«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Aug 2013

ခွေးဝမ်းပျက်ရောဂါ (Canine Trichomoniasis)

,
Unicode
 
 
ပရိုတိုဇွားရောဂါတစ်မျိုးကြောင်းဖြစ်ပွားတဲ့အူလမ်းကြောင်းရောဂါဖြစ်ပါတယ်…TRICHOMONAS  
 
လို့ခေါ်တဲ့ပရိုတိုဇွားရောဂါပိုးအမျိုးအစားကြောင့်ဖြစ်ပွားတာဖြစ်ပါတယ် .. ခွေးကိုထားတဲ့နေရာနဲ့ 
 
ခွေးလှောင်အိမ်သန့်ရှင်းမှုမရှိရင် ဒီရောဂါဖြစ်ပွားတတ်ပါတယ်
 
 
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
 
TRICHOMONAS ရောဂါပိုးကြောင့်ဖြစ်ပွားတာဖြစ်ပါတယ် ..  ဒီရောဂါပိုးဟာ ပတ်ဝန်းကျင်မှာ … 
 
အချိန်အကြာကြီး အသက်ရှင်နေနိုင်ပါတယ် ..
 
 
((( ကူးစက်ပုံ )))
 
ရောဂါပိုးတွေပါနေတဲ့အစာကိုစားမိခြင်း လျှက်မိခြင်းတို့ကြောင့် အစာအိမ်အူလမ်းကြောင်းထဲကို 
 
ရောဂါပိုးဝင်ရောက်ပြီး ကူးစက်ခံရတာ ဖြစ်ပါတယ် ..
 
 
((( အဖြစ်များတဲ့အသက်အရွယ် )))
 
ဒီရောဂါဟာ ခွေးပေါက်စလေးတွေမှာပိုပြီးအဖြစ်များတာတွေ့ရပါတယ် …
 
 
((( ရောဂါလက္ခဏာများ )))
 
အကျိအချွဲတွေပါတဲ့ ဝမ်းတွေသွားတတ်ပါတယ် … တစ်ခါတစ်ရံသွေးပါတဲ့ဝမ်းသွားစေပါတယ် .. 
 
ကြာလာရင်ပိန်ချုံးအားနည်းလာြ့ပီး … အမွေးအမျှင်တွေကြမ်းတမ်းလာတတ်ပါတယ် ..
 
 
((( ရောဂါရှာဖွေခြင်း )))
 
ခွေးရဲ့မစင်ထဲမှာ ရောဂါပိုးရှိမရှိကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်  ….
 
 
((( ကုသခြင်း )))
 
Metronidazole   ဆေးနဲ့ ထိရောက်စွာကုသပျောက်ကင်းစေနိုင်ပါတယ်...
 
 
((( လူထုကျန်းမာရေး )))
 
ခွေးထရီခိုမိုနီယားစစ်ရောဂါ ပိုးဟာ လူတွေကိုကူးစက်တဲ့အထောက်အထားမတွေ့ရပါ
  
 
Zawgyi
 
 
 



((( ကူးစက်ပုံ )))




((( ရောဂါလက္ခဏာများ )))

အကျိအချွဲတွေပါတဲ့ ၀မ်းတွေသွားတတ်ပါတယ် … တစ်ခါတစ်ရံသွေးပါတဲ့ဝမ်းသွားစေပါတယ် .. ကြာလာရင်ပိန်ချုံးအားနည်းလြာ့ပီး … အမွေးအမျှင်တွေကြမ်းတမ်းလာတတ်ပါတယ် ..

((( ရောဂါရှာဖွေခြင်း )))


((( ကုသခြင်း )))


((( လူထုကျန်းမာရေး )))

 

0 မှတ်ချက်များ to “ခွေးဝမ်းပျက်ရောဂါ (Canine Trichomoniasis)”

Post a Comment