«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

လေဖြတ်၊သားလျှောရောဂါ (Toxoplasmosis )

,

Read in Zawgyi

ဒီရောဂါကတော့ Toxoplasma gondii  လိုခေါ်တဲ့ coccidia ကပ်ပါးပိုးလေးတွေ

ကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် ဒီကပ်ပါပိုးလေးတွေဟာ ပရိုတိုဇွားရောဂါပိုးအုပ်စု

တစ်မျိုးဖြစ်ပါတယ်။

ရောဂါရရှိပုံကတော့ Oocyst လို့ခေါ်တဲ့ Toxoplasma gondii  ကပ်ပါပိုး သန္ဒေသားလောင်း

လေးတွေကို အစာနဲ့အတူရောပြီးစားမိလို့ဖြစ်ပါတယ်

ဒီကပ်ပါးပိုးလေးတွေဟာနို့တိုက်သတ္တဝါတွေဖြစ်တဲ့နွားတို့ဝက်တို့ရဲ့ခန္တာကိုယ်ထဲမှာလည်း 

ရှိနေနိုင်ပါတယ်  

ဒါပေမယ့် နွားတို့ ဝက်တို့ကိုတော့ဘာမှဒုက္ခမပေးပါဘူးရောဂါပိုးပါတဲ့အသားကိုစားမိတဲ့ 

ခွေးတွေကြောင်တွေသာ ရောဂါဖြစ်တာဖြစ်ပါတယ်

ရောဂါဖြစ်တာကကြောင်တွေမှာပိုများပါတယ်ရောဂါပိုးရှိတဲ့မိခင်ကြောင်မကြီးကိုယ်ဝန်

ဆောင်တဲ့အခါဗိုက်ထဲကကလေးငယ်တွေကိုအချင်းတိုင်ကနေရောဂါကူးစက်နိုင်ပါတယ်

အဲဒီအခါမှာ ကလေးအသေမွေးတတ်ပါတယ်ဒီရောဂါရှိတဲ့ကြောင်တွေဟာ ပိန်ချုံးလာပြီး 

မောဟိုက်နေတတ်

ပါတယ်တခါတရံဝမ်းပျက်တာမျိုးဖြစ်ပြီးလမ်းလျှောက်ရင်ယိုင်တိယိုင်တိုင်ဖြစ်နေတတ်ပါ

တယ်မျက်စေ့လည်းနာတတ်ပါတယ် စနစ်တကျကုသမပေးလို့ ရောဂါရင့်လာရင်အသက်ရှု

ကျပ်လာရာကနေ နောက်ဆုံးမှာ အကြောဆွဲပြီးသေဆုံးတတ်ပါတယ်။

ဒီရောဂါရှိတဲ့ခွေးတွေမှာကျတော့ အသက်ရှုကျပ်ပြီးဖျားမယ် အထက်လှန်အောက်လျှော

လည်းဖြစ်လေ့ရှိပါတယ် မကြာခဏအကြောဆွဲပြီး လေဖြတ်သွားတာမျိုးလည်းဖြစ်တတ်

ပါတယ်

ရောဂါဖြစ်တဲ့ခွေးကြောင်တွေကို Clindamycin တိုက်ဆေးထိုးဆေးတွေနဲ့ ထိရောက်စွာ

ကုသပေးနိုင်ပါတယ်၊ ရောဂါဖြစ်တဲ့ခွေးတွေကိုဆိုရင် Clindamycin ဆေးကို ခန္တာကိုယ်

အလေးချိန် ()ကီလိုဂရမ်ရှိတိုင်း(၂၀)မီလီဂရမ်နှုန်းနဲ့ နေ့စဉ်()ကြိမ်တိုက်ရပါမယ်  

ကုသမှုကို ()ပါတ်တိတိကုသပေးရပါတယ်ထိုးဆေးထိုးပေးလို့လည်းရပါတယ် 


 ရောဂါဖြစ်တဲ့ကြောင်တွေကိုဆိုရင် Clindamycin ဆေးကို ခန္တာကိုယ်အလေးချိန် 

()ကီလိုဂရမ်ရှိတိုင်း(၁၀)မီလီဂရမ်နှုန်းနဲ့ နေ့စဉ်()ကြိမ်တိုက်ရပါမယ် ကုသမှုကို 

()ပါတ်တိတိကုသပေးရပါတယ်၊ ကြောင်တွေမှာတော့ ထိုးဆေးထိုးတာကအန္တရာယ်

များပါတယ် ထိုးဆေးကြောင့်သေဆုံးတတ်တဲ့အတွက် တိုက်ဆေးနဲ့သာကုသတာက

ပိုကောင်းပါတယ်။

ဒီကပ်ပါးပိုးလေးတွေဟာ ရောဂါရှိတဲ့ကြောင်ရဲ့မစင်ထဲမှာပါလာတတ်ပါတယ် ၊ ကိုယ်ဝန်ရှိ

တဲ့မိန်းမတွေအနေနဲ့ရောဂါပိုးရှိတဲ့ကြောင်ရဲ့မစင်ကို ကိုင်တွယ်ခြင်းမပြုသင့်ပါဘူး 

အခန့်မသင့်ရင်အဲဒီကနေတဆင့်  လူကိုကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

0 မှတ်ချက်များ to “လေဖြတ်၊သားလျှောရောဂါ (Toxoplasmosis ) ”

Post a Comment