ကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါဟာ ခွေးတွေရဲ့အူလမ်းကြောင်းထဲမှာဖြစ်ပွားတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ် ဒီရောဂါဟာခွေးအချင်းချင်းကူးစက် ပြန့်ပွားတတ်ပေမယ့် သူ့ချည့်သီးသန့်ဖြစ်ပွား တာဆိုရင် သိပ်ပြီးပြင်းပြင်းထန်ထန်မခံစားရပဲပြန်လည်သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။
ဒါပေမယ့်အရမ်းငယ်တဲ့ခွေးပေါက်စလေးတွေနဲ့ အခြားရောဂါတစ်ခုခုကိုခံစားနေရဆဲ့ခွေးတွေမှာ ဒီရောဂါ ထပ်မံကူစက်ခံရတဲ့အခါမျိုးမှာ ဆိုရင်တော့ပြင်းပြင်းထန်ထန်ခံစားရလေ့ရှိပါတယ် ဒီရောဂါကူး စက်ခံရတဲ့ ခွေးတွေဟာ ခန္တာကိုယ်အရည်ဓာတ်ခမ်းခြောက်တဲ့ဝေဒနာကို ဆိုးဆိုး ရွားရွားခံစားရလေ့ရှိပါတယ်။
ဒီရောဂါဟာ ခွေးတွေမှာအသက်အရွယ်မရွေးဖြစ်ပွားတတ်ပြီး တစ်ကမ္ဘာလုံးအနှံ့က နိုင်ငံတိုင်း လိုလိုမှာ ဖြစ်ပွားနေတဲ့သတိပြုရမယ့်ရောဂါတစ်ခု ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနေတဲ့ခွေးရဲ့လျှာရည်နဲ့မစင်ထဲမှာ ကိုရိုနာဗိုင်းရပ်ပိုးတွေရှိနေတာဖြစ်ပြီး အဲဒီအရာတွေနဲ့ ထိမိတဲ့ခွေးတွေကိုဆက်လက်ကူးစက် စေတတ်ပါတယ်။
ရောဂါစတင်ကူးစက်ခံရပြီဆိုရင် ပထမဦးဆုံးတွေ့ရမယ့်လက္ခဏာကတော့ အစာမစားတော့ပဲ မှိုင်နေတတ် တာပါပဲ အဲဒီနောက်(၈)နာရီလောက် အကြာမှာတော့ စတင်ပြီးအန်လာတတ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အနံ့ဆိုးတဲ့အဝါရောင်ဝမ်းပျော့ပျော့တွေသွားလာတာကိုတွေ့ရမှာဖြစ်ပါတယ် ဝမ်းထဲမှာ သွေးရောင်ပါလာတာမျိုးနဲ့ သွေးစသွေးနတွေပါလာတာမျိုးလည်းဖြစ်တတ်ပါတယ်
အဲဒီလိုဝမ်းလျှောသွေးပါခြင်းဟာ ပါဘိုဗိုင်းရပ်သွေးဝမ်းရောဂါနဲ့လွဲတတ်တဲ့လက္ခဏာဖြစ်ပါတယ် ဒါပေမယ့် ပါဘိုဗိုင်းရပ်သွေးဝမ်းရောဂါဆိုရင် အဖျားရှိပြီး ဒီ ကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါမှာတော့ အဖျားမရှိတတ် ပါဘူး အဖျားရှိခြင်းမရှိခြင်းအချက်နဲ့ အဲဒီရောဂါ(၂)မျိုးကို အကြမ်းအားဖြင့်ခွဲခြား သိရှိနိုင်ပါတယ်။
ထူးခြားတာကတော့ ဒီကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါပိုးတွေဟာ ပြန်လည်သက်သာပျောက်ကင်း သွားပေမယ့် လပေါင်းအတော်ကြာသည်အထိ အဲဒီခွေးရဲ့မစင်ထဲမှာပါလာနေဆဲဖြစ်ပြီး အခြားခွေး တွေကိုရောဂါကူးစက်စေနိုင်တာပဲဖြစ်ပါတယ်။
ခွေးတွေမှာ အနံ့ဆိုးတဲ့အဝါရောင်ဝမ်းပျော့ပျော့တွေသွားနေပြီး ဝမ်းထဲမှာလည်း သွေးရောင်ပါနေ ပြီး သွေးစသွေးနတွေပါလာတာမျိုး ဖြစ်တဲ့အခါတိုင်းမှာဒီကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါ ဟုတ်မဟုတ်ချက်ချင်းသိနိုင်ဖို့ တိတိကျကျခွဲခြားနိုင်တဲ့စမ်းသပ်နည်းဆိုတာမရှိသေးပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါရဲ့သဘာဝ ကိုယ်၌က ရောဂါစတင်ဖြစ်ပွားပြီးနောက် တစ်လခွဲ လောက်အကြာရောက်မှသာ ကိုယ်ခံဓာတ် မြင့်တက်လာ လေ့ရှိတာကြောင့် အဲဒီအချိန်ရောက်မှသာ ကိုယ်ခံဓာတ်အမျိုးအစားကို စစ်ဆေး ကြည့်ပြီး ဒီရောဂါ ဟုတ်မဟုတ် သိနိုင်လို့ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါဖြစ်ပွားနေတဲ့ခွေးကိုကုသတဲ့အခါ အဓိကအားဖြင့်အထောက်အကူပြု ကုထုံးတွေနဲ့သာကုသပေးလေ့ရှိကြပါတယ်။
အခြားရောဂါတစ်ခုခုပူးတွဲမဖြစ်ပဲ သူ့ချည့်သီးသန့်ဖြစ်ပွားတာဆိုရင် သိပ်ပြီးပြင်းပြင်းထန်ထန် မခံစားရတဲ့အပြင် ပဋိဇီဝဆေးတွေနဲ့ကုသပေးဖို့တောင်မလိုအပ်ပဲ သူ့အလိုလိုပြန်လည်သက်သာ ပျောက်ကင်းသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါတစ်ခုခုပူးတွဲဖြစ်လာတဲ့အခြေအနေဆိုရင်တော့ သက်ဆိုင်ရာရောဂါအတွက် လိုအပ်မယ့် ပဋိဇီဝဆေးနဲ့ကုသပေးရမှာဖြစ်ပါတယ်။
ခန္တာကိုယ်အရည်ဓာတ်ခမ်းခြောက်တဲ့ဝေဒနာအတွက် ဓာတ်ဆားရည်ကိုပြန်လည်ဖြည့်ဆည်းပေး နေရမယ့် အပြင် ဝမ်းလျှောခြင်းနဲ့အန်ခြင်း တွေကိုလည်းထိမ်းချုပ်ပေးရမှာဖြစ်ပါတယ် ၊ အခုနောက်ဆုံးထွက် လာတဲ့ Navas-Interferon ထိုးဆေးဟာ ဒီရောဂါကိုကုသတဲ့အခါ အလျှင် အမြန်သက်သာပျောက်ကင်းနိုင်တဲ့ ခေတ်မီဆေးတစ်မျိုးဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်ဝမ်းပျက်ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတွေ ရှိပေမယ့် ဒီရောဂါဟာ အရမ်းငယ်တဲ့ ခွေးပေါက်စလေးတွေကလွဲလို့ အသေအပျောက်မရှိပဲ အချိန်တိုအတွင်းမှာပြန်လည် သက်သာပျောက်ကင်းသွားလေ့ရှိတာကြောင့် ကာကွယ်ဆေး ကိုမဖြစ်မနေထိုးနှံထားဖို့မလိုအပ်ပါကြောင်းတင်ပြအပ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တဲ့ရောဂါတွေကိုဆက်လက်လေ့လာရန်လင့်ကိုနှိပ်ပါ = = Link