«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Sept 2020

ခွေးဂျပ်စွဲနာအမျိုးအစား(၂)(Demodicosis in dogs)

,
 
 
ခေွးတွေမှာ Demodicosis  လို့ခေါ်တဲ့ဂျပ်စွဲနာဖြစ်ပွားခြင်းဟာ Demodectic mange လို့ခေါ်တဲ့ 
 
ပိုးကောင်လေးတွေစွဲကပ်ခြင်းကြောင့်ဖြစ်ပါတယ် ၊ ဒီပိုးကောင်လေးတွေဟာအမွှေးအမျှင်တွေရဲ့
 
အမြစ်ပိုင်းနေရာတွေနဲ့ အရေပြားကိုဖျက်ဆီးကြတဲ့အတွက်သူတို့ရဲ့တိုက်ခိုက်မှုခံရတဲ့နေရာတွေမှာ 
 
အမွှေးကျွတ်ကုန်ပြီး အရေပြားတွေဟာနီရဲလာပြီးနောက် အနာသေးသေးလေးတွေဖြစ်ပေါ် 
 
လာစေပါတယ်
 
 
Demodectic mange ပိုးကောင်လေးတွေဟာ ခန္တာကိုယ်နေရာတစ်ချို့မှာ ကွက်၍ဖြစ်စေ 
 
ခန္တာကိုယ်တစ်ခုလုံးရဲ့နေရာအနှံ့မှာဖြစ်စေစွဲကပ်ပြီး ဒုက္ခပေးတတ်ကြပါတယ် ၊အမှန်တော့ 
 
Demodex mite  လို့ခေါ်တဲ့ ဒီပိုးကောင်လေးတွေဟာ ခွေးတိုင်းရဲ့အရေပြားပေါ်မှာသဘာဝ 
 
အလျှောက်ရှိနေတတ်တဲ့သက်ရှိသတ္တဝါ လေးတွေသာဖြစ်ပြီး သူတို့ဟာရှိသင့်ရှိထိုက်တဲ့ပမာဏ 
 
လောက်သာရှိနေရင်တော့ ခွေးကိုဘာမှဒုက္ခမပေးတဲ့အပြင် အရေပြားရဲ့ကျန်းမာရေးကိုတောင် 
 
ကောင်းမွန်အောင် ပြုလုပ်ပေးနေတဲ့ အကျိုးပြုပိုးကောင်လေးတွေဖြစ်ပါတယ်
 
 
ခွေးတွေရဲ့အရေပြားပေါ်မှာသဘာဝအတိုင်းရှိနေတတ်တဲ့ Demodex  mange အမျိုးအစား 
 
ပိုးကောင်(၃)မျိုးရှိတဲ့အနက် ခွေးကိုဒုက္ခပေးတတ်တဲ့ အမျိုးအစားကတော့ Demodex canis 
 
အမျိုးအစားဖြစ်ပါတယ် ၊ Demodex canis အကောင်လေးတွေဟာ မိခင်ခွေးမကြီးကနေသားငယ် 
 
ခွေးလေးတွေဆီကို သဘာဝအတိုင်းကူးစက်လေ့ရှိပါတယ်
 
 
ဒါပေမယ့်ရှိသင့်ရှိထိုက်တဲ့ပမာဏလောက်သာရှိနေပြီး ခွေးကလည်းကျန်းမာရေးကောင်းနေမယ် 
 
ဆိုရင် ဒုက္ခပေးလေ့မရှိပါဘူး ၊ တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့်ခွေးရဲ့ကိုယ်ခံ
 
စွမ်းအားကျသွားတဲ့အခါမှာတော့ ရှိသင့်တဲ့ကောင်ရေပမာဏထက် မတန်တဆများလာတဲ့အခါ 
 
အရေပြားကိုယားယံစေတဲ့အတွက် အရေပြားဆိုင်ရာပြသနာတွေဖြစ်လာတတ်ပါတယ်
 
 
Demodicosis  လို့ခေါ်တဲ့ဂျပ်စွဲနာဖြစ်ပွားနေတဲ့ခွေးတွေမှာ အထင်ရှားဆုံးတွေ့ရတတ်တဲ့
 
လက္ခဏာကတော့ ယားယံပြီး ကုတ်ခြစ်နေတတ်တဲ့ အတွက် အမွှေးတွေကျွတ်ပြီးနီရဲနေတဲ့
 
အရေပြားဒါဏ်ရာတွေပဲဖြစ်ပါတယ် အဲဒီနေရာကအမွှေးအမျှင်အချို့ကိုအမြစ်ပါအောင်ရယူပြီး 
 
ဓာတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင်   Demodex canis လို့ခေါ်တဲ့ပိုးကောင်လေးတွေကိုတွေ့ရှိရ
 
မှာဖြစ်ပါတယ်(သွေးစစ်အဖြေဇယားကိုကြည့်ပါ)
 
 
ခွေးရဲ့ခန္တာကိုယ်ပေါ်မှာ Demodicosis  ဂျပ်စွဲနာဖြစ်ပွားတာဟာ နေရာအနည်းအကျဉ်းလောက်ပဲ 
 
ကွက်ဖြစ်နေတာဆိုရင်တော့ အဲဒီလိုဖြစ်ပွားတဲ့ ခွေးတွေရဲ့(၉၀%)ခန့်ဟာ ဘာဆေးဝါးကုသမှုမှ 
 
ပြုလုပ်စရာမလိုပဲ သူ့အလိုလိုပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်
 
 
Demodicosis  ဂျပ်စွဲနာဟာ ခွေရဲ့ခန္တာကိုယ်တစ်ခုလုံးမှာဖြစ်ပွားနေတဲ့အဆင့်ဆိုရင်တော့ 
 
ရေရှည်စွဲပြီးစနစ်တကျကုသပေးဖို့လိုအပ်ပါတယ် ၊ ခွေးမတွေမှာဒီအကောင်လေးတွေစွဲကပ်
 
နေချိန်မှာ မြိုင်ပေါ်လာရင် ခွေးမရဲ့သွေးထဲမှာမျိုးပွားဟိုမုန်းတွေ ပမာဏအများကြီးဖြစ်လာတဲ့
 
အတွက် ရောဂါဖြစ်ပွားမှုကိုအားပေးသလိုဖြစ်စေပါတယ် ၊ ဒါကြောင့်မို့ခွေးမတွေမှာ Demodex 
 
canis  ပိုးကောင်တွေစွဲကပ်ဒုက္ခပေးတဲ့အဆင့်ရောက်လာ ရင်တော့ ခွေးမကိုသားကြောဖြတ်ပစ်ဖို့
 
လိုအပ်ပါတယ်
 
 
ခွေးတွေမှာ Demodicosis  ဂျပ်စွဲနာဖြစ်ပွားတဲ့အခါ အင်ဂျင်ဝိုင်လိမ်းပေးရင်ပျောက်ကင်းတယ်လို့ 
 
ပြောဆိုနေကြတာဟာအလွန်မှားယွင်းပြီး အခန့်မသင့်ရင်အဆိပ်အတောက်သင့်စေနိုင်တာမို့ 
 
အကယ်၍ဒီရောဂါဖြစ်ပွားလာရင် ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီး ခေတ်မီ
 
ဆေးတွေနဲ့စနစ်တကျကုသသင့်ပါကြောင်း ဗဟုသုတအဖြစ်တင်ပြအပ်ပါတယ်
 
 
ခွေးဂျပ်စွဲနာ Demodicosis  ကိုကုသနိုင်တဲ့ဆေးအများအပြားရှိတဲ့အနက် isoxazoline 
 
(SYMPARICA) ဆေးဟာအသုံးများတဲ့ဆေးတစ်ခု ဖြစ်ပါတယ် ၊ ဒီဆေးကို ခွေးတွေကြိုက်တတ်တဲ့
 
အနံ့အရသာပါဝင်အောင် အစာကဲ့သို့ဝါးစားရတဲ့ပုံစံနဲ့ ဆေးပြားကြီးတွေအဖြစ်ထုတ်လုပ်ရောင်းချ
 
လေ့ရှိပြီး တစ်လကိုတစ်ပြားနှုန်း ကြွေးရမှာဖြစ်ပါတယ်
 
 
နောက်ထပ်ဆေးတစ်မျိုးကတော့ Ivermectin တိုက်ဆေးဖြစ်ပါတယ် ဒီဆေးကတော့ ရောဂါ 
 
မပျောက်မချင်း နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ခွေးဂျပ်စွဲနာအမျိုးအစား(၂)(Demodicosis in dogs)”

Post a Comment