«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Jul 2017

လေဖောင်းရောဂါ(Bloat in Dog)

,
Unicode
 
 
Bloat ဖြစ်တယ်ဆိုတာကတော့အစာအိမ်ဟာ အူလမ်းကြောင်းအတိုင်းတည့်တည့်ရှိမနေပဲ တစ်ပတ်
 
လိမ်ပြီး လမ်းကြောင်းပိတ်နေတဲ့အတွက် အစာအိမ်အတွင်းထဲမှာဖြစ်ပေါ်လာတဲ့လေတွေဟာ 
 
အပြင်ကိုမထွက်နိုင်တော့ပဲ အစာအိမ်ဖောင်းကားလာတာဖြစ်ပါတယ် ၊ ခွေးတွေ Bloat ဖြစ်ရင် 
 
လျှာရည်အများကြီးထွက်လာတာတွေ့ရပြီး ၊ ဗိုက်ကလည်း တဖြည်းဖြည်းချင်းဖောင်းလာတတ်
 
ပါတယ် ၊

 
ခွေးဟာမှိုင်တွေပြီး အားအင်ချည့်နဲ့လာကာ လဲကျသွားတတ်ပါတယ် Bloat ဖြစ်နေတဲ့ခွေးဟာ 
 
အသက်အန္တရာယ်အလွန်နီးတဲ့အတွက် အလျှင်အမြန်ခွဲစိပ်ကုသပေးဖို့လိုအပ်ပါတယ် ၊
 
ရင်အုပ်ကျယ်တဲ့အကြီးစားခွေမျိုးတွေနဲ့ အသက်အရွယ်ကြီးရင်တဲ့ခွေးတွေမှာ Bloat အဖြစ်များပါ
 
တယ် ၊ အစာကိုတစ်နေ့မှာတစ်ကြိမ်သာကျွေးခြင်းဟာလည်း Bloat ဖြစ်စေတတ်ပါတယ် ၊ 
 
အစာကိုခပ်ပြင်းပြင်းနမ်းတဲ့အကျင့်ရှိတဲ့ခွေးတွေမှာလည်း Bloat ဖြစ်တတ်ပါတယ် ၊အစာစားပြီးတာ
 
နဲ့ ရေကိုအများကြီးသောက်ရင်လည်းဖြစ်တတ်ပါတယ်၊အစာစားပြီးလျှင်ပြီးချင်းပြင်းပြင်းထန်ထန်
 
လှုပ်ရှားမှုပြုလုပ်ရင်လည်း Bloat ဖြစ်တတ်ပါသေးတယ် ၊ ဒီလိုဖြစ်ခြင်းဟာ အစာကျွေးခြင်းနဲ့ 
 
ပတ်သက်နေတယ်ဆိုတာသတိထားသင့်ပါတယ်

 
Bloat ဖြစ်ပွားမှုအန္တရာယ် နည်းပါးစေဖို့အတွက် မိမိခွေးကိုတိတ်ဆိပ်ငြိမ်သက်တဲ့နေရာမှာ 
 
တစ်ကောင်တည်းအစာကျွေးသင့်ပါတယ် ၊ အစာကျွေးပြီးလျှင်ပြီးချင်းလေ့ကျင့်ခဏ်းမလုပ်စေသင့် 
 
ပါဘူး၊ အစာခွက်ကိုငုံ့စားစေခြင်းဟာ ဖြစ်နိုင်ခြေကိုများလာစေနိုင်တဲ့အတွက် အစာခွက်ကိုမြှင့်ပေး 
 
ထားသင့်ပါတယ် ၊ အစာအမျိုးအစားကိုခဏခဏပြောင်းလဲကျွေးမွေးခြင်းကိုလည်း ရှောင်သင့်ပါ
 
တယ်။


Zawgyi
 



ရင်အုပ်ကျယ်တဲ့ကြီးစားခွေမျိုးတွေနဲ့ အသက်အရွယ်ကြီးရင်တဲ့ခွေးတွေမှာ Bloat အဖြစ်များပါတယ် ၊ အစာကိုတစ်နေ့မှာတစ်ကြိမ်သာကျွေးခြင်းဟာလည်း Bloat ဖြစ်စေတတ်ပါတယ် ၊ အစာကိုခပ်ပြင်းပြင်းနမ်းတဲ့အကျင့်ရှိတဲ့ခွေးတွေမှာလည်း Bloat ဖြစ်တတ်ပါတယ် ၊ အစာစားပြီးတာနဲ့ ရေကိုအများကြီးသောက်ရင်လည်းဖြစ်တတ်ပါတယ် ၊ အစာစားပြီးလျှင်ပြီးချင်းပြင်းပြင်းထန်ထန်လှုပ်ရှားမှုပြု
လုပ်ရင်လည်းဖြစ်တတ်ပါသေးတယ် ၊ 

 

0 မှတ်ချက်များ to “လေဖောင်းရောဂါ(Bloat in Dog)”

Post a Comment