«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jan 2019

ပန်ကရိယယောင်ယမ်းနေခြင်း (Pancreatitis) ရှိမရှိစစ်ဆေးခြင်း

,
 
Unicode

Pancreatitis လို့ခေါ်တဲ့ ပန်ကရိယယောင်နေခြင်းရှိမရှိသိနိုင်ဖို့အတွက် သွေးထဲမှာပါဝင်နေတဲ့
 
TRIG (triglycerides) AMYL(Amylase) နဲ့ LIP(Lipase) တွေကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်

 
Triglyceride (TRIG)ဟာ ခွေတွေးမှာ 29 mg/dl  ကနေ 291 mg/dl အတွင်းရှိရမှာဖြစ်ပြီး
 
ကြောင်တွေမှာတော့  25 mg/dl  ကနေ 160 mg/dl အတွင်းသာရှိရမှာဖြစ်ပါတယ်။
 
အဲဒီထက်ပိုများနေရင်(Pancreatitis)လို့ခေါ်တဲ့ပန်ကရိယယောင်နေကြောင်းသိနိုင်ပါတယ်
 
အပြန်အလှန်အားဖြင့် ပန်ကရိယယောင်နေခြင်းရှိမရှိသိချင်ရင်
 
TRIG လို့ခေါ်တဲ့ သွေးအတွင်းပါဝင်သော Triglyceride ဓါတ်ကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်
 
ပိုမိုတိကျသေချာစေဖို့အတွက် (AMYL) amylase နဲ့ (LIP) lipase ကိုလည်း ပူးတွဲစစ်ဆေးလေ့
 
ရှိကြပါတယ်
 
 
Amylase (AMYL)ဟာ ခွေးတွေမှာ 219 iu/L  ကနေ 1,125 iu/L အတွင်းရှိရမှာဖြစ်ပြီး
 
ကြောင်တွေမှာ  100 iu/L ကနေ 1,200 iu/L အတွင်းသာရှိရမှာဖြစ်ပါတယ်
 
အဲဒီထက်ပိုများနေရင်(pancreatitis)ပန်ကရိယယောင်နေကြောင်းသိနိုင်ပါတယ်
 
 
Lipase (LIP)ဟာခွေးတွေမှာ  77 iu/L  ကနေ  695 iu/L အတွင်းရှိရမှာဖြစ်ပြီး
 
ကြောင်တွေမှာ   10 iu/L  ကနေ  450 iu/L အတွင်းသာရှိရမှာဖြစ်ပါတယ်
 
အဲဒီထက်ပိုများနေရင်(pancreatitis)ပန်ကရိယယောင်နေကြောင်းသိနိုင်ပါတယ်
 
 
Zawgyi
 
 
 
သွေးထဲမှာပါဝင်နေတဲ့
 
 

 
 
 
 
 
 
 
 
 
ပူတွဲးစစ်ဆေးလေ့ရှိကြပါတယ်

 
 
 

 
 
 

0 မှတ်ချက်များ to “ပန်ကရိယယောင်ယမ်းနေခြင်း (Pancreatitis) ရှိမရှိစစ်ဆေးခြင်း”

Post a Comment