«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Aug 2016

အမွှေးကျွတ်အဆစ်ယောင်ရောဂါ (Systemic Lupus Erythematosus)

,
ဒီရောဂါကတော့ တစ်ချို့ခွေးကြောင်တွေမှာသူတို့ရဲ့ ထူးခြားတဲ့ဗီဇကြောင့်ခန္တာကိုယ်ရဲ့
ခုခံစွမ်းအားစနစ်ဟာဆောင်ရွက်မှုတွေလွဲပြီးဖြစ်ရတာပါ ၊ ရောဂါဖြစ်တဲ့ခွေးကြောင်တွေဟာ အမွှေးတွေအတော်များများကျွတ်ကုန်ပြီး အရိုးအဆစ်တွေယောင်လာတဲ့အတွက် လမ်းကောင်းကောင်း
မလျှောက်နိုင်ဖြစ်နေတတ်ပါတယ်

အဲဒီလိုဖြစ်တဲ့ခွေးတွေမှာ သူတို့ရဲ့ခုခံစွမ်းအားစနစ်ဟာ သူတို့ရဲ့ခန္တာကိုယ်ထဲကအစိတ်အပိုင်းတွေကို

ရန်သူအဖြစ်အမှတ်မှားပြီးပြန်လည်တိုက်ခိုက်နေတဲ့အတွက်ကြောင့် ဒီလိုရောဂါလက္ခဏာတွေဖြစ်လာ

ရတာဖြစ်ပါတယ်

သူတို့ရဲ့ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်ထဲကအစိတ်အပိုင်းအားလုံးလိုလိုကို

တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်


အဲဒီလိုဖြစ်တဲ့ခွေးကြောင်တွေဟာ နေရောင်နဲ့ထိတွေ့မိရင် ရောဂါအခြေအနေကပိုဆိုးလာတတ်တယ်

ဆိုတာကို သိထားသင့်ပါတယ်


ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်ထဲကသွေးကိုလည်းဖျက်ဆီးပါတယ် နှလုံး ၊ ဦးနှောက် ၊ကျောက်ကပ် ၊ အသားဆိုင်တွေအပြင် ၊ အရေပြားနဲ့အရိုးအဆစ်တွေကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်

ကျောက်ကပ်ကိုတိုက်ခိုက်ခံရတဲ့အခါ ကျောက်ကပ်ယောင်တဲ့ဝေဒနာတွေခံစားလာရပါတယ်


သွေးကိုတိုက်ခိုက်ခံရတဲ့အခါ ဆီးသွားရင်အညိုရောင်ဆီးတွေသွားပါတယ် ၊ ဒီအဆင့်မှာ အချိန်မီ
ကုသမှုမလုပ်ခဲ့ရင် တဖြည်းဖြည်းနဲ့သွေးအားအရမ်းနည်းလာပြီးမောဟိုက်နေတတ်ပါတယ်


ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်အရေပြားကိုတိုက်ခိုက်တဲ့အခါ အရေပြားဟာ

ထူခေါက်ခေါက်ဖြစ်လာပြီး အကြေးဖတ်တွေလိုအထပ်လိုက်အထပ်လိုက်ကွာလာတတ်ပါတယ်

အရေပြာဟာဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပြီး အမွှေးတွေကျွတ်ကုန်တဲ့အတွက် တစ်ကိုယ်လုံးမြင်မကောင်း

အောင်ဖြစ်နေတတ်ပါတယ် ၊


ခုခံစွမ်းအားစနစ်က ဦးနှောက်နဲ့အာရုံကြောစနစ်ကိုတိုက်ခိုက်တဲ့အခါကျတော့ နားရွက် ၊ အမြီးနဲ့
နောက်ခြေထောက်တွေ တဆတ်ဆတ်တုန်နေတတ်ပါတယ် ၊ အလကားနေရင်းလန့်နေတတ်ပြီး ဂဏာမငြိမ်ဖြစ်ကာအော်ညဉ်းနေတတ်ပါတယ် ၊


အများဆုံးအတိုက်ခိုက်ခံရတာကတော့ အရေပြားနဲ့ အရိုးအဆစ်တွေပဲဖြစ်ပါတယ် ၊ လမ်းလျှောက်ရင်

ဒယီးဒယိုင်ဖြစ်တာမျိုး ထော့နဲ့ထော့နဲ့ဖြစ်နေတတ်ပါတယ် ၊


ဒီလိုလက္ခဏာတွေခံစံစားနေရတဲ့တိရစ္ဆာန်ရဲ့သွေးကိုဖောက်ယူပြီး ဓါတ်ခွဲခန်းမှာသွေးရည်ကြည်ကို

antinuclear antibody (ANA) test  စစ်ဆေးမှုလုပ်ကြည့်လို့ အဖြေမှန်နေရင် ဒီရောဂါဖြစ်ကြောင်း

အသေအခြာပြောနိုင်ပြီဖြစ်ပါတယ်


ဒီရောဂါကိုကုသတဲ့အခါမှာ ရောဂါခံစားနေရတဲ့ခွေးကြောင်တွေကို နေရောင်နဲ့မထိတွေအောင်ထား

ဖို့လိုပါတယ်


ခြေထောက်ယိုင်တာသိပ်မဆိုးရင်တော့ စတီးရွိက်မဟုတ်တဲ့ အယောင်လျှော့ဆေးတွေပေးရပါတယ်

အဲဒီဆေးတွေကတော့ carprofen  ဆိုတဲ့ဆေးဆိုရင် နေ့စဉ် (4.4 mg/kg) နှုံးနဲ့တစ်ကြိမ် etodolac ဆိုတဲ့ဆေးဆိုရင် နေ့စဉ် (15mg/kg) နှုံးနဲ့တစ်ကြိမ် meloxicam ဆိုတဲ့ဆေးဆိုရင် နေ့စဉ် (0.1 mg/kg ) နှုံးနဲ့တစ်ကြိမ်တိုက်ကျွေးပေးရပါမယ် ၊ ကြိုက်နှစ်သက်ရာဆေးတစ်မျိုးကိုသာတိုက်ကျွေးရမှာဖြစ်ပါတယ်


ရောဂါအခြေအနေပြင်းထန်တဲ့ ခွေးကြောင်တွေဆိုရင်တော့  azathioprine (IMURAN)  စားဆေးကို

တိုက်ပြီး  Hydrocortine ထိုးဆေးကိုထိုးနှံပေးရပါမယ်၊ ထိုးဆေးထိုးဖို့ အခက်အခဲရှိနေရင်လည်း

စတီးရွိုက်အယောင်လျှော့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးနိုင်ပါတယ်


ဒီလိုကုသမှုကို ရောဂါလက္ခဏာတွေပျောက်ကင်းသွားတဲ့အထိ ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်


0 မှတ်ချက်များ to “အမွှေးကျွတ်အဆစ်ယောင်ရောဂါ (Systemic Lupus Erythematosus)”

Post a Comment