«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

27 Nov 2012

သန်ချဆေးတိုက်ကျွေးခြင်း(Deworming)

,
Unicode
 
ကြောင်ငယ်လေးများအားသန်ချပေးခြင်း
 
ခွေးကြောင်တွေဟာငယ်စဉ်ဘဝမှာပဲသန်ကောင်တွေစွဲကပ်လေ့ရှိပါတယ်၊ သန်လုံးကောင်တွေနဲ့ 
 
အတူအခြားသန်ကောင်အမျိုးအစားတွေလည်းစွဲကပ်ဒုက္ခပေးကြပါသေးတယ်၊ မိမိရဲ့ခွေးကြောင် 
 
တွေကိုသန်ချဆေးမတိုက်ခင်၊ သူတို့ရဲ့မစင်ကိုဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်နိုင်ရင်တော့ပိုကောင်း 
 
ပါတယ်။
 
ဒါမှသာ ဘယ်လိုသန်ကောင်အမျိုးအစားတွေစွဲကပ်နေကြောင်း တိတိကျကျသိနိုင်မှာဖြစ်ပါတယ်
 
ခွေးကြောင်တွေအနေနဲ့  ဖျားနာပြီးဝမ်းပျက်နေချိန်မှာ သန်ချဆေးကိုချက်ချင်းမတိုက်သင့်ပဲ
 
ရောဂါကိုပျောက်ကင်းအောင် ဦးစွာကုသပြီးမှသာ သန်ချဆေးကိုတိုက်ကျွေးသင့်ပါတယ်…
 
သန်လုံးကောင်စွဲကပ်နေတဲ့ကြောင်လေးတွေကို အသက်အရွယ် (၂-၃)ပတ်သားအရွယ်မှာစတင်ပြီး 
 
သန်ချဆေးတိုက်ကျွေးနိုင်ပါတယ် … အသက်အရွယ် (၅-၆)ပတ်သားအရွယ်မှာ ဒုတိယအကြိမ်
 
ထပ်မံပြီးတော့တိုက်ကျွေးရပါမယ် … ဝမ်းကိုစစ်ဆေးလို့သန်ဥတွေကိုတွေ့နေရသေးတယ်ဆိုရင် 
 
သင့်လျှော်သလို မကြာခဏထပ်မံပြီးတော့သန်ချပေးသင့်ပါတယ်၊ သန်ချဆေးကိုရွေးချယ်တဲ့အခါ
 
စိတ်ချရပြီး စွဲကပ်နေတဲ့သန်သန်ကောင်အမျိုးအစားနဲ့ကိုက်ညီတဲ့သန်ချဆေးကို (၆)လတိုင်း 
 
တစ်ကြိမ်နှုန်းနဲ့ ဆက်လက်တိုက်ကျွေးပေးသင့်ပါတယ်. . . .
 
 
ကြောင်ကြီးများအားသန်ချပေးခြင်း
 
သန်ကောင်စွဲကပ်မှုမရှိပဲနဲ့ တွေ့ကရာသန်ချဆေးကိုတိုက်ကျွေးတာမျိုးမလုပ်သင့်ပါဘူး…သူ့ရဲ့မစင်
 
ကိုဓါတ်ခွဲခန်းမှာစစ်ဆေးပြီး သန်ကောင်စွဲကပ်မှုရှိမရှိစစ်ဆေးပြီးမှ… စွဲကပ်နေတဲ့သန်ကောင်
 
အမျိုးအစားအလိုက် သင့်တော်တဲ့သန်ချဆေးကိုသာ ရွေးချယ်တိုက်ကျွေးတာကပိုကောင်းပါတယ် 
 
  
သန်ချဆေးဆိုတာသန်ကောင်တွေကိုသာ အဆိပ်သင့်စေတာဖြစ်ပြီး ကျန်းမာနေတဲ့ကြောင်ကို 
 
ဒုက္ခမပေးလေ့မရှီပါဘူး. . .ဒါပေမယ့်ဖျားနာနေတုန်းသန်ချဆေးတိုက်ရင်တော့ …ဖြစ်ပွားနေတဲ့
 
ရောဂါရဲ့အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ် …

 
အိမ်လည်တာများပြီး ကြွက်ခုတ်တော်တဲ့ကြောင်တွေဟာ သန်စွဲကပ်မှုပိုများတာတွေ့ရပါတယ်…
 
ဒီလိုကြောင်မျိုးတွေဆိုရင်တစ်နှစ်ကိုနှစ်ကြိမ်လောက်တော့သန်ချတိုက်ပေးသင့်ပါတယ် … 
 
သန်ချဆေးအတော်များများဟာ စနစ်တကျတိုက်ကျွေးရင် ကြောင်ကိုဘာမှဥပါဒ်မဖြစ်စေတာ
 
ကြောင့် စိတ်ချလက်ချတိုက်ကျွေးနိုင်ပါတယ်…အကယ်၍ အဆစ်အဆစ်တွေပါတဲ့သန်ပြားကောင်
 
စွဲကပ်နေတာဆိုရင်တော့သန်ပြားကောင်ချတဲ့သန်ချဆေးကို၊တစ်နှစ်မှာ(၅)ကြိမ်လောက်တိုက်ကျွေး
 
သင့်ပါတယ် …
 
 
ကြောင်မတစ်ကောင်ကို သားမတင်မီ သူ့ရဲ့ဝမ်းကိုစစ်ဆေးကြည့်ရပါမယ် … သန်ဥတွေတွေ့ရရင် 
 
သန်ချဆေးစနစ်တကျတိုက်ကျွေးပြီး သန်ကောင်တွေကင်းရှင်းသွားမှသာ၊သားတင်ပေးသင့်ပါတယ်
 
… ဒါမှသာ…မွေးလာမယ့်ကြောင်ငယ်လေးတွေဆီကို သံကောင်ရောဂါဆက်လက်ကူးစက်မှာကို 
 
လျှော့ပါးသွားစေမှာဖြစ်တဲ့အပြင်ကိုယ်ဝန်ဆောင်နေချိန်မှာလည်းကျန်းမာရေးကောင်းမွန်ပြီးတော့ 
 
သန်မာထွားကြိုင်းတဲ့ သားငယ်လေးတွေ မွေးဖွားလာနိုင်မှာဖြစ်ပါတယ်။
 
အသုံးများတဲ့သန်ချဆေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်
 
  သန်ချဆေးအမည်
သန်လုံးကောင်
ချိပ်သန်ကောင်
သန်ပြားကောင်
မှတ်ချက်
ဖန်ဘင်ဒါဇော
ကောင်း
ကောင်း
ကောင်း
တိုက်ဆေး
မီဘင်ဒါဇော
ကောင်း
သင့်
ကောင်း
တိုက်ဆေး
ပိုင်ပါရာဇင်း
ကောင်း
မထိရောက်
မထိရောက်
တိုက်ဆေး
ဆီလာမက်တင်
ကောင်း
ကောင်း
မထိရောက်
တိုက်ဆေး
အိုင်ဗာမက်တင်
သင့်
ကောင်း
မထိရောက်
ထိုးဆေး

ထပ်မံလေ့လာလိုပါက လင့်ကိုနှိပ်ပါ Link

 
 
Zawgyi
ကြာင်ငယ်လေးများအားသန်ချပေးခြင်း ကြောင်တွေဟာငယ်စဉ်ဘ၀မှာပဲ သန်လုံးကောင်တွေစွဲကပ်လေ့ရှိပါတယ် … သန်လုံးကောင်တွေနဲ့အတူ
သင့်ရဲ့ကြောင်လေးကို…သန်ချဆေးမတိုက်ခင် သူ့ရဲ့မစင်ကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်သင့်ပါတယ်
--ဖျားနာနေတဲ့ကြောင်လေးတွေနဲ့  ၀မ်းပျက်နေတဲ့ကြောင်လးတွေကို သန်ချဆေးချက်ချင်းမတိုက်သေးပဲ
တွေ့နေရသေးတယ်ဆိုရင် သင့်လျှော်သလို မကြာခဏထပ်မံပြီးတော့ သန်ချပေးသင့်ပါတယ် …စိတ်ချရတဲ့သန်ချဆေးကို(၆)လတိုင်းတစ်ကြိမ်နှုန်း တိုက်ကျွေးပေးသင့်ပါတယ်. . . . 
 
 

ဓါတ်ခွဲခန်းမှာစစ်ဆေးပီး သန်ကောင်စွဲကပ်မှုရှိမရှိစစ်ဆေးပြီးမှ… စွဲကပ်နေတဲ့သန်ကောင်အမျိုးအစား 
အလိုက် သင့်တော်တဲ့သန်ချဆေးအမျိုးအစားကိုသာ ရွေးချယ်တိုက်ကျွေးသင့်ပါတယ်
… ဒါမှသာ…မွေးလာမယ့်ကြောင်ငယ်လေးတွေဆီကို သံကောင်ရောဂါဆက်လက်ကူးစက်မှာကို လျှော့ပါးသွားစေမှာဖြစ်တဲ့အပြင် …  ကိုယ်ဝန်ဆောင်နေချိန်မှာလည်းကျန်းမာရေးကောင်းမွန်ပြီးတော့ သန်မာထွားကြိုင်းတဲ့ သားငယ်လေးတွေ မွေးဖွားလာမှာဖြစ်ပါတယ် အသုံးများတဲ့သန်ချဆေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ

0 မှတ်ချက်များ to “သန်ချဆေးတိုက်ကျွေးခြင်း(Deworming)”

Post a Comment