«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Jun 2018

နို့တိုက်မိခင်များ အသားတုန်ခြင်း- Eclampsia (milk fever)

,
Melarsomine  ဆိုတဲ့စားဆေးဟာ နှလုံးသန်ကောင်အကြီးတွေကိုသာ သုပ်သင်ပေးနိုင်ပါတယ် ဒါပေမယ့် (၄)လသားအရွယ်အောက်သန်ကောင်တွေနဇဲ့ သန်ကောင်ပေါက်စလေးတွေကိုတော့ မသုပ်သင်နိုင်ပါဘူး

ECLAMPSIA (MILK FEVER) ဆိုတာက သွေးထဲမှာထုံးဓါတ်နည်းပါးလွန်းတဲ့အတွက်ကတုန်ကယင်
ဖြစ်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ခွေးမတွေဟာကလေးမွေးပြီး (၁၅)ရက်ကနေ(၁)လလောက်
ကြားမှာ ဒီလိုဖြစ်တတ်ပါတယ် ၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာနို့ထွက်အားအကောင်းဆုံးဖြစ်
တာကြောင့် မိခင်ရဲ့ခန္တာကိုယ်ထဲက ကယ်ဆီယမ်ဓါတ်တွေဟာ နို့ရည်ထဲကနေအများအပြားထွက်
သွားချိန်ဖြစ်လို့ပါပဲ ။

ဒီလိုဖြစ်တာက ခွေးကြီးမျိုးတွေမှာနည်းပြီး ခန္တာကိုယ်အရွယ်အစားသေးတဲ့ အသေးစားအချစ်တော်
ခွေးမျိုးလေးတွေမှာအဖြစ်များပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကိုနို့တိုက်နေရတဲ့အချိန်မှာ အာဟာရပြည့်ဝအောင်မစားရတဲ့ခွေးမ
တွေနဲ့ သားပေါက်ကောင်ရေများတဲ့‌ေခွးမတွေမှာ ပိုပြီးအဖြစ်များတတ်ပါတယ် ၊။

ဒီရောဂါဖြစ်လာရင် ပေါင်ထိပ်နေရာကအသားတွေတဆတ်ဆတ်တုန်ပြီး ဂဏာမငြိမ်ဖြစ်လာတတ် ပါတယ် ၊ အသက်ရှုမြန်လာပြီး မျက်လုံးကိုဖြဲကြည့်တဲ့အခါ မျက်တွင်းသားတွေကအရောင်ဖျော့နေ
တာကို တွေ့ရတတ်ပါတယ်။.

ခွေးမဟာသားငယ်တွေကို မကြာခဏရှောင်ဖယ်ရှောင်ဖယ်လုပ်နေတတ်ပြီး ဝပ်လိုက်ထလိုက်
လည်း လုပ်နေတတ်ပါတယ် ။

လမ်းလျှောက်တဲ့အခါ ပုံမမှန်ပဲယိုင်နဲ့နဲ့ဖြစ်လာတတ်ပါတယ် မျက်နှာပိုင်းမှာရှိတဲ့ကြွက်သားမျှင် တွေဟာ တောင့်တင်းလာတဲ့အတွက်ကြောင့် မျက်နှာအမူအယာဟာရှုံ့မဲ့နေသယောင်ဖြစ်လာပြီး သွားဖြဲပြနေသလို အမူအယာမျိုးဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်
။.
 
အခြေအနေအရမ်းဆိုးလာရင်တော့ ဘေးတိုက်လဲကျပြီး ခြေလေးချောင်းစလုံးယက်ကန် ယက်ကန် ဖြစ်ကာ လျှာရည်တမြားမြားကျလာတတ်ပါတယ်။.
 
အဲဒီအချိန်မှာကိုယ်အပူချိန်တိုင်းကြည့်ရင်တော့(၄၁ံ)စင်တီဂရိတ်လောက်အတိမြင့်တက်နေတာကို တွေ့နိုင်ပါတယ်။.
 
ကလေးမွေးပြီး (၁၅)ရက်ကနေ(၁)လလောက်အကြာမှာ ဒီရောဂါရဲ့ ကနဦးလက္ခဏာဖြစ်တဲ့ အသားတွေ တဆတ်ဆတ်တုန်လာပြီဆိုရင် မကြာခင်အခြေအနေဆိုးလာတော့မှာဖြစ်တဲ့အတွက် အရေးပေါ် အခြေအနေအဖြစ်မှတ်ယူပြီး တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အကူအညီကို အလျှင်အမြန်
ရယူသင့်ပါတယ် ၊  တိရစ္ဆာန်ရောဂါကုဆရာဝန်က အရေးပေါ်လိုအပ်နေတဲ့ ကယ်စီယမ်ဓါတ်ကို အကြောကနေသွင်းပေးပါလိမ့်မယ်။.
 
ခန္တာကိုယ်အပူချိန် (၄၁ံ)စင်တီဂရိတ်ထက် ပိုများနေရင်တော့ အပူဒဏ်သင့်ခြင်းဖြစ်တဲ့အခါ အရေးပေါ်ကုသတဲ့ကုထုံးတွေနဲ့ဆက်လက်ကုသပေးမှာဖြစ်ပါတယ် ။

0 မှတ်ချက်များ to “နို့တိုက်မိခင်များ အသားတုန်ခြင်း- Eclampsia (milk fever)”

Post a Comment