«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

အမအင်္ဂါနီယိုပလားစီးယားရောဂါ(Vaginal Neoplasia)

,
ဒီရောဂါကတော့ခွေးမတွေရဲ့မျိုးပွားအင်္ဂါအဝမှာအသားလုံးကြီးထွားလာခြင်းဖြစ်ပါတယ်၊ တစ်ချို့ကတော ဒီလိုဖြစ်တာကို သားအိမ်ထွက်ကျတာလို့ထင်တတ်ပါတယ်၊ အမှန်ကတော့သားအိမ်ထွက်ကျတာမဟုတ် ပါဘူး၊ ခွေးတွေမှာဖြစ်ပွားတတ်တဲ့ကာလသားရောဂါလည်းမဟုတ်ပါဘူး လူတွေကိုကူးစက်နိုင်တဲ့ရောဂါမျိုး လည်းမဟုတ်ပါဘူး အမှန်တော့အဲဒီနေရာမှာရှိနေတဲ့ဆဲလ်တွေဟာ ပုံမှန်မဟုတ်တဲ့အနေအထားမျိုးနဲ့ အလျှင်အမြန်ကြီးထွားလာခြင်းသာဖြစ်ပါတယ်။
ပိုပြီးသေချာအောင်အဲဒီနေရာကအသားစကိုရယူပြီးစစ်ဆေးကြည့်နိုင်ပါတယ် ၊ ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါ ကုဆရာဝန်တွေကတော့ လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်ရုံနဲ့ အလွယ်တကူခွဲခြားသိရှိနိုင်ကြပါတယ်။
စမ်းသပ်မှုအရအဲဒီနေရာမှာရှိနေတဲ့ဆဲလ်တွေဟာပုံမှန်အတိုင်းရှိနေရင်တော့၊ ပုံမှန်ခွဲစိပ်ကုသတဲ့နည်း Normal surgical procedure နဲ့ပဲခွဲစိပ်ဖြတ်တောက်ပြီးကုသနိုင်ပါတယ်။
Neoplasam လို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့ဆဲလ်တွေကိုတွေ့ရရင်တော့ ကင်ဆာရောဂါကိုကုသတဲ့ဆေးတစ်မျိုး ဖြစ်တဲ့ Vincristine sulphate ဆေးနဲ့ကုသပေးဖို့လိုအပ်ပါတယ် ၊Vincristine sulphate ဆေးဟာ ဝါသန်းသန်းအရောင်ရှိတဲ့ပုံဆောင်ခဲအမှုန့်လေးတွေဖြစ်ပါတယ်၊ အဲဒီဆေးမှုန့်လေးတွေကို သတ်မှတ်ပမာဏ ရှိတဲ့ဆေးထိုးမိုးရေနဲ့ဖျော်စပ်ပြီး အကြောဆေးအဖြစ်သွင်းပေးရတာဖြစ်ပါတယ်၊
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့ ဒီဆေးကိုကိုင်တွယ်ရတဲ့အခါမှာ အထူးသတိနဲ့ကိုင်တွယ်ကြရတာ ဖြစ်ပါတယ်၊ဒီဆေးဟာထိတွေမိတဲ့နေရာတွေကိုအလွန်ဘေးဉပါဒ်ဖြစ်စေတတ်ပြီးအနာတွေဖြစ်လာစေတတ်တဲ့ အပြင် မတော်တဆမျက်စေ့ထဲဝင်သွားရင်မျက်စေ့ကန်းသွားတတ်ပါတယ်၊ ဒါကြောင့်မို့ဒီဆေးကိုကိုင်တွယ်အသုံးပြုတဲ့အခါ လက်အိပ်တို့ အကာအကွယ်ဝတ်စုံတို့ မျက်နှာဖုံးစွပ်တို့လို အကာအကွယ်ပစ္စည်းတွေကိုအတိအကျဝတ်ဆင်ပြီးမှသာ စနစ်တကျကိုင်တွယ်ကုသပေးကြရပါတယ်။

0 မှတ်ချက်များ to “အမအင်္ဂါနီယိုပလားစီးယားရောဂါ(Vaginal Neoplasia)”

Post a Comment