Hypoparathyroidism ဆိုတာကတော့ပါရာသိုင်းရွိုက်ဂလင်းကနေ
ပါရာသိုင်းရွိုက် ဟိုမုန်းတွေ
ဟာ ပုံမှန် ထွက်ရမယ့်ပမာဏလောက်မထွက်နိုင်တဲ့အခြေအနေ(သို့)ထွက်လာပေမယ့်လည်း
သက်ရောက်မယ့် ဆဲလ်တွေအပေါ်မှာ အလုပ်မလုပ် နိုင်တဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်၊
ဒီလိုအခြေအနေမျိုးဟာ ခွေးအားလုံးမှာဖြစ်နိုင်ပေမယ့် အငယ်စားခွေးမျိုးတွေမှာပိုပြီးအဖြစ်များ
လေ့ရှိပါတယ် ။
ရောဂါတစ်ခုခုကြောင့်ပါရာသိုင်းရွိုက်ဂလင်းထိခိုက်ပျက်စီးတဲ့အခါမှာဖြစ်စေသိုင်းရွိုက်
ဂလင်းကို
ခွဲစိပ်ကုသ တဲ့အချိန်မှာပါရာသိုင်းရွိုက်ဂလင်းရဲ့ တစ်စိပ်တစ်ပိုင်းကိုပါဖြတ်ထုတ်မိသွားရင်ဖြစ်စေ
ပါရာသိုင်းရွိုက်ဟိုမုန်းကို လုံလောက်အောင်မထုတ်နိုင်တော့တာမျိုးဖြစ်လာတတ်ပါတယ်။
ဒါပေမယ့်အဲဒီလိုဖြစ်တာက
ယာယီလောက်သာဖြစ်နိုင်ပြီးလက်ကျန်ဆဲလ်တွေကနေပါရာသိုင်းရွိုက်
ဂလင်းအသစ်ပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်
မကြာခင်မှာပဲပြန်လည်ကောင်းမွန်သွား
လေ့ရှိပါတယ်။
ခွေးအကြီးတွေမှာဖြစ်ပွားတတ်တဲ့Idiopathic hypoparathyroidism ဆိုတာက ပါရာသိုင်းရွိုက်
ဂလင်းရဲ့အဓိကဆဲလ်တွေပျက်စီးကုန်တဲ့အတွက်ပါရာသိုင်းရွိုက်ဟိုမုန်းချို့တဲ့လာတဲ့ရောဂါဖြစ်ပါ
တယ်၊ ပါရာသိုင်းရွိုက်ဂလင်းမှာ
ကင်ဆာအကြိတ်ဖြစ်နေရင်လည်း hypoparathyroidism ဖြစ်လာ
တတ်ပါတယ်။
ဒီရောဂါဖြစ်နေတဲ့တစ်ချို့ခွေးတွေရဲ့ပါရာသိုင်းရွိုက်ဂလင်းထဲကိုခွေးကျောက်ရောဂါပိုးတွေရောက်
သွားလို့
ပိုဆိုးလာတာမျိုးလည်းတွေ့ရလေ့ရှိပါတယ် တစ်ခါတလေမှာတော့
ကိုယ်ခံစွမ်းအား
ဖောက်ပြန်မှုကြောင့်လည်းဒီရောဂါဖြစ်တတ်ပါတယ်။
ဒီရောဂါဖြစ်ပွားနေတဲ့ခွေးတွေဟာထိတ်လန့်လွယ်ပြီးဂဏှာမငြိမ်ဖြစ်နေတတ်တဲ့အပြင်
ခြေထောက်
တွေဟာ ဆတ်တောက်ဆတ်တောက်(သို့)တရွတ်ဆွဲတာမျိုးဖြစ်တတ်တဲ့အပြင် ၊
ခန္တာကိုယ်ရဲ့နေရာ
အနှံ့ကကြွက်သား တွေတုန်တာမျိုးကြွက်တက်တာမျိုးလည်းတွေ့ရတတ်ပါတယ်။
တခါတရံမှာခွေးဟာတက်သွားမျိုးတွေ့ရတတ်ပါတယ် ဒီရောဟာဟုတ်မဟုတ်ကိုတော့ကြွက်သား
တွေလှုပ်တဲ့လက္ခဏာတွေအပြင် သွေးထဲမှာကယ်ဆီယမ်ဓာတ် နည်းပြီး ဖော့စဖရပ်များနေခြင်း
ရှိမရှိကိုစမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။
ကုသဖို့ဆိုရင်
10% calcium gluconate ကို
0.9% saline နဲ့ရောစပ်ပြီး 2.5 mL/kg/hr နှုန်းနဲ့
၈နာရီကြာအောင်ဖြည်းဖြည်းလေးသွင်းပေးခြင်းအားဖြင့်ကြွက်တတ်နေတာကိုသက်သာသွားစေ
မှာဖြစ်ပါတယ်
၊ calcium gluconate ဆေးဟာ
နှလုံးကိုအဆိပ်သင့်စေတတ်တဲ့အတွက် အမြန်
သွင်းပေးမိရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုသတိပြုဖို့လိုပါတယ်။
ပါရာသိုင်းရွိုက်ဟိုမုန်း
ချို့တဲ့နေတဲ့အခြေအနေမှာ သွေးထဲကကယ်ဆီယမ်ပါဝင်မှုကို
ရေရှည်ထိမ်း
ပေးထားနိုင်ဖို့ဆိုရင် ကယ်ဆီယမ်ပါဝင်မှုများပြီး ဖော့စဖရပ်နည်းတဲ့အစာ
အစာတွေကိုကြွေးရမယ့်
calcium gluconate (သို့) calcium lactateစားဆေး တွေကိုလည်းပူးတွဲတိုက်ကျွေးပေးရမှာဖြစ်ပါ
တယ်။ခွေးရဲ့ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဗီတာမင်D3စားဆေးကိုနေ့စဉ်(≥25,000-50,000)
အထိတိုက် ကျွေးပေးရပါမယ်။
ကုသမှုကြောင့်သွေးထဲမှာကယ်ဆီယမ်ပမာဏ အလွန်အမင်းမြင့်တက်မသွားအောင်အမြဲတမ်း
စောင့်ကြည့်နေသင့်ပြီး ဗီတာမင်(D3)စားဆေးကျွေးတာကိုလည်းလိုအပ်သလို ချင့်ချိန်ကျွေးပေးရမှာ
ဖြစ်ပါတယ်။
သွေးထဲက ကယ်ဆီယမ်ပမာဏကို(၅)ရက်တစ်ကြိမ် လောက်စစ်ဆေးကြည့်နေသင့်ပြီး ပုံမှန်အခြေ
အနေကို ပြန်ရောက်သွားပြီဆိုရင် ဗီတာမင် D3စားဆေး ကျွေးတဲ့ ပမာဏကိုလျှော့ချပေးရမှာဖြစ်ပါ
တယ်၊ ခွေးအများစု မှာတော့ ကယ်ဆီယမ်စားဆေးကျွေးပေးနေရုံနဲ့တင် ထိမ်းပေးထားလို့ရနိုင်တာ
ကိုတွေ့ပါတယ်။
ရောဂါအခြေအနေအလွန်ဆိုးနေတဲ့အချိန်မှာတော့ Parathyroid hormone (Natpara)ကိုနေ့စဉ်
ထိုးနှံပေးရမှာဖြစ်ပါတယ်။