«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

ကူးစက်တတ်သောကြောင်သွေးအားနည်းရောဂါ (FELINE INFECTIOUS ANEMIAS)

,

ဒီရောဂါကတော့ကြောင်တွေရဲ့သွေးနီဥတွေကိုပျက်စီးစေတဲ့ရောဂါဖြစ်ပါတယ်၊သွေးအား

အလွန်အမင်းနည်း သွားစေနိုင်တဲ့အတွက် ပိန်ချုံးချည့်နဲ့လာပြီးအမြဲလိုလို မောဟိုက်နေ

တတ်တဲ့အထိရောဂါပြင်းထန်နိုင်ပါတယ်၊ 

များသောအားဖြင့်ရောဂါဖြစ်ပွားတဲ့ကြောင်တွေရဲ့(၃၀)ရာခိုင်နှုန်းဟာ သေဆုံးသွားတတ်

ပါတယ်။ ဒီရောဂါကိုဖြစ်ပွားစေတဲ့ပိုး (၂) ရှိပါတယ် ၊ အဲဒီပိုးတွေကတော့                                              

(၁) Cytauxzoon felis   နဲ့                                                                          

(၂) Mycoplasma haemophilus တို့ဖြစ်ပါတယ်      

 

ဒီရောဂါကူးစက်ပုံကတော့ Cytauxzoon felis ပိုးကတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့မွှားတွေ 

ကိုက်တာခံရတဲ့အခါမှာ ကြောင်တွေမှဒီရောဂါဖြစ်ပွားလာပါတယ်၊ 

 

Mycoplasma haemophilus ရောဂါပိုးကျတော့ သွေးနီဥတွေရဲ့ အတွင်းမှာနေတဲ့ ကပ်ပါးပိုးဖြစ်တာ 

ကြောင့် ၊ ကြောင်အချင်းချင်းကိုက်တဲ့အခါမှာသာကူးစက်စေနိုင်ပါတယ် ၊ကြောင်တွေမှာတော့

အချင်းချင်းကိုက်ကြတဲ့အခါ ဒီ Mycoplasma haemophilus ပိုးဝင်သွားပြီးကူးစက်တာကပိုများလေ့

ရှိပါတယ် ..။  


ခန္တာကိုယ်ထဲကိုရောဂါပိုးတွေ ဝင်ရောက်လာတာနဲ့  ကြောင်ရဲ့ခုခံအားစံနစ်ကအပြင်းအထန် 

စတင်တိုက်ခိုက် ကြပါတယ်၊ အဲဒီအခါမှာ… ရောဂါပိုးခိုအောင်းနေတဲ့သွေးဥလေးတွေကိုပါ 

အတိုက်ခိုက်ခံရပြီးပျက်စီးသွားရ ပါတယ်.. ပြင်ပကနေဆေးဝါးအကူအညီနဲ့မကုသပဲထားတဲ့

ကြောင်တွေရဲ့ (၃၀) ရာခိုင်နှုန်းကတော့ သေဆုံးသွားတတ်ပါတယ် ၊ မသေပဲကျန်နေတဲ့

ကြောင်တွေဟာ ရောဂါပိုးသယ်ဆောင်ထားတတ်ကြပြီး ရောဂါကိုဆက်လက် ကူးစက်အောင်

ဖြန့်ဖြူးနိုင်တဲ့  Carrier ကောင်တွေအဖြစ်နဲ့ ဆက်လက်အသက်ရှင်နေတတ်ကြပါတယ်။

 

ဒီရောဂါကကြောင်တွေမှာအသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် ၊ရောဂါရှိနေတဲ့ကြောင်မကြီးက 

သားငယ်ကို ပေါက်ပြဲအောင်ကိုက်မိရင်လည်း သားငယ်လေးတွေမှာရောဂါကူးစက်ဖြစ်ပွားစေ

ပါတယ် ။

 

ဒီရောဂါရလာတဲ့ကြောင်ဟာအစာမစားပဲမှိုင်နေတတ်ပြီး နာတာရှည်အဖျားရှိနေတတ်ပါတယ်

တစ်ချို့ကြောင် တွေမှာ Jaundice  လို့ခေါ်တဲ့ မျက်လုံးဝါတာနဲ့ ဆီးဝါတာမျိုးကိုတွေ့ရပါတယ် 

၊ကြောင်ဟာအားအင်ချည့်နဲ့ ပြီးတော့ တဖြည်းဖြည်းပိန်ချုံးလာတတ်တဲ့အပြင် ၊အသက်ရှုတာမြန်

ပြီး အမြဲလိုလို မောဟိုက်နေတတ်ပါတယ်၊ Cytauxzoon felis ပိုးကြောင့်ဖြစ်တာဆိုရင်တော့ 

အသက်အန္တရာယ်နဲ့ပိုနီးပါတယ်။

ဒီရောဂါလို့ထင်တဲ့ကြောင်ကို သွေးဖောက်ယူပြီးကိုသွေးနီဥပါဝင်မှုအရည်အတွက်ကိုမှန်ပြားပေါ်မှာ 

စစ်ဆေး ကြည့်ရင်သွေးနီဥပါဝင်မှုပမာဏအလွန်နည်းနေတာကိုတွေ့ရပါတယ်၊

ရိုးတွင်းချင်ဆီကိုစစ်ဆေး ကြည့်ရင်တော့ ဘယ်ရောဂါပိုးကြောင့်ဖြစ်ပွား နေတယ်ဆိုတာကို

ခွဲခြားသိနိုင်ပါတယ်။

 

Cytauxzoon felis   ရောဂါပိုးကြောင့်ဖြစ်တာဆိုရင်  ရောဂါစတင်ဖြစ်တာနဲ့ Imidocarb

dipropionate နဲ့ Diminazene aceturate ဆေးနဲ့ချက်ချင်းကုသပေးရပါမယ်၊ ကုသတာနောက်ကျ 

ရင်တော့ အသက်အန္တရာယ်ရှိ နိုင်ပါတယ် ၊ 

ရောဂါအခြေအနေဆိုးတဲ့ကြောင်တွေကို အသက်ကယ်နိုင်ဖို့အတွက် ၊ သွေးသွင်းကုသပေးခြင်း 

ကိုလည်းတစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်၊ သွေးစစ်တဲ့အဖြေအရ Mycoplasma 

haemophilus ရောဂါပိုးကြောင့်ဖြစ်တာဆိုရင်တော့ Doxycycline  နဲ့  Enrofloxacin ဆေးတွေနဲ့

ကုသပေးရပါတယ်။

0 မှတ်ချက်များ to “ကူးစက်တတ်သောကြောင်သွေးအားနည်းရောဂါ (FELINE INFECTIOUS ANEMIAS)”

Post a Comment