«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Sept 2020

အပ်ချည်မျှင်သန်ကောင်ရောဂါ(Threadworm infection.)

,

 
 
ဒီသန်ကောင်အမျိုးအစားကိုသိပ္ပံအမည်အားဖြင့် Strongyloides stercoralis (သို့) Strongyloides  
လို့ခေါ်ပြီး Threadworm infection ဆိုတာကအပ်ချည်မျှင်အပိုင်းအစလေးနဲ့တူလို့ ခေါ်ကြတဲ့ 
 
အရပ်အခေါ်ဖြစ်ပါတယ်။
 
 
ဒီသန်ကောင်လေးတွေဟာ ခွေးတွေရဲ့အရေပြားကိုဖောက်ထွင်းဝင်ရောက်လာနိုင်သလို မိခင်ရဲ့ 
 
နို့ရည်ထဲ ကနေတဆင့်လည်း ခွေးစယ်လေး တွေဆီကိုကူးစက်လာနိုင်ပါတယ် Strongyloides  
 
အမျိုးအစား အပ်ချည်မျှင်သန်ကောင်တွေဟာ ခွေးကြောင်တွေအပြင် လူတွေကိုပါကူးစက်နိုင်တဲ့ 
 
သန်ကောင် အမျိုးအစားဖြစ်ပါတယ်။
 
 
ခန္တာကိုယ်ထဲကိုရောက်ရှိလာပြီး (၁၁)ရက်လောက်ကြာတဲ့အခါ အကောင်ကြီးဘဝကိုရောက်လာပြီး 
 
အူလမ်းကြောင်းရဲ့အစပိုင်းနေရာတွေမှာ သွားရောက်စွဲကပ်နေထိုင်ကြပါတယ်
 
အပ်ချည်မျှင်သန်ကောင်များအား အဏုကြည့်မှန်ပြောင်းအောက်တွင်တွေ့မြင်ရပုံ
 


အပ်ချည်မျှင်သန်ကောင်၏ဉများအား အဏုကြည့်မှန်ပြောင်းအောက်တွင်တွေ့မြင်ရပုံ
 

အပ်ချည်မျှင်သန်ကောင်တွေစွဲကပ်နေတဲ့ အရွယ်ရောက်ပြီးခွေးအတော်များများဟာ ဘာရောဂါ 
 
လက္ခဏာမှမပြပဲရှိနေတတ်ပြီး အချိန်ကြာလာ တာနဲ့အမျှခံနိုင်ရည်ရှိလာလေ့ရှိပါတယ် ၊ 
 
ခွေးပေါက်စလေးတွေမှာဆိုရင်တော့ အယိအချွဲတွေပါတဲ့ ဝမ်းအရည်ကျဲကျဲတွေသွားတတ်ပါတယ်
 
အကောင်ရေသိပ်များလာတဲ့အခါ သန်ကောင်ပေါက်ကလေးတွေဟာသွေးစီးကြောင်းနဲ့အတူ 
 
အဆုပ်ထဲကိုရောက်သွားလို့ အသက်ရှုကျပ်ကာမောပမ်းလာတတ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ 
 
ခွေးလေးတွေဟာ တဖြည်းဖြည်းပိန်ချုံးလာတာကိုတွေ့မြင်နိုင်ပါတယ်။
 
တစ်ခါတလေမှာတော့သန်ကောင်ပေါက်ကလေးတွေဟာခွေးလေးတွေရဲ့အရေပြားကိုဖောက်ထွက် 
 
လာတတ်ပြီး Pododermatitis လို့ခေါ်တဲ့အရေပြားယောင်ယမ်းတာမျိုးတွေဖြစ်လာတတ်ပါသေး 
 
တယ်။
 
 
ဒီသန်ကောင်အမျိုးအစားတွေစွဲကပ်နေခြင်းရှိမရှိသိနိုင်ဖို့အတွက်ဆိုရင် သံသယရှိနေတဲ့ခွေးကြောင် 
 
တွေရဲ့မစင်ကို Baermann Technique လို့ခေါ်တဲ့ စစ်ဆေးနည်းနဲ့စစ်ဆေးကြည့်ရပါတယ်။
 
အပ်ချည်မျှင်သန်ကောင် စွဲကပ်နေတဲ့ခွေးကို အခြားခွေးတွေနဲ့အတူတူရောနှောမထားပဲ သီးခြားခွဲ
 
ထားပြီးမှ သန်ချဆေးကိုအောက်ပါအတိုင်း စနစ်တကျတိုက်ကျွေးကုသပေးရမှာဖြစ်ပါတယ်။
 
 
ခန္တာကိုယ်အတွင်းမှာစွဲကပ်နေတဲ့အပ်ချည်မျှင်သန်ကောင်အကြီးတွေကိုဖယ်ရှားဖို့ဆိုရင်  
 
Fenbendazole ဆေးပြားကို  ကိုယ်အလေးချိန် ၁-ကီလို ဂရမ်ရှိလေတိုင်း ၅၀-မီလီဂရမ်နှုန်းနဲ့
 
တွက်ချက်ပြီး (၅)ရက်တိတိနေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်။
 
 
ဒါမှမဟုတ် Ivermectin စားဆေးကို ကိုယ်အလေးချိန် ၁-ကီလိုဂရမ်ရှိလေတိုင်း ၂၀၀-မိုက်ခရိုဂရမ် 
 
နှုန်းနဲ့တွက်ချက်ပြီးတစ်ကြိမ်တည်း တိုက်ကျွေးလို့လည်းရပါတယ်။
 
 
အဲဒီလိုသန်ချပေးပြီး ရက််သတ္တ ၃-ပါတ်အကြာမှာ ဝမ်းစစ်ဆေးမှကိုနောက်တစ်ကြိမ်ပြန်လုပ်သင့်
 
ပါတယ် ၊ သန်ကောင်တွေနဲ့သန်ဉတွေကို တွေ့နေ ရသေးတယ်ဆိုရင်တော့  သန်ချဆေးကို
 
အထက်ပါအတိုင်း နောက်တစ်ကြိမ်ထပ်မံတိုက်ကျွေးပေးရပါမယ် ၊ အဲဒီလိုနဲ့ သန်ကောင်တွေနဲ့ 
 
သန်ဉတွေ လုံးဝမတွေ့ရ တော့တဲ့အချိန်အထိဆက်လက်တိုက်ကျွေးနေရမှာဖြစ်ပြီး လုံးဝမတွေ့
 
ရတော့တဲ့အချိန်ရဲ့နောက်ပိုင်းမှာ စစ်ဆေးမှုကို တစ်လလျှင် တစ်ကြိမ်နှုန်းနဲ့ ၆-လလောက်အထိ
 
စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။

0 မှတ်ချက်များ to “အပ်ချည်မျှင်သန်ကောင်ရောဂါ(Threadworm infection.)”

Post a Comment