«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 May 2018

ပလိပ်ရောဂါ (Yersiniosis)

,
Yersinia ရောဂါပိုးဆိုတာကတော့ အလုံးပုံစံရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဖြစ်ပါတယ်။ ခွေးနဲ့ကြောင်ကိုရောဂါဖြစ်စေတဲ့ Yersinia ရောဂါပိုး မျိုးကွဲ(၃)မျိုးရှိပါတယ် Yersinia pestis , Yersinia enterocolitica နဲ့  Yersinia pseudotuberculosis တို့ဖြစ်ပါတယ်            
Y. pestis , ကတော့ကြွက်နဲ့လူမှာ ပလိပ်ရောဂါဖြစ်ပွားစေတဲ့ပိုးမျိုးကွဲဖြစ်ပါတယ် ၊ ရောဂါဖြစ်တဲ့ကြွက်ကို စားမိတဲ့ကြောင်တွေကိုလည်း ကူးစက်တတ် ပါတယ် ၊ ကြောင်တွေမှာဒီရောဂါဖြစ်လာရင် လည်ပင်းပိုင်းက အကြိတ်တွေ ယောင်ပြီး ပြည်တည်နာတွေဖြစ်လာတတ်ပါတယ် ။                                                 ဒီရောဂါပိုးဟာသွေးထဲကနေတဆင့် အဆုတ်ထဲကိုရောက်သွားရင်တော့ ကြောင်ဟာအပြင်းဖျားလာပါမယ် ပါးစပ်ထဲမှာအနာတွေပေါက်လာပြီး လျှာဟာ နီရဲယောင်ယမ်းနေတာကိုတွေ့ရပါမယ်၊အန်မယ်၊၀မ်းလျှော မယ်  ၊ ၀မ်းဗိုက်ပိုင်း ဖောင်းနေတတ်ပြီး အခြေအနေဆိုးလာတဲ့အခါ ရှော့ဖြစ်ပြီး မေ့မြောသေဆုံးသွား တတ်ပါတယ် ။                                                                                ခွေးတွေမှာဒီရောဂါဖြစ်လာရင်လည်း အပြင်းဖျားလာတတ်ပါတယ် လည်ပင်းပိုင်းကအကြိတ်တွေယောင်ပြီး ပြည်တည်နာဖြစ်လာတတ်ပါတယ် ၊ ခွေးဟာခေါင်းမထောင်နိုင်လောက်အောင်မှိုင်နေတတ်ပြီး ခဏခဏ အန်နေတတ်ပါတယ်။                                                                                
Y. enterocolitica ကတော့ ပုံမှန်ကျန်းမာနေတဲ့ခွေးနဲ့ကြောင်တွေရဲ့ မစင်ထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ပိုးမျိုးကွဲဖြစ်ပါတယ်၊ တစ်ခါတစ်ရံ ကိုယ်ခံအား ကျသွားတဲ့အခါမျိုးမှာတော့ ၀မ်းပျက်စေတတ်ပြီးအယိအချွဲနဲ့  သွေးစပါတဲ့ဝမ်းမျိုးသွားတတ်ပါတယ် ၊ ဒီပိုးမျိုးကွဲဟာ ခွေးရဲ့အူထဲမှာရှိနေရင် အန္တရာယ်မပေး ပေမယ့် ၊ သွေးစီးကြောင်းအတိုင်းနှလုံးဆီကိုရောက်သွားရင် တော့ နှလုံးကိုယောင်ယမ်းစေတဲ့အတွက် ရုတ်တရက်သေဆုံးတတ်ပါတယ်။             
Y. pseudotuberculosis မျိုးကွဲဟာ ခွေးတေကိုရောဂါမဖြစ်စေပဲ ခန္တာကိုယ် ထဲမှာခိုအောင်းနေတတ် ကြပါတယ် ၊ အမဲသားစိမ်းစားတဲ့ကြောင် တွေမှာတော့ ၀မ်းဗိုက်မအီမသာဖြစ်စေတတ်ပြီး ပိန်ချုံးချည့်နဲ့ လာစေပါတယ် ၊ ကြောင်ရဲ့ ခန္တာကိုယ်အရည်ဓါတ်ကိုလည်းခန်းခြောက်စေပါတယ်။
Yersinia ရောဂါပိုးတွေကို အောက်ပါပဋိဇီဝဆေးတွေနဲ့ သုတ်သင်နိုင်ပါတယ်
အဲဒီဆေးတွေကတော့ tetracycline, gentamicin, cephalosporins  နဲ့  trimethoprim-sulfonamides  တို့ဖြစ်ပါတယ်။

= = = = = = = = = = = = = = = = = = = = = = = = = = =


(Unicode Version)

ပုလိပ်ရောဂါ(Yersiniosis)
ဒီရောဂါကတော့ လုံးဝိုင်းတဲ့ပုံစံရှိတဲ့ ဘက်တီးရီးယားရောဂါပိုးတွေကြောင့်ဖြစ်ပွား တာပါ ၊ ခွေးကြောင်တေွမှာ ပုလိပ်ရောဂါကိုဖြစ်စေတဲ့ Yersinia  ရောဂါပိုးမျိုးကွဲ(၃)မျိုး ရှိပါတယ် Yersinia pestis , Yersinia enterocolitica  နဲ့ Yersinia pseudotuberculosis တို့ဖြစ်ပါတယ်
Yersinia pestis ကတော့ကြွက်တွေနဲ့လူတွေမှာလည်းပုလိပ်ရောဂါကိုဖြစ်ပွားစေ ပါတယ် ၊ ဒီရောဂါဖြစ် နေတဲ့ကြွက်ကိုစားမိတဲ့ကြောင်တွေကိုလည်း ကူးစက်တတ်ပါ တယ် ၊ ကြောင်တွေမှာဒီရောဂါ ကူးစက်ဖြစ်ပွားလာတဲ့အခါ ကြောင်ရဲ့လည်ပင်းပိုင်းက အကြိတ်တွေ ယောင်လာပြီးပြည်တည်နာတွေ ဖြစ်လာတာကိုတွေ့နိုင်ပါတယ် ရောဂါပိုး တွေဟာ သွေးထဲကနေတဆင့် အဆုပ်ထဲကိုရောက်သွားရင်တော့ ကြောင်ဟာ အပြင်း ဖျားလာတတ်ပါတယ်၊ အဲဒီနောက်ပါးစပ်ထဲမှာအနာတွေပေါက်လာပြီးပါးစပ်ကို စစ်ဆေးကြည့်ရင်သူ့ရဲ့လျှာဟာနီရဲပြီးယောင်ယမ်းနေတာကိုတွေ့နိုင်ပါတယ်၊ပြင်ပ လက္ခဏာအနေနဲ့ကတော့ ဝမ်းဗိုက်ပိုင်းဟာဖောင်းနေတတ်ပြီးအန်ခြင်းနဲ့ဝမ်းလျှောခြင်းကိုလည်းတွေ့ရ နိုင်ပါတယ်၊ ရောဂါအခြေအနေ ဆိုးလာရင်တော့ရှော့ဖြစ်လာပြီးမေ့မြောကာ သေဆုံးသွားတတ်ပါတယ်
ခွေးတွေမှာဒီရောဂါဖြစ်လာရင်လည်းအပြင်းဖျားခြင်းကစတင်တတ်ပြီးကြောင်ရဲ့လည်ပင်းပိုင်းကအကြိတ်တွေ ယောင်လာပြီးနောက်ပြည်တည်နာတွေဖြစ်လာတာကိုတွေ့နိုင်ပါတယ်ခွေးဟာခေါင်းမထောင်နိုင်လောက်အောင် မှိုင်တွေနေတတ်ပြီးခဏခဏ အန်နေတာကိုတွေံနိုင်ပါတယ်
Y. enterocolitica ဘက်တီးရီးယားကတော့ ပုံမှန်ကျန်းမာနေတဲ့ ခွေးကြောင်တွေရဲ့ မစင်ထဲမှာဘာဝအတိုင်းရှိနေတတ်တဲ့အမျိုးအစားဖြစ်ပါတယ်သာမန်အားဖြင့် ဒုက္ခပေး လေ့မရှိပဲ ကိုယ်ခံအား ကျသွားတဲ့အခါမျိုးမှာတော့ ဝမ်းပျက်ပြီး အယိအချွဲနဲ့သွေးစတွေပါလာစေတတ်ပါတယ် ဒီပိုးဟာ ခွေးရဲ့အူထဲမှာရှိနေရင်တော့ ခွေးကိုအန္တရာယ်မဖြစ်စေပေမယ့် သွေးစီးကြောင်းအတိုင်းပါသွားပြီး နှလုံးထဲကို ရောက်သွားရင်တော့ နှလုံးကိုယောင်ယမ်းစေတတ်တဲ့အတွက် ရုတ်တရက်သေဆုံး တာမျိုးဖြစ်တတ်ပါတယ်
Y. pseudotuberculosis အမျိုးအစားကတော့ ခွေးတွေကိုရောဂါမဖြစ်တေပဲ ခွေးရဲ့ ခန္တာကိုယ်ထဲမှာ ခိုအောင်းနေလေ့ရှိတဲ့အမျိုးအစားဖြစ်ပါတယ် ၊ အမဲသားစိမ်းစားတဲ့ကြောင်တွေမှာတော့ဝမ်းဗိုက်ကိုမအီမသာဖြစ်စေတတ်ပြီးတဖြည်းဖြည်းနဲ့ပိန်ချုံးလာစေတတ် တဲ့အပြင်ကြောင်ရဲ့ခန္တာကိုယ်အရည်ဓာတ်ကိုလည်းအလျှင်အမြန်ခန်းခြောက်စေတတ်ပါတယ်
Yersinia ရောဂါပိုအမျိုးအစားတွေကို tetracycline, gentamicin, cephalosporins နဲ့ Trimethoprim-sulfonamides  စတဲ့ပဋိဇီဝဆေးတွေနဲ့သုပ်သင်နိုင်ပါတယ်

0 မှတ်ချက်များ to “ပလိပ္ေရာဂါ (Yersiniosis)”

Post a Comment