ဒီရောဂါကတော့မွှားကြောင့်ကူးစက်ခံရတဲ့ခွေးရောဂါတစ်မျိုးဖြစ်ပါတယ်၊ဒါပေမယ့်မွှား
ကိုက်လို့ကူးစက်တာမဟုတ်ပဲ ခွေးကရောဂါပိုးပါတဲ့မွှားကိုစားမိလို့ကူးစက်ခံရတာဖြစ်ပါ
တယ် ၊ ရောဂါဖြစ်စေတဲ့ပိုးကတော့ Hepatozoon canis လို့ခေါ်တဲ့ ပရိုတိုဇွားပိုးဖြစ်ပါ
တယ်ဒီရောဂါပိုး ဟာ ခွေးရဲ့ခန္တာကိုယ်ထဲကိုရောက်တာနဲ့အသားစိုင်တွေထဲမှာသွားရောက်
ခိုအောင်းနေပြီးတော့ ဆက်လက်မျိုးပွားနိုင်ဖို့ပြင်ဆင်ပါတယ်။
ဒီရောဂါဖြစ်နေတဲ့ခွေးတွေမှာကိုယ်အပူချိန်တက်လိုက်ကျလိုက်ဖြစ်နေတတ်ပါတယ်၊
ညဖက်အဖျားတက်လာပြီဆိုရင် (၁၀၄)ဖာရင်ဟိုက်လောက်အထိအပူချိန်တက်လာပြီး
ချက်ချင်းပြန်ကောင်းသွားတတ်ပါတယ်။
အခြားထင်ရှားတဲ့လက္ခဏာတစ်ခုကတော့ခွေးဟာလမ်းကောင်းကောင်းမလျှောက်နိုင်ပဲ
ခြေလက်တွေနာနေပြီး ယိုင်တိုင်တိုင်ဖြစ်နေတတ်ပါတယ်။
နောက်ကျောကုန်းတစ်လျှောက်ကိုထိရင်မခံနိုင်အောင်နာလေ့ရှိပါတယ်ဒါကတော့
ရောဂါပိုးတွေဟာ ကြောရိုး တစ်လျှောက်က အသားစိုင်တွေထဲမှာခိုအောင်းနေလို့ဖြစ်
ပါတယ်။
ရောဂါဖြစ်တာရက်ကြာလာရင် ခြေလက်တွေကကြွက်သားစိုင်တွေဟာတဖြည်းဖြည်း
ကြုံလှီလာပြီး ခွေးဟာတဖြည်းဖြည်းချင်းပိန်လာပါမယ်၊ မျက်စေ့မှာမျက်ဝတ်တွေ
အမြဲတမ်းတွက်နေပြီး တစ်ခါတရံသွေးပါတဲ့ဝမ်းသွားတတ်ပါတယ် ၊
ဒီရောဂါဟုတ်မဟုတ်သိနိုင်ဖို့အတွက်ဆိုရင် သွေးရည်ကြည်ကိုစစ်ဆေးရမှာဖြစ်ပြီး
သွေးစစ်အဖြေမှာ Serum alkaline phosphatase (အတိုကောက် AP, ALP, ALPH,
ALK , ALKP ) ဆိုတဲ့ဓါတ်ပါဝင်မှုနှုန်း အလွန်မြင့်မားနေရင်တော့ ဒီရောဂါလို့ပြောနိုင်
မှာဖြစ်ပါတယ်။
ကုသတဲ့အခါမှာစတီးရွိက်ပါတဲ့အယောင်လျှော့ဆေးတွေကိုသုံးမိရင်ရောဂါကိုပိုမို
ဆိုးရွားသွားစေနိုင်ပါတယ်၊ဒါကြောင့်မို့ စတီးရွိက်မပါတဲ့အယောင်လျှော့ဆေး
(Nonsteroid Anti-inflammatory Drug) တစ်မျိုးမျိုးကို ထိုးနှံပေးရပါတယ်။
ရောဂါဖြစ်စေတဲ့ပိုးကိုသုပ်သင်ဖို့အတွက်ကတော့Imidocarbdipropionate(Imizol)
ထိုးဆေးကို ကိုယ်အလေးချိန် တစ်ကီလိုရှိတိုင်း(၅)မီလီဂရမ်နှုံးနဲ့ အသားဆေးထိုးနှံ
ပေးရပါမယ် ၊
နောက်(၂)ပါတ်မြောက်မှာ နောက်တစ်ကြိမ်ထပ်ထိုးပေးရပါမယ် အရေးကြီးတာက
Imizol မထိုးခင် နာရီဝက်ကြိုတင်ပြီး Atropine ထိုးဆေးကိုကြိုတင်ထိုးနှံထားဖို့
လိုအပ်ပါတယ်
တိုက်ဆေးအနေနဲ့ Clindamycin နဲ့ Septrin စားဆေးတွဲပေးနိုင်သလိုDecoquinate
(Deccox, Alpharma) စားဆေးကိုလည်းတိုက်ပေးနိုင်ပါတယ်။
ဒီရောဂါအတွက် ကာကွယ်ဆေးမရှိတာမို့ မွှားမရှိကောင်တွေကင်းစင်အောင်
အမြဲမပြတ် ဂရုပြုဆောင်ရွက်ပေးသင့်ပါတယ်။
ဆက်လက်ဖတ်ရှုလေ့လာရန်နှိပ်ပါ= = »» ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ