«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Aug 2017

အသည်းယောင်အသားဝါရောဂါ(Tularemia)

,
Unicode
 
ဒီရောဂါကတော့ francisella tularensis လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားရတာပါ    
ရောဂါဖြစ်တဲ့ကြောင်တွေဟာရုတ်တရက်ဖျားလာတတ်ပါတယ် ၊ အစားအသောက်ပျက်မယ် ၊ ဗိုက်ပွမယ် ၊  အသည်းကြီးပြီးအသားတွေ မျက်လုံးတွေဝါလာတတ်ပါတယ် ၊   

လျှာပေါ်မှာအဖြူရောင်အကွက်တွေပေါ်လာပြီး အနာတွေဖြစ်လာတတ်ပါတယ် ၊ ဒီရောဂါဖြစ်နေ တဲ့ကြောင်ကို သွေးစစ်ကြည့်တဲ့အခါ WBC လို့ခေါ်တဲ့သွေးဖြူဥတွေသိသိသာသာများနေပြီး သွေးကိုခဲစေတတ်တဲ့ platelets ဆိုတဲ့အရာတွေလျှော့နည်းနေတာကိုတွေ့ရပါတယ် ၊

အသည်းကိုထိခိုက်မှုများနေရင်တော့သွေးထဲမှာ Bilirubin လို့ခေါ်တဲ့ အဝါရောင်ချယ်ဓါတ်တွေ အဆမတန်များပြားနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ် ၊ ဆီးစစ်ကြည့်ရင်လည်း bilirubin လို့ ခေါ်တဲ့ အဝါရောင်ချယ်ဓါတ်တွေနဲ့ သွေးနီဥတွေကိုတွေ့ရှိတတ်ပါတယ်။

ဒီရောဂါဖြစ်လာရင်ချက်ချင်းကုသနိုင်မှသာအသက်ရှင်နိုင်ပါတယ်၊ကုသမှုနောက်ကျတဲ့ကြောင်တွေ 
အဖို့ အသက်ရှင်နိုင်တဲ့အခွင့်အရေးနည်းလေ့ရှိပါတယ် ဒီရောဂါဟာ လူကိုလည်းကူးစက်နိုင်ပါတယ်၊ ရောဂါပိုးပါတဲ့လေကိုရှုမိရင်ဖြစ်စေ မိမိရဲ့ခန္တာကိုယ်မှာ အရေပြားပေါက်ပြဲတဲ့ဒါဏ်ရာတွေကနေဖြစ်
စေ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်၊ ရောဂါပိုးပါတဲ့ အစားအစားနဲ့ရေကိုစားသောက်မိရင်လည်း
ကူးစက်တတ်တဲ့အတွက် ဂရုစိုက်သင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

ဒီရောဂါဖြစ်ပွားလာရင် Streptomycin, gentamicin နဲ့tetracyclinesဆေးတွေနဲ့ထိထိရောက်
ရောက် ကုသပေးနိုင်ပါတယ် ၊ Gentamicin ထိုးဆေးကို(၁၀)ရက်လောက်အထိထိုးနှံပေးရပါမယ် ၊ စားဆေးဟာဘက်တီးရီယားပိုးတွေရဲ့ပွားများမှုကိုတားဆီပေးနိုင်တဲ့အတွက်ဆေးကုသခြင်းနဲ့ တစ်ပြိုင်နက်တည်း(၁၄)ရက်လောက်တိုက်ကျွေးပေးခြင်းအားဖြင့် ရောဂါပိုးကိုအမြစ်ဖြတ်ပေးနိုင် ပါတယ်။
         ထပ်မံဖတ်ရှုရန် Link ကိုနှိပ်ပါ ===>> Link
 
 Zawgyi


အသည်းကိုထိခိုက်မှုများနေရင်တော့သွေးထဲမှာbilirubin လို့ခေါ်တဲ့ အ၀ါရောင်ချယ်ဓါတ်တွေ အဆမတန်များပြားနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ် ၊ ဆီးစစ်ကြည့်ရင်လည်း bilirubin လို့ခေါ်တဲ့ အ၀ါရောင်ချယ်ဓါတ်တွေနဲ့ သွေးနီဥတွေကိုတွေ့ရှိတတ်ပါတယ်
ဒီရောဂါဖြစ်ပွားလာရင် Streptomycingentamicin နဲ့ tetracyclinesဆေးတွေနဲ့ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ် ၊ Gentamicin ထိုးဆေးကို(၁၀)ရက်လောက်ထိုးနှံပေးရပါမယ် ၊ စားဆေးဟာဘက်တီးရီယားပိုးတွေရဲ့ပွားများမှုကိုတားဆီပေးနိုင်တဲ့အတွက်ဆေးကုသခြင်းနဲ့တစ်ပြိုင်နက်တည်း(၁၄)ရက်လောက်တိုက်ကျွေးပေးခြင်းအားဖြင့် ရောဂါပိုးကိုအမြစ်ဖြတ်ပေးနိုင်ပါတယ် ၊

0 မှတ်ချက်များ to “အသည်းယောင်အသားဝါရောဂါ(Tularemia)”

Post a Comment