ဆရာဝန်တွေရေးတဲ့ဆေးအညွှန်းစာကို အင်္ဂလိပ်လို prescription လို့ခေါ်ပါတယ်၊ ဆေးအညွှန်းစာ
ရေးသားရာမှာ သတ်မှတ်ထားတဲ့ အစိပ်အပိုင်းအချို့ပါဝင်ပါတယ် ၊ အပေါ်ဆုံးအပိုင်းကို
Superscription လို့ခေါ်ပါတယ် ၊ သင်္ကေတအားဖြင့် "R" သို့မဟုတ် "Rx" နဲ့ရေးသားလေ့ရှိကြပြီး
အဓိပ္ပာယ်အားဖြင့် (to take) သုံးစွဲရန်လို့အဓိပ္ပာယ်ရပါတယ် ၊
ဆေးအညွှန်းစာရဲ့ဒုတိယပိုင်းကို Inscription လို့ခေါ်ပါတယ်၊ အဲဒီအပိုင်းမှာတော့ ဆေးဝါးရဲ့အမည်
နဲ့ ဆေးဝါးရဲ့ပမာဏတွေပါဝင်ပါတယ်။
ဆေးအညွှန်းစာရဲ့တတိယပိုင်းကို Directions လို့ခေါ်ပါတယ်၊ အဲဒီအပိုင်းကတော့ ကုသပေးတဲ့
ဆရာဝန်ရဲ့ ညွှန်ကြားမှုအပိုင်းဖြစ်ပါတယ်၊ ဒီအပိုင်းမှာကျတော့ညွှန်ကြားတဲ့ဆေးတောင့်၊ဆေးပြား၊
သောက်ဆေးရည် ၊ လိမ်းဆေးစသဖြင့်ရှိတဲ့အတွက် အချင်အတွယ်အလိုက် အခေါ်အဝေါ်အရ
အမျိုးမျိုးကွဲပြားနိုင်ပေမယ့် နေစဉ်သုံးစွဲရမယ့်အကြိမ်အရေအတွက်ကိုအောက်ပါအတိုင်း
အတိုကောက်စာလုံးတွေနဲ့ရေးသားဖော်ပြလေ့ရှိပါတယ်။
ဆေးအညွှန်းစာရဲ့နောက်ဆုံးအပိုင်းကတော့ ဆရာဝန်ကလက်မှတ်ရေးထိုးတဲ့အပိုင်းဖြစ်ပါတယ် ၊
ညွှန်ကြားတဲ့ဆရာဝန်ရဲ့အချက်အလက်တွေကို ဒီအပိုင်းမှာတွေ့ရှိနိုင်ပါတယ်၊ ပြည့်စုံစွာရေးသားပြီး
တဲ့ဆေးအညွှန်းစာကို ညွန်ကြားခဲ့တဲ့ဆေးဝါးကိုထည့်သွင်းထုပ်ပိုးထားတဲ့ ဘူးခွံ(သို့)
အိတ်ရဲ့အပေါ်မှာကပ်ပေးထားရပါတယ်။