«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2012

ခွေးကျောက်ရာဂါ (Canine Distemper )

,
ခွေးတွေမှာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ဒီရောဂါဟာ ခွေးတွေမှာ 
အထီးအမ မရွေးပဲ အသက်(၆)လကနေ(၁)နှစ်ကြားမှာ အဖြစ်များလေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ အဖျားကြီးတတ်ပြီး၊ခွေးဟာ အသက်ရှုကျပ်တာ၊ မောတာနှာရည်တွေ 
ကျတာတွေဖြစ်တတ်ပါတယ် … နောက်တော့ဝမ်းပျက်လာပြီး သေသေချာချာမကုသရင်တော့ 
ဝမ်းထဲမှာသွေးပါလာတတ်ပါတယ်၊ အဲဒီထက်အခြေအနေဆိုးလာရင် တက်တတ်ပါတယ် … 
ဝမ်းဗိုက်နဲ့ပေါင်ကြားကိုကြည့်ရင် အနီရောင်အဖုအစက်တွေကိုတွေ့ရတတ်ပါတယ် ၊ဒီရောဂါဟာ 
သေချာမကုသရင် အသေအပျောက်များပါတယ်။ 

ကူးစက်တာအလွန်မြန်တဲ့ရောဂါဖြစ်တဲ့အတွက် ဒီရောဂါကျရောက်တဲ့အချိန်ဆိုရင် ခွေးတွေ 
အတော်များများ ကူးစက်ခံရပြီးသေဆုံးတတ်ကြပါတယ် ၊ ရောဂါဖြစ်တဲ့ခွေးရဲ့(၅၀%)လောက် 
သေဆုံးသွားလေ့ရှိပါတယ်… အသက်ငယ်လေလေ ပိုပြီးဖြစ်ပွားလေလေဖြစ်ပါတယ် … 
ဒီရောဂါဖြစ်လာတဲ့အခါ ခန္တာကိုယ်ရဲ့အရည်ဓါတ် ဆုံးရှုံးမှုဟာအလွန်များပြားတဲ့အတွက် 
၊အဓိကအားဖြင့်အရည်ဓာတ်ခန်းတဲ့အတွက်သေဆုံးရတာက အများဆုံးဖြစ်ပါတယ် ။ 
ခွေးကျောက်ရောဂါဖြစ်တဲ့ခွေးကို ဓါတ်ဆားရည်များများတိုက်ရပါမယ်၊ဒါပေမဲ့ ခွေးကမသောက် 
တော့တဲ့ အတွက် အခြေအနေကပိုဆိုးလာတတ်ပါတယ် … ဆေးခန်းမှာ ကြပ်ကြပ်မတ်မတ် 
စောင့်ကြည့်ပြီး ဓါတ်ဆားရည်ပုလင်းကြီးကို သွေးကြောကတဆင့်သွင်းပေးတာကပိုပြီးထိရောက်မှု 
ရှိပါတယ်၊ဒါ့အပြင်ပဋိဇီဝဆေးတွေကို ပုံမှန်တိုက်ကျွေးခြင်းထိုးနှံပေးခြင်းတို့လည်းပြုလုပ်ပေးသင့် 
ပါတယ်၊ခွေးကိုဓါတ်ရောင်ခြည်ကင်ပေးနိုင်ရင်တော့ သေဆုံးနှုံး သိသိသာသာလျှော့သွားနိုင်ပါတယ် 
ဓါတ်ရောင်ခြည်ကင်ပေးဖို့အခက်အခဲရှိနေရင်တော့မနက်စောစောထွက်တဲ့နေရောင်ခြည်နဲ့ညနေ 
စောင်းနေရောင်ခြည်ထဲမှာ ခွေးကိုချထားပေးသင့်ပါတယ် ။
 
ဒီရောဂါဟာ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါတစ်ခုဖြစ်ပါတယ် …အသက်(၆)လကစတင်ပြီးတော့
 
ခွေးကျောက်ရောဂါကာကွယ်ဆေးကို နှစ်စဉ်တစ်ကြိမ်နှုံး ပုံမှန်ထိုးနှံပေးထားရင် ဒီရောဂါမဖြစ်နိုင် 
 
တော့ပါဘူး ။


 ခွေးကျောက်ရာဂါ (Canine Distemper )ရှိမရှိကို Test Kit နဲ့စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်

2 မှတ်ချက်များ to “ခွေးကျောက်ရာဂါ (Canine Distemper )”

  • 30 June 2013 at 11:29
    GG says:

    ႈI have a Question Sir!
    ကျန်တော့ခွေးက ပါးစပ်ကအမြုပ်ထွက်တယ်၊ထလိုက်ယိုင်လိုက်၊အော်တယ်ပြီးတော့ပတ်ပြေးတယ် နောက်နေ့ ပြန်လာတယ် ထပ်ဖြစ်တယ် ။ အဲဒါ အဆိပ်မိတာလားဆရာ။
    ခွေးရုးတာလား ။သိချင်ပါတယ်။ လောလောဆယ်တော့ ထညက်ကြွေးလိုရတယ်။
    ရေနည်းနည်းပါးပါးသောက်တယ်။ ကျွှန်တော်လည်ကြောက်လို့အနားမကပ်ရဲ ဘူး။
    ခွေးကလည်း လူကိုကြောက်နေတယ်။

  • 11 July 2013 at 16:28
    AYPC says:

    ဒီလိုလက္ခဏာမျိုးပြတိုင်း ခွေးဟာရူးတယ်လို့မပြောနိုင်သေးပါဘူး၊အကြောင်းကြောင်းကြောင့် ဗိုက်နာတဲ့အခါမျိုးမှာလည်း ဒီလိုလက္ခဏာမျိုးပြတတ်ပါတယ်၊ဥပမာ။ ။သန်ထိုးခြင်း၊အူယောင်ခြင်း၊အူခေါက်ခြင်း၊အူလမ်းကြောင်းပိတ်ဆို့ခြင်း

Post a Comment