«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Feb 2019

ကွင်းမှိုစွဲကပ်ခြင်း (Ringworms in dogs)

,
Unicode
 
 
ကွင်းမှိုစွဲကပ်ခြင်းလို့ခေါ်ကြပေမယ့် ဒီရောဂါဟာသန်ကောင်တွေကြောင့်ဖြစ်တဲ့ရောဂါမဟုတ်ပဲ 
 
Microsporum canis လို့ခေါ်တဲ့မှိုတွေကြောင့် အဝိုင်းလိုက်ကွက်ပြီးအမွှေးကျွတ်တာတွေ ဖြစ်လာရ 
 
ခြင်းဖြစ်ပါတယ်
 
 
ဒီမှိုတွေဟာအမွှေးအမျှင်တွေရဲ့အမြစ်တွေကကိုထိခိုက်ပျက်စီးစေတာကြောင့်အမွှေးတွေကျွတ်သွား
 
ရတာဖြစ်ပါတယ်
 
 
အမွှေးကျွတ်တဲ့ပုံစံက ဘေးဖက်ကို အဝိုင်းလိုက်တဖြည်းဖြည်းကျယ်ပြန့်သွားတတ်တာကိုအစွဲပြုပြီး
 
ဖြစ်ပွားစေတဲ့မှိုကို အရပ်စကားနဲ့ Ringworm လို့ခေါ်ကြတာဖြစ်ပါတယ်
 
 
အမွှေးကျွတ်ကွက်တွေရုဲအောက်ကအရေပြားဟာ အဖတ်လိုက်ကွာထွက်ချိန်မှာ အသားနုပေါ်လာ 
 
ပါတယ်၊ အဲဒီအချိန်မှာအခြားရောဂါပိုးတွေနောက်ထပ်ဝင်သွားရင်တော့ပြည်တည်နာတွေ ဖြစ်လာ 
 
ပါတယ်၊ အဲဒီအချိန်မှာခွေးကလျှာနဲ့လျက်ရင် လျှာရည်ထိပြီးအနာတွေကပိုဆိုးလာတတ်ပါတယ်

မျက်နှာပိုင်းတွင် Ringworm စွဲကပ်နေသောခွေး
 
ဒီလိုကူးစက်ပြီးအမွှေးကျွတ်တာဟာ ခွေးပေါက်စလေးတွေနဲ့(၈)လသားအရွယ်လောက်ခွေးတွေမှာ 
 
အဖြစ်များပြီး နားရွက် မျက်နှာ အမြီးနေရာတွေနဲ့ ခြေဖဝါး နေရာတွေမှာအများဆုံးဖြစ်တတ်တာ
 
တွေ့ရပါတယ်ဒီမှိုတွေဟာခြေသည်းလက်သည်းတွေထဲကိုလည်းဖောက်ဝင်စွဲကပ်ပြီးခြောက်သွေ့လာ
 
တာတို့ခြေသည်းလက်သည်းတွေအက်ကွဲလာတာတို့ပုံပျက်လာတာတို့လည်းဖြစ်တတ်ပါသေးတယ်
 
 
Microsporum canis မှိုမျိုးစေ့လေးတွေဟာရောဂါရှိနေတဲ့ခွေးရဲ့အမွေးအမျှင်တွေပေါ်မှာရှိနေတတ်
 
တဲ့အပြင် တိရစ္ဆာန်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဝက်မှင်ဘီးတို့ ဘရပ်တို့မှာလည်းကပ်ညိပြီး
 
ရှိနေတတ်ပါတယ် အောက်ကိုပြုတ်ကျတဲ့အခါကော်ဇောတို့ မြေကြီးပေါ်မှာလည်းပြန့်နှံ့နေတတ်
 
ပါတယ်

 
ဒီရောဂါပိုးဟာ ခွေးနဲ့လူအပြန်အလှန်ကူးစက်နိုင်ပါတယ် အထူးသဖြင့်ကလေးတွေကိုကူးစက်တတ်
 
ပါတယ်၊ခွေးတွေမှာကွင်းမှိုရောဂါရလာရင်အရေပြားပေါ်မှာအထက်ကဖော်ပြခဲ့တဲ့လက္ခဏာမျိုးတွေ 
 
ပဲဖြစ်တယ်လို့ပုံသေမပြောနိုင်ပါဘူး ဒီမှိုတွေဟာ အခြားဘက်တီးရီးယားပိုးတွေနဲ့ ပူးပေါင်းပြီး 
 
အရေပြားရောဂါလိုရှုပ်ထွေးတဲ့လက္ခဏာမျိုးစုံကိုပြသတတ်တဲ့အတွက်ခွေးရဲ့အရေပြားမှာရောဂါတွေ
 
ဖြစ်လာရင် Microsporum canis ကြောင့်ဟုတ်မဟုတ် ကွဲကွဲပြားပြားသိအောင် ဆေးစစ်မှုကို မဖြစ်
 
မနေလုပ်ဖို့ပညာရှင်အများစုကအကြံပြုကြပါတယ်

နှာခေါင်းဘေးတွင် Ringworm စွဲကပ်နေသောခွေး

 
ဒီရောဂါစွဲကပ်နေတဲ့ခွေးရဲ့အမွှေးအမျှင်တွေကိုခရမ်းလွန်ရောင်ခြည်နဲ့ထိုးကြည့်ရင်များသောအာ;ဖြင့်
 
အစိမ်းရောင်အလင်းပြန်လာတာကိုတွေ့ရတတ်ပါတယ် ဒါကလည်းပုံသေတိတိကျကျပြောလို့ရတဲ့
 
စမ်းသပ်နည်မဟုတ်တော့ရောဂါကိုအကြိုခန့်မှန်းဖို့လောက်ပဲအသုံးပြုလေ့ရှိကြပါတယ်တိတိကျကျ
 
သိနိုင်ဖို့အတွက်ဆိုရင်တော့ ပိုးပျိုးကြည့်တဲ့နည်းသာလျှင်စိတ်အချရဆုံးစမ်းသပ်နည်းဖြစ်ပါတယ်

 
ခွေးရဲ့ခန္တာကိုယ်ပေါ်ကရောဂါလက္ခဏာပြနေတဲ့အကွက်လေးတွေထဲမှာပေါက်နေတဲ့အမွှေးတစ်ချို့
 
ကိုနှုတ်ယူပြီး မှိုအတွက်အထူးပြုလုပ်ထားတဲ့ အဟာရပြင်ပေါ်မှာတင်ပြီး ပိုးမွေးမြူရပါတယ်
 
 
(၂)ပါတ်လောက်အကြာမှာမှိုတွေပွားများလာပုံကိုကြည့်ပြီး Microsporum canis မှို ဟုတ်မဟုတ် 
 
အဖြေထုတ်လေ့ရှိကြပါတယ်<မှိုစွဲတဲ့အကွက်(၁-၂)ကွက်လောက်ပဲဖြစ်တာဆိုရင်တော့ ၂%ပြင်းအား
 
ရှိတဲ့ miconazole ညှစ်ဆေးကို တစ်နေ့(၂)ကြိမ်နှုန်းနဲ့မပျောက်မချင်းလူးပေးရပါမယ်။
 
 
များသောအားဖြင့်(၁)လကျော်ကျော်လောက်အချိန်အတွင်းမှာပျောက်ကင်းသက်သာသွားလေ့ရှိ
 
ပါတယ်၊မှိုစွဲတဲ့အကွက်တွေကနည်းနည်းများရင်တော့အမွှေးတွေကိုရိပ်ပစ်ပြီးအထက်မှာဖော်ပြခဲ့တဲ့
 
ညှစ်ဆေးအပြင် miconazole ပါတဲ့ရှန်ပူဖြစ်စေ ringworm အတွက်သုံးရတဲ့အခြားရှန်ပူတစ်မျိုးနဲ့
 
ဖြစ်စေ ရေးချိုးပေးတာကိုပါပူးတွဲဆောင်ရွက်ပေးသင့်ပါတယ်
 
 
အခြေအနေအရမ်းဆိုးနေရင် Griseofulvin Ketoconazole နဲ့ itraconazole စတဲ့လိမ်းဆေး 
 
စားဆေးတွေနဲ့ပူ;တွဲကုသပေးနိုင်ပါတယ်

  ဝမ်းဗိုက်ပိုင်းတွင် Ringworm စွဲကပ်နေသောခွေး

 
ဒီရောဂါကိုမှိုသတ်ဆေးတွေနဲ့ကုသတဲ့အခါရောဂါအခြေအနေသိပ်မဆိုးရင်(၂-၃)လလောက်အတွင်း
 
မှာတဖြည်းဖြည်းပြန်လည်သက်သာသွားပေမယ့်လူအပါအဝင်အခြားခွေးတွေကိုဆက်လက်ကူးစက် 
 
စေဖို့ကတော့ရောဂါလက္ခဏာတွေပျောက်ကင်းချိန်ကနေ(၂)ပါတ်အထိ(အမြစ်ပြတ်သည်အထိ)
 
 ဆက်လက်ကုသဖို့အပြင် မှိုမျိုးစေ့တွေခိုအောင်နေနိုင်တဲ့အခင်းတွေနဲ့ ကောဇောတွေကို 
 
တစ်ပတ်တစ်ကြိမ်လောက် ဖုန်စုပ်စက်နဲ့သန့်ရှင်းရေးလုပ်ပြီး အရောင်ချွတ်ဆေးမှုန့်ဖျော်ရည်နဲ့ 
 
ပက်ဖျန်းပေးဖို့အရေးကြီးပါကြောင်းတင်ပြအပ်ပါတယ်။
 
 
Zawgyi
 
 
Ringworm လို႔ေခၚၾကေပမယ့္ ဒီေရာဂါဟာသန္ေကာင္ေတြေၾကာင့္ျဖစ္တဲ့ေရာဂါမဟုတ္ပဲ Microsporum canis လို႔ေခၚတဲ့မိႈေတြေၾကာင့္ အဝိုင္းလိုက္ကြက္ၿပီးအေမႊးက်ြတ္တာေတြျဖစ္လာရျခင္းျဖစ္ပါတယ္ ဒီမိႈေတြဟာအေမႊးအမ်ွင္ေတြရဲ႕အျမစ္ေတြကကိုထိခိုက္ပ်က္စီးေစတာေၾကာင့္အေမႊးေတြက်ြတ္သြားရတာျဖစ္ပါတယ္
အေမႊးက်ြတ္တဲ့ပံုစံက ေဘးဖက္ကို အဝိုင္းလိုက္တျဖည္းျဖည္းက်ယ္ျပန္႔သြားတတ္တာကိုအစြဲျပဳၿပီး ျဖစ္ပြားေစတဲ့မိႈကို အရပ္စကားနဲ႔ Ringworm လို႔ေခၚၾကတာျဖစ္ပါတယ္ အေမႊးက်ြတ္ကြက္ေတြအတြင္းကအေရျပားဟာအဖတိလိုက္ကြာထြက္ခ်ိန္မွာအသားႏုေပၚလာပါတယ္ အဲဒီအခ်ိန္မွာအျခားေရာဂါပိုးေတြေနာက္ထပ္ဝင္သြားရင္ေတာ့ျပည္တည္နာေတြျဖစ္လာပါတယ္ အဲဒီအခ်ိန္မွာေခြးကလ်ွာနဲ႔လ်က္ရင္ လ်ွာရည္ထိၿပီးအနာေတြကပိုဆိုးလာတတ္ပါတယ္
မ်က္ႏွာပိုင္းတြင္ Ringworm စြဲကပ္ေနေသာေခြး

 ဒီလိုကူးစက္ၿပီးအေမႊးက်ြတ္တာဟာ ေခြးေပါက္စေလးေတြနဲ႔ (၈)လသားအရြယ္ေလာက္ေခြးေတြမွာအျဖစ္မ်ားၿပီး နားရြက္ မ်က္ႏွာ အၿမီးေနရာေတြနဲ႔ ေျခဖဝါးေနရာေတြမွာအမ်ားဆံုး
ျဖစ္တတ္တာေတြ႕ရပါတယ္ ဒီမိႈေတြဟာေျခသည္းလက္သည္းေတြထဲကိုလည္းေဖာက္ဝင္စြဲကပ္ၿပီး ေျခာက္ေသြ႕လာတာတို႔ ေျခသည္းလက္သည္းေတြအက္ကြဲလာတာတို႔ ပံုပ်က္လာတာတို႔လည္းျဖစ္တတ္ပါေသးတယ္
Microsporum canis မိႈမ်ိဳးေစ့ေလးေတြဟာ ေရာဂါရွိေနတဲ့ေခြးရဲ႕အေမြးအမ်ွင္ေတြေပၚမွာရွိေနတတ္တဲ့အျပင္ တိရစာၦန္အသံုးအေဆာင္ပစၥည္းေတြျဖစ္တဲ့ ဝက္မွင္ဘီးတို႔ ဘရပ္တို႔မွာလည္းကပ္ညိၿပီးရွိေနတတ္ပါတယ္ ေအာက္ကိုျပဳတ္က်တဲ့အခါေကာ္ေဇာတို႔ ေျမႀကီးေပၚမွာလည္းျပန္႔ႏွံ႕ေနတတ္ပါတယ္
ဒီေရာဂါပိုးဟာ ေခြးနဲ႔လူအျပန္အလွန္ကူးစက္ႏိုင္ပါတယ္ အထူးသျဖင့္ကေလးေတြကိုကူးစက္တတ္ပါတယ္
ေခြးေတြမွာ ကြင္းမိႈေရာဂါရလာရင္ အေရျပားေပၚမွာအထက္ကေဖာ္ျပခဲ့တဲ့လကၡဏာမ်ိဳးေတြပဲျဖစ္တယ္လို႔ပံုေသမေျပာႏိုင္ပါဘူး ဒီမိႈေတြဟာ အျခားဘက္တီးရီးယားပိုးေတြနဲ႔ပူးေပါင္းၿပီး အေရျပားေရာဂါလို ရႈပ္ေထြးတဲ့လကၡဏာမ်ိဳးစံုကိုျပသတတ္တဲ့အတြက္ ေခြးရဲ႕အေရျပားမွာေရာဂါေတြျဖစ္လာရင္ Microsporum canis ေၾကာင့္ဟုတ္မဟုတ္ ကြဲကြဲျပားျပားသိေအာင္ ေဆးစစ္မႈကိုမျဖစ္မေနလုပ္ဖို႔ပညာရွင္အမ်ားစုကအႀကံျပဳၾကပါတယ္
ႏွာေခါင္းေဘးတြင္ Ringworm စြဲကပ္ေနေသာေခြး
 

ဒီေရာဂါကို မိႈသတ္ေဆးေတြနဲ႔ကုသတဲ့အခါ ေရာဂါအေျခအေနသိပ္မဆိုးရင္ (၂-၃)လ ေလာက္အတြင္းမွာတျဖည္းျဖည္းျပန္လည္သက္သာသြားေပမယ့္ လူအပါအဝင္အျခားေခြးေတြကိုဆက္လက္မကူးစက္ေစဖို႔ကေတာ့ ေရာဂါလကၡဏာေတြေပ်ာက္ကင္းခ်ိန္ကေန(၂)ပါတ္အထိ(အျမစ္ျပတ္သည္အထိ)ဆက္လက္ကုသဖို႔အျပင္ မိႈမ်ိဳးေစ့ေတြခိုေအာင္ေနႏိုင္တဲ့အခင္းေတြနဲ႔ ေကာေဇာေတြကို တစ္ပတ္တစ္ႀကိမ္ေလာက္ ဖုန္စုပ္စက္နဲ႔သန္႔ရွင္းေရးလုပ္ၿပီး အေရာင္ခ်ြတ္ေဆးမႈန္႔ေဖ်ာ္ရည္နဲ႔ ပက္ဖ်န္းေပးဖို႔အေရးႀကီးပါေၾကာင္းတင္ျပအပ္ပါတယ္
 
ဒီေရာဂါစြဲကပ္ေနတဲ့ေခြးရဲ႕အေမႊးအမ်ွင္ေတြကို ခရမ္းလြန္ေရာင္ျခည္နဲ႔ထိုးၾကည့္ရင္ မ်ားေသာအာျဖင့္ အစိမ္းေရာင္အလင္းျပန္လာတာကိုေတြ႕ရတတ္ပါတယ္ ဒါကလည္းပံုေသတိတိက်က်ေျပာလို႔ရတဲ့စမ္းသပ္နည္မဟုတ္ေတာ့ ေရာဂါကိုအႀကိဳခန္႔မွန္းဖို႔ေလာက္ပဲအသံုးျပဳေလ့ရွိၾကပါတယ္ တိတိက်က်သိႏိုင္ဖို႔အတြက္ဆိုရင္ေတာ့ ပိုးပ်ိဳးၾကည့္တဲ့နည္းသာလ်ွင္စိတ္အခ်ရဆံုးစမ္းသပ္နည္းျဖစ္ပါတယ္
ေခြးရဲ႕ခႏၲာကိုယ္ေပၚက ေရာဂါလကၡဏာျပေနတဲ့အကြက္ေလးေတြထဲမွာေပါက္ေနတဲ့အေမႊးတစ္ခ်ိဳ႕ကိုႏႈတ္ယူၿပီး မိႈအတြက္အထူးျပဳလုပ္ထားတဲ့ အဟာရျပင္ေပၚမွာတင္ၿပီး ပိုးေမြးျမဴရပါတယ္ (၂)ပါတ္ေလာက္အၾကာမွာမိႈေတြပြားမ်ားလာပံုကိုၾကည့္ၿပီး Microsporum canis မိႈ ဟုတ္မဟုတ္အေျဖထုတ္ေလ့ရွိၾကပါတယ္
မိႈစြဲတဲ့အကြက္(၁-၂)ကြက္ေလာက္ပဲျဖစ္တာဆိုရင္ေတာ့ ၂%-ျပင္းအားရွိတဲ့ miconazole ညွစ္ေဆးကို တစ္ေန႔(၂)ႀကိမ္ႏႈန္းနဲ႔ မေပ်ာက္မခ်င္းလူးေပးရပါမယ္ မ်ားေသာအားျဖင့္(၁)လေက်ာ္ေက်ာ္ေလာက္အခ်ိန္အတြင္းမွာေပ်ာက္ကင္းသက္သာသြားေလ့ရွိပါတယ္
မိႈစြဲတဲ့အကြက္ေတြက နည္းနည္းမ်ားရင္ေတာ့ အေမႊးေတြကိုရိပ္ပစ္ၿပီး အထက္မွာေဖာ္ျပခဲ့တဲ့ညွစ္ေဆးအျပင္ miconazole ပါတဲ့ရွန္ပူျဖစ္ေစ ringworm အတြက္သံုးရတဲ့အျခားရွန္ပူတစ္မ်ိဳးနဲ႔ျဖစ္ေစ ေရးခ်ိဳးေပးတာကိုပါ ပူူးတြဲေဆာင္ရြက္ေပးသင့္ပါတယ္
အေျခအေနအရမ္းဆိုးေနရင္ Griseofulvin Ketoconazole နဲ႔ itraconazole စတဲ့လိမ္းေဆး စားေဆးေတြနဲ႔ပူူးတြဲကုသေပးႏိုင္ပါတယ္
    ဝမ္းဗိုက္ပိုင္းတြင္ Ringworm စြဲကပ္ေနေသာေခြး
 

0 မှတ်ချက်များ to “ကွင်းမှိုစွဲကပ်ခြင်း (Ringworms in dogs)”

Post a Comment