«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

ခွေးချစ်သူများသို့-(၄)

,

Read in zawgyi

ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis) ဟာကူးစက်တတ်တဲ့ရောဂါ

တစ်မျိုးဖြစ်တာမို့

ခွေးချစ်တတ်သူများအနေနဲ့သတိပြုသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ဒီရောဂါကလည်း 

 ဗိုင်းရပ်ကြောင့်ဖြစ်ပွား 

တဲ့ရောဂါတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ရောဂါဖြစ်လာမှကုတာထက် ကြိုတင်ကာကွယ်

ဆေးထိုးနှံထားခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်

ဒီရောဂါဖြစ်စမှာ ခွေးဟာချောင်းဆိုးတာတို့ အန်တာတို့ဝမ်းလျှောတာတို့ စတင်ဖြစ်လာ

တတ်ပါတယ်

မျက်လုံးအတွင်းကမျက်တွင်းသားတွေ တဖြည်းဖြည်းဝါလာပြီး ဝမ်းဗိုက်နေရာကိုကိုင်ရင် 

မခံနိုင်ဖြစ်လာတတ်ပါတယ်

ရောဂါဖြစ်နေတဲ့ခွေးရဲ့ဆီးထဲမှာ ရောဂါပိုးတွေအများကြီးရှိပါတယ် အဲဒီဆီးကနေတဆင့် 

အခြားခွေးကို ဆက်လက်ကူးစက်နိုင်ပါတယ်။ 

ခွေးအသည်းယောင်ရောဂါကာကွယ်ဆေးကိုစတင်ထိုတော့မယ်ဆိုရင်()ကြိမ်ထိုးထားမှသာ

ကာကွယ်မှုအဆင့်ကိုရရှိတယ်ဆိုတာသတိပြုရပါမယ်

ကာကွယ်ဆေးကို ခွေးအသက်တစ်လခွဲသားအရွယ်မှာစတင်ထိုးနှံ နိုင်ပါတယ်

- ပထမအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာဒုတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်

- ဒုတိယအကြိမ် ထိုးနှံပြီး(၁၄)ရက်မြောက်မှာတတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်

- အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုသေသေချာချာမှတ်သားထားပြီး နှစ်စဉ်အဲဒီရက်

ရောက်တိုင်း မပျက်မကွက်ဆက်လက်ထိုးနှံပေးသွားခြင်းအားဖြင့် ဒီရောဂါကိုထိထိ

ရောက်ရောက်ကာကွယ်ထားနိုင်ပါတယ်

အဖြစ်များတဲ့ခွေးရောဂါတွေကို အလွယ်တကူအဆင်ပြေစွာကာကွယ်နိုင်ဖို့ ဒီရောဂါ

အပါအဝင်ဖြစ်တဲ့ရောဂါ()မျိုးစပ်ကာကွယ်ဆေး(သို့)ရောဂါ()မျိုးစပ်ကာကွယ်ဆေးကို

စနစ်တကျထိုးနှံပေးထားခြင်းအားဖြင့်ကာကွယ်ထားသင့်ပါတယ်ထိုင်းနိုင်ငံမှပညာရှင်များ

ကတော့(၂)ကြိမ်ထိုးနှံဖို့သာအကြံပြုကြပါတယ်။ 

ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါအကြောင်းအားဆက်လက်ဖတ်ရှုလိုပါက  

LINKကိုနှိပ်ပါ LINK

0 မှတ်ချက်များ to “ ခွေးချစ်သူများသို့-(၄) ”

Post a Comment