Unicode
ခွေးတွေရဲ့နားထဲမှာစွဲကပ်ပြီးဒုက္ခပေးတတ်တဲ့ ကပ်ပါးပိုးကောင်လေးတွေကိုနားတွင်းကပ်ပါးပိုး
Otodectesynotis mites လို့ခေါ်ပါတယ် ၊ သူဖာသာသူနေရင်ပြသနာသိပ်မရှိတတ်ပေမယ့်
ဒီကပ်ပါးပိုးကောင်တွေကိုခွေးရဲ့ခန္တာကိုယ်ထဲကကိုယ်ခံစွမ်းအားစနစ်က လက်မခံပဲနိုးကြား
ခွေးရဲ့နားထဲမှာဒီကပ်ပါးပိုးကောင်လေးတွေစွဲကပ်နေရင်ခွေးဟာယားယံတဲ့အတွက်ကြောင့်
နားရွက်ကိုမကြာခဏကုပ်ခြစ်နေတတ်ပါတယ် ၊ခေါင်းကိုလည်းမကြာခဏခါယမ်းနေတတ်ပြီး
နားရွက်နောက်ပိုင်းနေရာဟာကုပ်ခြစ်မှုကြောင့်စုတ်ပြဲနေတတ်ပါတယ်၊ လည်ပင်း၊တင်ပါးနဲ့အမြီး
နေရာတွေမှာယားယံမှုကြောင့်ကုပ်ခြစ်ထားလို့ ပွန်းနေတဲ့ဒါဏ်ရာတွေကိုတွေ့ရှိနိုင်ပါတယ်
ခေါင်းကိုကြမ်းကြမ်းတမ်းတမ်းခါယမ်းမှုကြာလာတဲ့အခါမှာ နားအတွင်းကသွေးကြောတွေပေါက်ကွဲ
ပျက်စီးကုန်ပြီး နားအတွင်းမှာသွေးခြေဥလာတတ်ပါတယ် ၊ အဲလိုဖြစ်နေတဲ့အခြေအနေမှာ ခွေးက
ကုတ်ခြစ်ပြန်ရင် အနာတွေဖြစ်သွားပါတော့တယ် ၊ ဒါကြောင့်မို့ ခွေးရဲ့နားအတွင်းမှာ Otodectes
Cynotis mites လို့ခေါ်တဲ့ကပ်ပါးပိုးကောင်လေးတွေစွဲကပ်နေရင် ပေါ့ပေါ့ဆဆမနေသင့်ပဲစောစော
စီးစီး ပျောက်ကင်းအောင်ကုသပေးသင့်ပါတယ်။
ဒီနားတွင်းကပ်ပါးပိုးကောင်လေးတွေဟာ ခွေးတွေမှာအသက်အရွယ်မရွေးစွဲကပ်နိုင်ပေမယ့်
ခွေးငယ်လေးတွေမှာ ပိုပြီးဖြစ်ပွားလေ့ရှိပါတယ် ၊ နားရွက်ထဲအပြင် ခန ္တာကိုယ်အနှံ့မှာလည်း
စွဲကပ်လေ့ရှိပါတယ် ခွေးတစ်ကောင်နဲ့တစ်ကောင်လျှင်မြန်စွာကူးစက်နိုင်ပါတယ်။
ရောဂါဖော်ထုတ်ဖို့အတွက်ဆိုရင် သွေးရဲ့အနေအထားကိုစစ်ဆေးမှု Blood profile လုပ်ရပါမယ်
သွေးထဲမှာပါဝင်နေတဲ့အရာအားလုံးကိုရေတွက်ခြင်း Complete blood count လုပ်ရပါမယ်
သွေးအတွင်းမှာရှိနေတဲ့ဓါတ်ဆားပါဝင်မှုအခြေအနေ Electrolyte panel ကိုစစ်ဆေးကြည့်ရပါမယ်
ရောဂါလက္ခဏာဖြစ်နေတဲ့နေရာကအရေပြားကိုခြစ်ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးရပါမယ် ၊
နားအတွင်းကထွက်နေတဲ့အရည်ကို တို့ဖတ်နဲ့ဆွတ်ယူပြီး ကပ်ပါးကောင်ရဲ့အမျိုးအစားကို
ဓါတ်ခွဲခန်းမှာစစ်ဆေးခွဲခြားနိုင်ပါတယ် ၊
နားအတွင်းကဒါဏ်ရာကို နားသန့်ဆေးရည်နဲ့ဆေးကြောပေးရပါမယ်၊နားတွင်းကပ်ပါးပိုးသတ်ဆေး
နားအတွင်းကဒါဏ်ရာကို နားသန့်ဆေးရည်နဲ့ဆေးကြောပေးရပါမယ်၊နားတွင်းကပ်ပါးပိုးသတ်ဆေး
Ear mite parasiticides ကို (၇-၁၀)ရက်လောက်လိမ်းပေးရင် ကပ်ပါးကောင်လေးတွေအပြင်
သူတို့ရဲ့ ဥတွေကိုပါသုပ်သင်နိုင်ပါတယ် ၊အဲဒီနောက်(၂)ပါတ်လောက်နားပြီးနောက်တစ်ခါထပ်
လိမ်းပေးရပါမယ်။
Imidacloprid နဲ့ Moxidectin ဆေးတွေပါဝင်တဲ့ Advantage Multi for Dogs လိမ်းဆေးကဲ့သို့
လှေးသတ်ဆေး Flea treatments တွေကိုခွေးရဲ့ခန္တာကိုယ်တစ်ခုလုံးမှာတစ်လတစ်ကြိမ်လောက်
လိမ်းပေးခြင်းပြုလုပ်သင့်ပါတယ်၊ ကပ်ပါးရောဂါများစွာကိုသုပ်သင်နိုင်တဲ့ Ivermectin ထိုးဆေး
ဟာလည်းခန္တာကိုယ်အနှံ့ ပြန့်နှံ့နေတဲ့ နားတွင်းကပ်ပါးပိုးတွေကိုပါသုပ်သင်နိုင်ပါတယ်။
Zawgyi
ကိုခွေးရဲ့ခန္တာကိုယ်ထဲကကိုယ်ခံစွမ်းအားစနစ်က လက်မခံပဲနိုးကြားတိုက်ခိုက်လာရင်တော့နားအတွင်းမှာ
ပြသနာတက်လာနိုင်ပါတယ်
ပျက်စီးကုန်ပြီး
cynotis
၊
blood profile လုပ်ရပါမယ်
complete blood count လုပ်ရပါမယ်
electrolyte panel ကိုစစ်ဆေးကြည့်ရပါမယ်
နားအတွင်ကထွက်နေတဲ့အရည်ကို တို့ဖတ်နဲ့ဆွတ်ယူပြီး ကပ်ပါးကောင်ရဲ့အမျိုးအစားကို
၊
Ear mite
imidacloprid နဲ့
moxidectin ၊ ဆေးတွေပါဝင်တဲ့ Advantage Multi®
for Dogs လိမ်းဆေး
လိမ်းပေးခြင်းနဲ့ ကပ်ပါးရောဂါများစွာကိုသုပ်သင်နိုင်တဲ့
ivermectin
ကိုပါသုပ်သင်နိုင်ကြောင်းတင်ပြအပ်ပါတယ်