ဒီရောဂါကတော့ FrancisellaTularensis လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါ
တစ်ခုဖြစ်ပါတယ် ၊ သာမန်အားဖြင့်တော့ယုန်တွေနဲ့ကြွက်တွေမှာသာဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်၊
အဲဒီအကောင်တွေကိုကိုက်ပြီးသွေးစုပ်ထားတဲ့ မွှားတွေက အိမ်မွေးခွေးကြောင်တွေကိုလာကိုက်ရင်
ဖြစ်စေ၊ ယုန်တွေနဲ့ကြွက်တွေနဲ့ထိစပ်မှုရှိခဲ့ရင်ဖြစ်စေရောဂါကူးစက်ခံရနိုင်ပါတယ်၊အများအားဖြင့်
ဒီရောဂါကကြောင်တွေကိုသာကူးစက်လေ့ရှိတတ်ပါတယ်။
အိမ်မွေးကြောင်တွေမှာဒီရောဂါကူးစက်ခံရရင် ပထမဦးဆုံးဖျားနာလာတတ်ပါတယ်၊ ကြောင်ဟာ
နုံးခွေနေတတ်ပြီး တဖြည်းဖြည်းနဲ့ပိန်ချုံးလာတတ်ပါတယ်၊ ပါးစပ်ထဲမှာအနာတွေပေါက်လာခြင်း၊
အသက်ရှူကြပ်ခြင်း၊ လည်ပင်းနားကအကြိတ်တွေယောင်ခြင်း၊ နှာရည်မျက်ရည်ကျခြင်း၊ဝမ်းဗိုက်ရဲ့
အောက်ဖက် ပေါင်တွေနဲ့ထိနေတဲ့နေရာတွေက အရေပြားတွေပေါ်မှာအနီစက်တွေပေါ်လာခြင်း
စတဲ့လက္ခဏာတွေကိုလည်းတွေ့ရတတ်ပါတယ်။
ဒီရောဂါဖြစ်လာရင် Tetracycline, Chloramphenicol, Streptomycin နဲ့ Gentamicin စတဲ့ဆေး
တွေနဲ့ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်၊ ဒါပေမယ့်အချိန်အတန်ကြာအောင်တော့ကုသပေး
ရတတ်ပါတယ်။
ဒီရောဂါမဖြစ်အောင်ဆိုရင်ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာသန်းတွေမွှားတွေကင်းစင်နေအောင်
ပြုလုပ်ထားဖို့လိုအပ်ပါတယ်။
ဒီရောဂါဖြစ်နေတဲ့ကြောင်က လူကိုကိုက်မိရင်ဖြစ်စေကုတ်မိရင်ဖြစ်စေ ၊ လူကိုကူးတတ်ပါတယ်၊
ကြောင်ရဲ့ကိုယ်ပေါ်ကအနာကနေထွက်တဲ့အရည်တွေနဲ့ထိမိရင်လည်းကူးစက်တတ်ပါတယ်၊
ဒါကြောင့်မို့ကြောင်ကိုပြုစုတဲ့အခါမှာ လက်အိပ်စွပ်ပြီးမှကိုင်တွယ်ပြုစုပေးသင့်ပါတယ်။
ထပ်မံဖတ်ရှုလေ့လာရင် လင့်ကိုနှိပ်ပါ Link