«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

လေဖြတ်ရောဂါ (Histoplasmosis)

,
((( ကြောင်တွေမှာဖြစ်ပွားတဲ့ ဟစ်(စ)တိုပလပ်(စ)မိုးစစ် ရောဂါဆိုတာ )))

ကြောင်တွေပိန်ချုံးချည့်နဲ့ပြီး နောက်ခြေထောက်တွေခွေယိုင်ကာ လေဖြတ်သလို .. မထနိုင်မသွားလာနိုင် ဖြစ်စေတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် … 

((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))

Histoplasma capsulatum လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင်းဖြစ်ပွားရခြင်းဖြစ်ပါတယ် ….. နိုက်ထရိုဂျင်ဓါတ်များတဲ့မြေအမျိုးအစားတွေနဲ့…ခိုတွေကစွန့်ပစ်တဲ့မစင်ထဲမှာ… ဒီမှိုရောဂါပိုးတွေ ပါဝင်နေတတ်ပါတယ် …

((( ကူးစက်ပုံ )))

အစားအသောက်နဲ့အတူ ရောဂါပိုးကို စားမိရင်ဖြစ်စေ လေနဲ့အတူ ရှုသွင်းမိရင်ဖြစ်စေ ကူးစက်တတ်ပါတယ် …       

((( အဖြစ်များသောအသက်အရွယ် )))

ကြွက်ခုတ်အစာရှာတတ်သောအရွယ် … အလည်အပတ်များသောအရွယ်တွေမှာ အဖြစ် များပါတယ် …

((( ရောဂါလက္ခဏာများ )))
 
အပြင်းဖျားခြင်း…အစားအသောက်ပျက်ခြင်း၊ပိန်ချုံးအားနည်းခြင်း၊အသည်းနဲ့ အသက်ရှုလမ်း ကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ မောပန်းခြင်း၊ချောင်းဆိုးခြင်းတွေဖြစ်တတ်ပါတယ်…မျက်လုံးနဲ့ အရေပြားမှာ လက္ခဏာများပြသခြင်း … ခြေထောက်များခွေယိုင်နေတတ်ခြင်းတို့ကိုတွေ့ရပါတယ် …

((( ရောဂါရှာဖွေခြင်း )))

ရောဂါလက္ခဏာပြသသည့်နေရာမှ အရည်ကိုဆေးထိုးပိုက်ဖြင်းစုပ်ယူပြီး ဓါတ်ခွဲခန်းတွင် မှိုပိုးအား မျိုးပွားယူပြီးစမ်းသပ်တဲ့နည်း…ရောဂါလက္ခဏာပြသသည့်နေရာက အသားစကိုရယူပြီး ဓါတ်ခွဲခန်းတွင် မှိုပိုးအားပွားယူစမ်းသပ်တဲ့နည်းတွေနဲ့ ရောဂါရှာဖွေရပါတယ် … 

((( ကုသခြင်း )))

ရောဂါဖြစ်ပွားကြောင်းကို စောစောစီးစီးသိရှိဖို့တော့လိုပါတယ်… မှိုရောဂါတိုက်ဖျက်တဲ့ဆေး တွေနဲ့ ကုသပေးရမှာဖြစ်ပါတယ် .. itraconazole  ဆေးနဲ့ ထိထိရောက်ရောက်ကုသလို့ရပါတယ်.. ဒါပေမယ့်…ရောဂါဖြစ်ကြောင်း အချိန်မီမသိရှိကြတဲ့အတွက်…ဒီရောဂါဖြစ်တဲ့ကြောင် အများစုဟာ သေဆုံးကြတာများပါတယ်..အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ မပြင်းထန်သေးခင် …..           ကုသရတဲ့ခွေးတွေကတော့ ပြန်လည်ကောင်းမွန်လာကြတာများပါတယ် …

0 မှတ်ချက်များ to “ေလျဖတ္ေရာဂါ (Histoplasmosis)”

Post a Comment