«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jun 2017

ကြောင်သူငယ်နာရောဂါ (Acne)

,

Unicode
 

ဒီရောဂါဟာ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ဒီနေ့အထိမသိရသေးပါဘူး ၊ ကြောင်တွေမှာ 

အသက်အရွယ်မရွေး ဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်၊ ရောဂါလက္ခဏာတွေကိုကြောင်ရဲ့ 

အောက်နှုတ်ခမ်းနဲ့ မေးစေ့နေရာမှာတွေ့ရတာများပါတယ်၊ အဲဒီနေရာတွေမှာရှိတဲ့ချွေးဂလင်းတွေရဲ့

အထွက်ပေါက်နေရာတွေမှာ ပိတ်ဆို့နေတဲ့အတွက် ချွေးကဲ့သို့အဆီရည်တွေထွက်မလာနိုင်ရာကနေ

ဒီရောဂါစတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီနေရာမှာရှိနေတဲ့အမွေးတွေရဲ့အမြစ်ရင်းတွေကနေ Sebum လို့ခေါ်တဲ့ပျစ်ချွဲချွဲအစေးတွေ

ထွက်နေတဲ့အတွက် ရုတ်တရက်ကြည့်ရင် လျှာရည်မထိမ်းနိုင်သလိုထင်ရတတ်ပါတယ်။
 

ဒီရောဂါဖြစ်တဲ့ကြောင်တွေရဲ့ဦးခေါင်းပိုင်းဟာ အနက်ရောက်ဖက်ကို ပြောင်းလာတတ်ပြီး  

သူ့ရဲ့မေးစေ့နေရာနဲ့အောက်နှုတ်ခမ်းနေရာတွေမှာယောင်ယမ်းနေတတ်ပါတယ် ၊ မေးစေ့နေရာက

အရေပြားတွေဟာပွစုတ်စုတ်ဖြစ်နေတတ်ပါတယ် ၊ အခြားရောဂါပိုးဝင်လို့ အခြေအနေဆိုးလာရင် 

တော့ ဝက်ခြံလိုအဖုလေးတွေထွက်လာပါတယ် ၊ အဲဒီအဖုလေးတွေကနေအစေးတွေထွက်တဲ့အတွက်

စိုရွှဲနေတတ်ပါတယ်၊ တခါတရံသွေးစို့နေတာမျိုးလည်းတွေ့ရတတ်ပါတယ် ၊ဒီအချိန်မှာကုသမှု 

မလုပ်ခဲ့ရင်မေးစေ့နေရာကအမွှေးတွေကျွတ်ထွက်ကုန်ပြီး အရေပြားဟာရေနွေးပူလောင်ထားသလို နီရဲရဲဖြစ်လာတတ်ပါတယ်။

 
 
 
ဒီရောဂါဟာ ကြောင်ယားနာရောဂါ (Acral lick disease) လိုပဲ အရေပြားမှာဖြစ်တဲ့ရောဂါတစ်ခု
 
ဖြစ်ပေမယ့် ၊ မြင်ရုံနဲ့အလွယ်တကူခွဲခြားနိုင်ပါတယ်၊ ဒါပေမယ့် တခါတရံ မေးစေ့လိုနေရာမျိုးမှာ
 
လည်း မှိုစွဲတာတို့ mange ပိုးစွဲတာတို့ဖြစ်နိုင်သေးတာမို့ အရေပြားကိုခြစ်ယူပြီး ဓါတ်ခွဲခန်းမှာ
 
စစ်ဆေးကြည့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ ၊ ဒီရောဂါဖြစ်လာရင် အဲဒီနေရာတစ်ဝိုက်ကို 
 
သေသေချာချာဆေးကြောသန့်စင်ပြီး Benzoyl peroxide (OxyDex အမည်နဲ့ဝယ်လို့ရပါတယ်), သို့မဟုတ်
 
Chlorhexidine (Nolvasan အမည်နဲ့ဝယ်လို့ရပါတယ်)(သို့မဟုတ်)Povidone-iodine (Betadine 
 
အမည်နဲ့ဝယ်လို့ရပါတယ်)စတဲ့ပိုးသန့်ဆေးရည်တစ်မျိုးမျိုးနဲ့သုပ်လိမ်းပေးနိုင်ပါတယ်။
 
 
အခြားရောဂါပိုးဝင်ရောက်မှုရှိနေရင်တော့ သင့်လျှော်တဲ့ပဋိဇီဝဆေးကိုတိုက်ကျွေးခြင်း(သို့)ထိုးနှံပေးခြင်း
 
တို့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်၊ အစာကျွေးတဲ့အခါမှာလည်း အစာစိုကိုမကျွေးပဲ အစာခြောက်ကို
 
ပြောင်းလဲကျွေးမွေးသင့်ပါတယ်၊ အစာကျွေးပြီးတာနဲ့ မေးစေ့နေရာကိုဆေးကြောသန့်စင်ပြီး 
 
အထက်ပါဆေးတစ်မျိုးမျိုးကိုသုပ်လိမ်းပေးရပါမယ်၊ ကြောင်ကို ပိုးသတ်ဆေးတစ်မျိုးမျိုးပါတဲ့ရေချိုး
 
ဆပ်ပြာရည်ရှန်ပူနဲ့ရေချိုးသန့်စင်ပေးသင့်ပါတယ်၊အဲဒီလိုနှစ်ပါတ်သုံးပါတ်လောက်နေ့စဉ်ဆေးလိမ်း
 
ပေးရင်သက်သာ ပျောက်ကင်းလာနိုင်ပါတယ် ၊ ဒါပေမယ့်အဲဒီလိုလုပ်ပေးနေတဲ့ကြားက ပြန်ပြန်
 
ဖြစ်လာတာမျိုးလည်းရှိတတ်ပါတယ် ၊ အဲဒီလိုအခြေအနေမျိုးကြုံလာရင်တော့ဆေးလိမ်းပေးရမယ့် 
 
အချိန်ဇယားအတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အကြံဉာဏ်ကိုရယူသင့်ပါတယ်၊ 
 
 
လိုအပ်ရင် ဆေးလူးတာကိုတစ်ပါတ်လျှင်(၂)ကြိမ်နှုန်းနဲ့ အမြဲတန်းမှန်မှန်လုပ်ပေးရတတ်ပါတယ်၊ 
 
ပျောက်ကင်း သက်သာသွားပြီဆိုပြီး အမှုမဲ့အမှတ်မဲ့မနေသင့်ပါဘူး ၊ ဒီရောဂါဟာ ပြန်လည်ဖြစ်ပွား 
 
တတ်တာမို့ မိမိကြောင်ကို မကြာခဏစစ်ဆေးနေသင့်ပြီး၊  ပြန်ဖြစ်လာတဲ့လက္ခဏာတွေ့ရင်တော့ ၊
 
သန့်ရှင်းရေးလုပ်တာနဲ့ ဆေးလူးတာကို အရင်အတိုင်းပဲပြန်လုပ်ပေးရမှာဖြစ်ပါတယ်။
 
Zawgyi
 
ဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်ရောဂါလက္ခဏာကတော့ ကြောင်ရဲ့အောက်နှုတ်ခမ်းနဲ့ မေးစေ့နေရာမှာတွေ့ရတာများပါတယ်

အဲဒီနေရာမှာရှိနေတဲ့အမွေးတွေရဲ့အမြစ်ရင်းတွေကနေ sebum လို့ခေါ်တဲ့ပျစ်ချွဲချွဲ အစေးတွေထွက်နေတဲ့အတွက် 
ဒီရောဂါဖြစ်တဲ့ကြောင်တွေမှာ  မေးစေ့နေရာမှာယောင်ယမ်းနေတတ်ပါတယ် ၊ မေးစေ့နေရာကအရေပြားဟာ
ပွစုတ်စုတ်ဖြစ်နေပြီး အစေးတွေနဲ့စိုရွှဲနေတတ်ပါတယ် ၊ အခြားရောဂါပိုးဝင်လို့ အခြေအနေဆိုးလာရင်တော့ 
ကြွက်နို့လိုအဖုလေးတွေဖြစ်လာပါမယ် ၊ တခါတရံသွေးစို့လာတာမျိုးလည်းရှိပါတယ် ၊ မေးစေ့နေရာကအမွှေးတွေကျွတ်ကုန်ပြီး 
အရေပြားဟာ ရေနွေးပူလောင်ထားသလို နီရဲရဲဖြစ်နေတာကို တွေ့ရတတ်ပါတယ် ၊



ဒီရောဂါဖြစ်လာရင် အဲဒီနေရာတစ်ဝိုက်ကို သေသေချာချာဆေးကြောသန့်ရှင်းပြီး Betadine ဆေးရည်လို ပိုးသန့်ဆေးရည်တစ်မျိုးမျိုးသုပ်လိမ်းပေးနိုင်ပါတယ် ၊ အခြားရောဂါပိုးဝင်ရောက်မှုရှိနေရင်တော့ သင့်လျှော်တဲ့ပဋိဇီဝလိမ်းဆေးတစ်မျိုးမျိုးလိမ်းပေးရပါမယ် ၊ အဲဒီလိုနှစ်ပါတ်သုံးပါတ်လောက် နေ့စဉ်ဆေးလိမ်းပေရင် သက်သာပျောက်ကင်းလာနိုင်ပါတယ် ၊ ဒါပေမယ့်အဲဒီလိုလုပ်ပေးနေရင်းကြားက  ပြန်ပြန်ဖြစ်လာတာမျိုးလည်းရှိပါတယ် ၊ အဲဒီလိုအခြေအနေမျိုးကြုံလာရရင်တော့ ဆေးလိမ်းပေးရမယ့် အချိန်ဇယားအတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အကြံဥာဏ်ကို ရယူသင့်ပါတယ် ၊ လိုအပ်ရင် ဆေးလူးတာကို တစ်ပါတ်လျှင်(၂)ကြိမ်နှုန်းနဲ့ အမြဲတန်းမှန်မှန်လုပ်ပေးရတတ်ပါတယ် ၊ ပျောက်ကင်း 


ပြီး ပြန်ဖြစ်တဲ့လက္ခဏာတွေ့ရင်တော့ ၊သန့်ရှင်းရေးလုပ်တာ ဆေးလူးတာကို အရင်အတိုင်းပဲ ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။

2 မှတ်ချက်များ to “ကြောင်သူငယ်နာရောဂါ (Acne)”

  • 18 July 2021 at 22:02

    ကျေးဇူးတင်ပါတယ် ဆရာ။

  • 11 September 2021 at 15:41
    Unknown says:

    မေးစေ့နေရာလေးတင်ကြီးပီး မျက်နှာဘေးသားလေးတွေပိန်သွားပါတယ်ဆရာကြီး။ ​ေအောက်နျုတ်ခမ်းလဲနဲနဲရောင်တယ်

Post a Comment