«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Sept 2020

အစာအိမ်ယောင်ခြင်း(Acute Gastritis)

,
အစာအိမ်နံရံရဲ့မျက်နှာပြင်တွေဟာ အစာကြောင့်ဖြစ်စေ ၊ ဓာတုဆေးဝါးနဲ့ပိုးသတ်ဆေး စတဲ့ အရာတွေ ကြောင့်ဖြစ်စေ ရုတ်တရက်အပြင်းအထန် ယောင်ယမ်းလာခြင်းကို ဆေးပညာအရ Acute gastritis လို့ခေါ်ပါတယ်
 
ခွေးတွေမှာ Acute gastritis ဖြစ်လာရင် အစာကိုလက်မခံပဲအစာစားလိုက်တာနဲ့ ချက်ချင်း အန်ထုတ်ပစ်တတ်ပါတယ်
 
အစာအိမ်ယောင်မှုရှိနေရင် အဆက်မပြတ်အပြင်းအထန်အန်နေလေ့ရှိပါတယ်    အဲဒီလို အဆက်မပြတ်အန်နေတာက အချိန်ကြာလာရင် ကိုယ်တွင်းခေါင်း အမြှေးယောင်တာတို့ အူခေါက် သွားတာတို့ဖြစ်လာနိုင်ပြီးအသက်အန္တရာယ်အထိရှိလာနိုင်တဲ့အတွက်အစာအိမ်ယောင်ပြီး အန်နေ
ရင်ပေါ့ပေါ့ဆဆမနေသင့်ပဲ ဆေးဝါးကုသမှုကိုစနစ်တကျဆောင်ရွက်ပေးသင့်ပါတယ်
 
များသောအားဖြင့် ပုပ်သိုးညစ်ပတ်နေတဲ့အစာတွေ ပုပ်သိုးနေတဲ့မြက်နဲ့မစင်တွေဟာအစာအိမ်ရဲ့ မျက်နှာပြင်ကိုလှုံ့ဆွပြီးယောင်ယမ်းလာ စေတဲ့အတွက်ကြောင့် အန်စေတတ်ပါတယ်
 
ပလပ်စတစ်အိတ်ခွံတွေ ၊ အရိုးအပိုင်းအစတွေနဲ့ဆံပင်အထုံးလိုအရာတွေအပြင် aspirin, cortisone, butazolidine စတဲ့ဆေးတွေနဲ့ ပဋိဇီဝဆေးအချို့အပါအဝင် စတီးရွိုက်မဟုတ်တဲ့
အယောင်လျှော့ဆေးတွေကြောင့်လည်း အစာအိမ်နံရံ ယောင်တတ်ပါတယ်
 
မြေအြဇာတို့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေကြောင့်လည်း အစာအိမ်နံရံဟာချက်ချင်းယောင်လာ
တတ်ပြီး အပြင်းအထန်အန်လေ့ရှိပါတယ်
 
အစာအိမ်ယောင်လို့အန်ပြီးနောက်သိပ်မကြာခင်မှာ ခွေးဟာနုန်းခွေလာပြီး ရေတောင်မသောက်နိုင်
တော့ပဲ ရေခွက်ပေါ်မှာမေးတင်ပြီးငြိမ်နေလေ့ ရှိပါတယ် အဲဒီနောက်မှာတော့ဝမ်းလျှောတာမျိုး
ဖြစ်လာတတ်ပါတယ်
 
အဲဒီလက္ခဏာမျိုးက ရောဂါပိုးဝင်လို့အူယောင်တဲ့အခါမှာလည်းဖြစ်တတ်လို့ ရုတ်တရက်ခွဲခြားဖို့ ခက်တတ်ပါတယ် ဒါပေမယ့်အစာကြောင့် အူယောင်တာက အဖျားမရှိပဲရောဂါပိုးကြောင့်အူယောင်
ရင်တော့ အဖျားရှိနေတတ်ပါတယ်
 
ပိုးသတ်ဆေးတွေကြောင့်မဟုတ်ပဲ အစာကြောင့် အစာအိမ်ရဲ့နံရံတွေယောင်ပြီးအန်နေ တာဆိုရင်
တော့ များသောအားဖြင့်(၁-၂)ရက်လောက် အစားအသောက်ပျက်နေပြီး မကြာခင်သူ့အလိုလို
ပြန်ကောင်းလာ လေ့ရှိပါတယ်
 
ခွေးဟာတအားအန်နေရင်အစာကျွေးတာတို့ ရေတိုက်တာတို့ကို(၁၂)နာရီခန့် မလုပ်သေးပဲအစာအိမ်
ကိုအနားပေးထားသင့်ပါတယ်
 
အဲဒီနောက်ရေခဲတုံးကို(၄)နာရီခြားတစ်ခါလောက်လျှက်စေသင့်ပါတယ်အန်တာ    ရပ်သွားရင်တော့ သောက်ရေခွက်နဲ့လေးပုံတစ်ပုံလောက် တိုက်ကြည့်သင့်ပါတယ်   ခွေးက အကောင်သိပ်ကြီးနေရင် သောက်ရေခွက်နဲ့တစ်ဝက်လောက်တိုက်နိုင်ပါတယ် 
 
အဲဒီလိုနဲ့(၁၂)နာရီလောက်အထိမအန်တော့ရင် အသားစင်းကော(၁)ဆနဲ့ ဆန်ပြုတ် ပျစ်ပျစ်(၂)ဆ
ရောပြီး နည်းနည်းချင်းစကျွေးကြည့်သင့်ပါတယ်။
 
ပိုးသတ်ဆေးတွေလို အသက်အန္တရာယ်နဲ့နီတဲ့ဓာတုပစ္စည်တွေနဲ့ဆေးဝါးတွေကြောင့်အစာအိမ်နံရံ
ယောင်ပြီးအန်နေတာဆိုရင်တော့ စနစ်တကျဆေးဝါးကုသမှုပြုလုပ်ပေး သင့်ပါတယ်။
အန်တတ်သောရောဂါများအားဆက်လက်ဖတ်ရှုရန် Link ကိုနှိပ်ပါ »»» Link

0 မှတ်ချက်များ to “အစာအိမ်ယောင်ခြင်း(Acute Gastritis)”

Post a Comment