neosporosis ရောဂါကလွဲရင် နာကျင်ကိုက်ခဲတတ်ပါတယ်
ခွေးတွေမှာ တစ်ကိုယ်လုံးက ကြွက်သားမျှင်တွေယောင်ရမ်းလာတတ်တဲ့ရောဂါတွေ ကတော့
Neosporosis
Leptospirosis နဲ့
Hepatozoonosis (သို့) Toxoplasmosis လို့ခေါ်တဲ့ရောဂါတို့ဖြစ်ပါတယ်
ကြွက်သားမျှင်တွေယောင်ရမ်းမှုရှိမရှိသိချင်ရင်တော့ သွေးဖောက်ယူပြီးဓါတ်ခွဲခန်းမှာ
စစ်ဆေးကြည့်ရပါတယ်
သူ့ရဲ့သွေးရည်ကြည်ထဲမှာ Creatine kinase [CK] ဓါတ်ပါဝင်မှုများနေရင် ကြွက်သားမျှင်တွေ
ယောင်ရမ်းနေပြီလို့ပြောနိုင်ပါတယ်
Creatine kinase [CK] ဆိုတာကကြွက်သားတွေထဲမှာရှိနေတတ်တဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်
Aspartate aminotransferase ဓါတ်ပါဝင်မှုများနေရင်လည်း ကြွက်သားမျှင်တွေယောင်ရမ်းနေတယ် လို့ပြောနိုင်ပါတယ်။
တစ်ကိုယ်လုံးက ကြွက်သားမျှင်တွေယောင်ရမ်းလာရင် ကြွက်သားတွေအားနည်းလာပြီးခွေယိုင်လာတတ် ပါတယ်၊အစာကိုမျိုချတဲ့အခါအခက်အခဲဖြစ်လာတတ်တဲ့အပြင်အသံဝင်သလိုကွဲအက်အက်အသံပြောင်းသွား တတ်ပါတယ် ၊ ပါးစပ်ကိုကောင်းကောင်းမဟနိုင်လည်းဖြစ်လာပါမယ် ၊ အခြေအနေဆိုးလာရင်တော့ လေဖြတ်သလို ခြေတရွတ်ဆွဲလာတတ်ပါတယ်။
ဒီအခြေအနေကိုကုသဖို့ဆိုတာကတော့ ဖြစ်နေတဲ့ရောဂါကို တိတိကျကျရှာဖွေ ကုသနိုင်ဖို့ လို့အပ်ပါတယ်။