«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Feb 2019

ကူးစက်တတ်သောကြောင်ဗိုက်ယောင်ရောဂါ(Feline infectious peritonitis)

,
 Unicode
 
ကြောင်တွေမှာကူးစက်ဖြစ်ပွားတဲ့ဗိုက်ယောင်ရောဂါဟာ Feline enteric coronavirus (FeCV)လို့ 
 
ခေါ်တဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်ပါတယ်ရောဂါဖြစ်နေတဲ့ကြောင်ရဲ့ခန္တာကိုယ်ကနေထွက်တဲ့
 
အကျိအချွဲနဲ့အရည်တွေမှာ ဒီရောဂါပိုးတွေပါဝင်နေတာကြောင့် အဲဒါတွေနဲ့ထိမိတဲ့ကြောင်တွေဟာ 
 
ဒီရောဂါကူးစက်ခံကြရပါတယ် ဒါပေမယ့်ရောဂါပိုးကူးစက်ခံရတိုင်း ရောဂါအဆင့်ဖြစ်လာတာ
 
မဟုတ်ပဲ ထိတွေမိတဲ့ကြောင်တွေရဲ့(၂၅%)လောက်သာ ရောလက္ခဏာတွေခံစားရတာဖြစ်ပါတယ်။

 
ရောဂါပိုးဝင်ရောက်လာပြီး(၂)ပါတ်လောက်အကြာမှတော့ ရောဂါလက္ခဏာတွေစတင်ပေါ်ပေါက်
 
လာတတ်ပါတယ် ကျန်တဲ့(၇၅%)လောက်ကတော့ နှာရည်မျက်ရည်ကျပြီး ချောင်းလေးနည်းနည်း
 
ဆိုးလာတာလောက်ကလွဲလို့ ထူးထူးခြားခြားရောဂါလက္ခဏာတွေပြသလာလေ့မရှိဘူးလို့ဆိုပါ
 
တယ်
 
 
အဲဒီကြောင်တွေဟာ တဖြည်းဖြည်းပြန်လည်သက်သာပျောက်ကင်းသွားကြပေမယ့် သူတို့ရဲ့
 
ခန္တာကိုယ်ထဲမှာရောဂါပိုးတွေကအချိန်အတော်ကြာသည်အထိဆက်ရှိနေပြီး တစ်ခြားကြောင်တွေ
 
ကို ဆက်လက်ကူးစက်စေနိုင်တယ်လို့ဆိုပါတယ် ဒီရောဂါဖြစ်ပြီးသားကြောင်တွေဟာ ရောဂါကို
 
ခံနိုင်ရည်ရှိသွားတာမဟုတ်တဲ့အတွက် နောက်နှစ်တွေမှာ ထပ်မံကူးစက်ခံရရင်ဒီရောဂါပြန်ဖြစ်နိုင်
 
ပါတယ် အစာအဟာရချို့တဲ့နေတဲ့ကြောင်တွေနဲ့ အခြားရောဂါတစ်ခုခုဖြစ်နေလို့ ကိုယ်ခံစွမ်းအား
 
ကျနေတဲ့ကြောင်တွေကို ဒီရောဂါပိုးက အလွယ်တကူ ကူးစက်ဝင်ရောက်လာနိုင်ပါတယ်
 
 
ဒီရောဂါဟာဗိုက်ယောင်ရောဂါဆိုပေမယ့် ရောဂါပိုးဟာဗိုက်တစ်ခုတည်းကိုထိခိုက်စေတာမဟုတ်ပဲ 
 
တစ်ကိုယ်လုံးမှာရှိတဲ့ကိုယ်တွင်းအင်္ဂါတွေအတွင်းကသွေးကြောမျှင်လေးတွေကိုပျက်စီးစေတဲ့အတွက် 
 
အရည်တွေစိမ့်ထွက်လာကာရင်ခေါင်းနဲ့ဗိုက်ခေါင်းအတွင်းမှာအရည်တွေစုမိလာစေတာဖြစ်ပါတယ်

 
ကူးစက်တတ်သောဗိုက်ယောင်ရောဂါ(Feline infectious peritonitis)ဟာကြောင်တွေမှာအစိုပုံစံနဲ့
 
အခြောက်ပုံစံဖြစ်ပွားလေ့ရှိပါတယ် ရောဂါပုံစံ(၂)မျိုးစလုံးမှာ ကြောင်ဟာမှိုင်နေတတ်ပြီးပဋိဇီဝဆေး
 
တွေနဲကုသပေမယ့်လည်း ထူးခြားသက်သာမလာပဲ တဖြည်းဖြည်းနဲ့ပိန်ချုံးလာလေ့ရှိပါတယ်

 
အစိုပုံစံဖြစ်တာဆိုရင် အစားအသောက်ပျက်ကာ မှိုင်နေတတ်တာနဲ့ပိန်သွားတာလောက်ပဲဖြစ်တာမို့
 
ရောဂါဖြစ်စဉ်ရဲ့အစပိုင်းမှာ အခြားရောဂါတွေနဲ့ခွဲခြားရခက်တတ်ပါတယ် ခွေးဟာတငွေ့ငွေ့နဲ့
 
အကြာကြီးဖျားနေတတ်ပြီးနောက် ခန္တာကိုယ်ထဲမှာအရည်တွေစုလာတဲ့ဖြစ်စဉ်က ဆက်တိုက်ဖြစ်
 
လာပါတယ် ရင်ခေါင်းထဲမှာအရည်တွေစုမိလာတဲ့အခါ အသက်ရှုရခက်လာပြီး ဗိုက်ခေါင်းထဲမှာ
 
အရည်တွေစုမိလာတဲ့အခါမှာတော့ ဗိုက်ဖောင်းလာတာကိုတွေ့နိုင်ပါတယ် အကယ်၍များနှလုံးအိမ် 
 
ထဲမှာအရည်တွေစုမိလာရင်တော့ ရုတ်တရက်သေဆုံးတတ်ပါတယ်
 
 
အစိုပုံစံဖြစ်တာအရှိန်ရလာတာနဲ့အမျှ သွေးအားနည်းလာခြင်း ခန္တာကိုယ်ရဲ့အရည်ဓါတ်ခန်းခြောက်
 
လာခြင်း ဝ မ်းပျက်ခြင်း အန်ခြင်း နဲ့ 106°F (41°C)အထိ အဖျားတက်ခြင်းစတာတွေအပြင် 
 
နောက်ပိုင်းမှာ အသည်းကိုပျက်စီးစေတဲ့အတွက် မျက်တွင်းသားတွေဝါလာခြင်းနဲ့ အမဲရောင်ရှိတဲ့
 
ဆီးသွားခြင်းတွေဖြစ်လာလေ့ရှိပါတယ် အစိုပုံစံဖြစ်တဲ့ကြောင်အများစုဟာ (၂)လလောက်အကြာမှာ
 
သေဆုံးသွားလေ့ရှိပါတယ်

 
အခြောက်ပုံစံရောဂါဖြစ်လာရင်တော့ အစပိုင်းမှာလက္ခဏာအားဖြင့်အစိုပုံစံနဲ့တူပါတယ် 
 
အခြောက်ပုံစံက အဓိကအားဖြင့် ကိုယ်တွင်းအင်္ဂါတွေယောင်ယမ်းတာဖြစ်တဲ့အတွက် 
 
ယောင်ယမ်းမှုဖြစ်တဲ့အင်္ဂါပေါ်လိုက်ပြီး ရောဂါလက္ခဏာတွေအမျိုးမျိုးဖြစ်ပေါ်လာလေ့ရှိပါတယ်
 
 
ကျောက်ကပ်ယောင်ရင် ရေခဏခဏသောက်ပြီး ဆီးခဏခဏသွားတာမျိုးနဲ့ မကြာခဏအန်ပြီး
 
ပိန်ချုံးလာတာမျိုးကိုတွေ့ရမှာဖြစ်ပြီး အသည်းယောင်တာဆိုရင်တော့ မျက်တွင်းသားတွေဝါလာ
 
တာမျိုးနဲ့ ဆီးဝါတာမျိုးတွေကိုတွေ့ရမှာဖြစ်ပါတယ်
 
 
အာရုံကြောတွေနဲ့မျက်စေ့ကိုလည်းထိခိုက်တဲ့လက္ခမျိုးတွေဖြစ်လာတတ်ပါသေးတယ် ကြောင်ကို 
 
တစ်ကောင်စနှစ်ကောင်စမွေးတဲ့အိမ်တွေနဲ့ အိမ်လည်လေ့မရှိတဲ့ကြောင်တွေမှာဒီရောဂါက အလွန်
 
ဖြစ်ခဲပါတယ်ဒါပေမယ့်အခန့်မသင့်လိုဖြစ်လာခဲ့ရင်လည်းအစိုပုံစံဖြစ်တဲ့ကြောင်တွေရဲ့(၉၅%)ဟာ
 
(၂)လလောက်အတွင်းမှာ သေဆုံးသွားတတ်ပါတယ် အခြောက်ပုံစံဖြစ်တဲ့ကြောင်တွေကတော့
 
သေနှုန်းနည်းပြီးအချိန်အတော်ကြာအသက်ရှင်နေနိုင်ကြပါတယ်

 
ဒီရောဂါဖြစ်လာတဲ့အခါ ပြင်ပလက္ခဏာတွေကိုသုံးသပ်ခြင်းနဲ့အတူသွေးစစ်ဆေးမှု(abnormal 
 
blood coun)အပြင် အသည်းရဲ့လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးချက်(liver function tests)တွေ 
 
သွေးရည်ကြည်ထဲမှာပရိုတင်းဓါတ်ပါဝင်မှု(abnormal serum protein pattern)စစ်ဆေးချက်တွေ 
 
ကိုပါသုံးသပ်ပြီး ဒီရောဂါဖြစ်ကြောင်းခန့်မှန်းရတာဖြစ်ပါတယ် ဓါတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးဖို့က
 
တော့ဗိုက်ခေါင်းထဲမှာစုမိနေတဲ့အရည်တွေကို ဖောက်ယူပြီးစစ်ဆေးတာ အကောင်းဆုံးဖြစ်တယ်လို့
 
ဆိုပါတယ်
 
 
ကူးစက်တတ်သောဗိုက်ယောင်ရောဂါ(Felineinfectiousperitonitis)ကိုပျောက်ကင်းအောင်ကုသ
 
နိုင်တဲ့ကုထုံးရယ်လို့မရှိသေးပါဘူး ဒါပေမယ့်ဒီရောဂါဖြစ်လာရင်သက်သာစေဖို့အတွက်ဗိုက်ခေါင်းနဲ့ 
 
ရင်ခေါင်းထဲမှာအများကြီးစုမိနေတဲ့အရည်တွေကိုဖောက်ထုတ်ပေးရပါတယ်
 
 
ဒီရောဂါကိုဖြစ်စေတဲ့ဗိုင်းရပ်ပိုးဟာပတ်ဝန်းကျင်မှာရက်သတ္တပါတ်အတော်များများအသက်ရှင်နေ
 
နိုင်တဲ့အတွက်ကြောင့်အခြားကြောင်တွေကိုဆက်လက်ကူးစက်မှုမရှိအောင်၊ကြောင်နေတဲ့နေရာ
 
ထိုင်ခင်းတွေကိုပိုးသတ်ပေးသင့်ပါတယ် အရောင်ချွတ်ဆေးရည်ကို ရေနဲ့(1:32)ဆ ရောပြီးပက်ဖြန်း 
 
ပေးခြင်းအားဖြင့် ဒီရောဂါပိုးတွေကိုထိထိရောက်ရောက်သုပ်သင်ပစ်နိုင်ပါတယ်
 
 
ကူးစက်တတ်တဲ့ဗိုက်ယောင်ရောဂါ(Feline infectious peritonitis)ကိုကာကွယ်နိုင်တယ်ဆိုတဲ့ 
 
နှာခေါင်းအတွင်းအစက်ချဆေးရှိပေမယ့်တကယ်တမ်းကာကွယ်မှုရမရကိုတော့ပညာရှင်တွေအကြား
 
မှာအငြင်းပွားနေရဆဲဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်
 
 
Zawgyi
 
 
ေၾကာင္ေတြမွာကူးစက္ျဖစ္ပြားတဲ့ဗိုက္ေယာင္ေရာဂါဟာ Feline enteric 
coronavirus (FeCV)လို႔ေခၚတဲ့ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္ပြားတာျဖစ္ပါတယ္
 
ေရာဂါျဖစ္ေနတဲ့ေၾကာင္ရဲ႕ခႏၲာကိုယ္ကေနထြက္တဲ့အက်ိအခ်ြဲနဲ႔အရည္ေတြမွာ 
ဒီေရာဂါပိုးေတြပါဝင္ေနတာေၾကာင့္ အဲဒါေတြနဲ႔ထိမိတဲ့ေၾကာင္ေတြဟာ 
ဒီေရာဂါကူးစက္ခံၾကရပါတယ္ ဒါေပမယ့္ေရာဂါပိုးကူးစက္ခံရတိုင္း 
ေရာဂါအဆင့္ျဖစ္လာတာမဟုတ္ပဲ ထိေတြမိတဲ့ေၾကာင္ေတြရဲ႕(၂၅%)ေလာက္သာ 
ေရာလကၡဏာေတြခံစားရတာျဖစ္ပါတယ္
 
ေရာဂါပိုးဝင္ေရာက္လာၿပီး(၂)ပါတ္ေလာက္အၾကာမွေတာ့ာ 
ေရာဂါလကၡဏာေတြစတင္ေပၚေပါက္လာတတ္ပါတယ္ က်န္တဲ့(၇၅%)ေလာက္ကေတာ့ 
ႏွာရည္မ်က္ရည္က်ၿပီး ေခ်ာင္းေလးနည္းနည္းဆိုးလာတာေလာက္ကလြဲလို႔ ထူးထူးျခားျခားေရာဂါလကၡဏာေတြျပသလာေလ့မရွိဘူးလို႔ဆိုပါတယ္ 
အဲဒီေၾကာင္ေတြဟာ တျဖည္းျဖည္းျပန္လည္သက္သာေပ်ာက္ကင္းသြားၾကေပမယ့္ 
သူတို႔ရဲ႕ခႏၲာကိုယ္ထဲမွာေရာဂါပိုးေတြကအခ်ိန္အေတာ္ၾကာသည္အထိဆက္ရွိေနၿပီး 
တစ္ျခားေၾကာင္ေတြကို ဆက္လက္ကူးစက္ေစႏိုင္တယ္လို႔ဆိုပါတယ္ 
ဒီေရာဂါျဖစ္ၿပီးသားေၾကာင္ေတြဟာ 
ေရာဂါကိုခံႏိုင္ရည္ရွိသြားတာမဟုတ္တဲ့အတြက္ ေနာက္ႏွစ္ေတြမွာ 
ထပ္မံကူးစက္ခံရရင္ဒီေရာဂါျပန္ျဖစ္ႏိုင္ပါတယ္ 
အစာအဟာရခ်ိဳ႕တဲ့ေနတဲ့ေၾကာင္ေတြနဲ႔ အျခားေရာဂါတစ္ခုခုျဖစ္ေနလို႔ 
ကိုယ္ခံစြမ္းအားက်ေနတဲ့ေၾကာင္ေတြကို ဒီေရာဂါပိုးက အလြယ္တကူ 
ကူးစက္ဝင္ေရာက္လာႏိုင္ပါတယ္ ဒီေရာဂါဟာဗိုက္ေယာင္ေရာဂါဆိုေပမယ့္ 
ေရာဂါပိုးဟာဗိုက္တစ္ခုတည္းကိုထိခိုက္ေစတာမဟုတ္ပဲ တစ္ကိုယ္လံုးမွာရွိတဲ့ကိုယ္တြင္းအဂၤါေတြအတြင္းကေသြးေၾကာမ်ွင္ေလးေတြကိုပ်က္စီးေစတဲ့အတြက္ 
အရည္ေတြစိမ့္ထြက္လာကာ ရင္ေခါင္းနဲ႔ဗိုက္ေခါင္းအတြင္းမွာ 
အရည္ေတြစုမိလာေစတာျဖစ္ပါတယ္
 
ကူးစက္တတ္ေသာဗိုက္ေယာင္ေရာဂါ(Feline infectious 
peritonitis)ဟာေၾကာင္ေတြမွာ အစိုပံုစံနဲ႔အေျခာက္ပံုစံျဖစ္ပြားေလ့ရွိပါတယ္ 
ေရာဂါပံုစံ(၂)မ်ိဳးစလံုးမွာ ေၾကာင္ဟာမိႈင္ေနတတ္ၿပီး 
ပဋိဇီဝေဆးေတြနဲကုသေပမယ့္လည္း ထူးျခားသက္သာမလာပဲ 
တျဖည္းျဖည္းနဲ႔ပိန္ခ်ံဳးလာေလ့ရွိပါတယ္
 
အစိုပံုစံျဖစ္တာဆိုရင္ အစားအေသာက္ပ်က္ကာ မိႈင္ေနတတ္တာနဲ႔ ပိန္သြားတာေလာက္ပဲျဖစ္တာမို႔ 
ေရာဂါျဖစ္စဥ္ရဲ႕အစပိုင္းမွာ အျခားေရာဂါေတြနဲ႔ခြဲျခားရခက္တတ္ပါတယ္ 
ေခြးဟာတေငြ႕ေငြ႕နဲ႔အၾကာႀကီးဖ်ားေနတတ္ၿပီးေနာက္ 
ခႏၲာကိုယ္ထဲမွာအရည္ေတြစုလာတဲ့ျဖစ္စဥ္က ဆက္တိုက္ျဖစ္လာပါတယ္ 
ရင္ေခါင္းထဲမွာအရည္ေတြစုမိလာတဲ့အခါ အသက္ရႈရခက္လာၿပီး 
ဗိုက္ေခါင္းထဲမွာအရည္ေတြစုမိလာတဲ့အခါမွာေတာ့ 
ဗိုက္ေဖာင္းလာတာကိုေတြ႕ႏိုင္ပါတယ္ 
အကယ္၍မ်ားႏွလံုးအိမ္ထဲမွာအရည္ေတြစုမိလာရင္ေတာ့ 
ရုတ္တရက္ေသဆံုးတတ္ပါတယ္ အစိုပံုစံျဖစ္တာအရွိန္ရလာတာနဲ႔အမ်ွ 
ေသြးအားနည္းလာျခင္း ခႏၲာကိုယ္ရဲ႕အရည္ဓါတ္ခန္းေျခာက္လာျခင္း 
ဝမ္းပ်က္ျခင္း အန္ျခင္းနဲ႔ 106°F 
(41°C)အထိအဖ်ားတက္ျခင္းစတာေတြအျပင္ ေနာက္ပိုင္းမွာ 
အသည္းကိုပ်က္စီးေစတဲ့အတြက္ မ်က္တြင္းသားေတြဝါလာျခင္းနဲ႔ 
အမဲေရာင္ရွိတဲ့ဆီးသြားျခင္းေတြျဖစ္လာေလ့ရွိပါတယ္ 
အစိုပံုစံျဖစ္တဲ့ေၾကာင္အမ်ားစုဟာ (၂)လေလာက္အၾကာမွာေသဆံုးသြားေလ့ရွိပါတယ္
 
အေျခာက္ပံုစံေရာဂါျဖစ္လာရင္ေတာ့ 
အစပိုင္းမွာလကၡဏာအားျဖင့္အစိုပံုစံနဲ႔တူပါတယ္ အေျခာက္ပံုစံက အဓိကအားျဖင့္ 
ကိုယ္တြင္းအဂၤါေတြေယာင္ယမ္းတာျဖစ္တဲ့အတြက္ 
ေယာင္ယမ္းမႈျဖစ္တဲ့အဂၤါေပၚလိုက္ၿပီး 
ေရာဂါလကၡဏာေတြအမ်ိဳးမ်ိဳးျဖစ္ေပၚလာေလ့ရွိပါတယ္ 
ေက်ာက္ကပ္ေယာင္ရင္ ေရခဏခဏေသာက္ၿပီး ဆီးခဏခဏသြားတာမ်ိဳးနဲ႔ 
မၾကာခဏအန္ၿပီးပိန္ခ်ံဳးလာတာမ်ိဳးကိုေတြ႕ရမွာျဖစ္ၿပီး 
အသည္းေယာင္တာဆိုရင္ေတာ့ မ်က္တြင္းသားေတြဝါလာတာမ်ိဳးနဲ႔ 
ဆီးဝါတာမ်ိဳးေတြကိုေတြ႕ရမွာျဖစ္ပါတယ္ 
အာရံုေၾကာေတြနဲ႔မ်က္ေစ့ကိုလည္းထိခိုက္တဲ့လကၡမ်ိဳးေတြျဖစ္လာတတ္ပါေသးတယ္ 
ေၾကာင္ကို တစ္ေကာင္စႏွစ္ေကာင္စေမြးတဲ့အိမ္ေတြနဲ႔ 
အိမ္လည္ေလ့မရွိတဲ့ေၾကာင္ေတြမွာဒီေရာဂါက အလြန္ျဖစ္ခဲပါတယ္ 
ဒါေပမယ့္အခန္႔မသင့္လိုျဖစ္လာခဲ့ရင္လည္း 
အစိုပံုစံျဖစ္တဲ့ေၾကာင္ေတြရဲ႕(၉၅%)ဟာ(၂)လေလာက္အတြင္းမွာေသဆံုးသြားတတ္ပါတယ္ 
အေျခာက္ပံုစံျဖစ္တဲ့ေၾကာင္ေတြကေတာ့ 
ေသႏႈန္းနည္းၿပီးအခ်ိန္အေတာ္ၾကာအသက္ရွင္ေနႏိုင္ၾကပါတယ္
 
ဒီေရာဂါျဖစ္လာတဲ့အခါ 
ျပင္ပလကၡဏာေတြကိုသံုးသပ္ျခင္းနဲ႔အတူေသြးစစ္ေဆးမႈ(abnormal blood 
coun)အျပင္ အသည္းရဲ႕လုပ္ငန္းေဆာင္ရြက္မႈစစ္ေဆးခ်က္(liver function 
tests)ေတြ ေသြးရည္ၾကည္ထဲမွာပရိုတင္းဓါတ္ပါဝင္မႈ(abnormal serum protein 
pattern)စစ္ေဆးခ်က္ေတြကိုပါသံုးသပ္ၿပီး 
ဒီေရာဂါျဖစ္ေၾကာင္းခန္႔မွန္းရတာျဖစ္ပါတယ္ ဓါတ္ခြဲခန္းမွာ 
စမ္းသပ္စစ္ေဆးဖို႔ကေတာ့ 
ဗိုက္ေခါင္းထဲမွာစုမိေနတဲ့အရည္ေတြကိုေဖာက္ရယူၿပီးစစ္ေဆးတာ 
အေကာင္းဆံုးျဖစ္တယ္လို႔ဆိုပါတယ္
 
ကူးစက္တတ္ေသာဗိုက္ေယာင္ေရာဂါ(Feline infectious peritonitis)ကို 
ေပ်ာက္ကင္းေအာင္ကုသႏိုင္တဲ့ကုထံုးရယ္လို႔မရွိေသးပါဘူး ဒါေပမယ့္ 
ဒီေရာဂါျဖစ္လာရင္သက္သာေစဖို႔အတြက္ ဗိုက္ေခါင္းနဲ႔ရင္ေခါင္းထဲမွာ 
အမ်ားႀကီးစုမိေနတဲ့အရည္ေတြကိုေဖာက္ထုတ္ေပးရပါတယ္ 
ဒီေရာဂါကိုျဖစ္ေစတဲ့ဗိုင္းရပ္ပိုးဟာ ပတ္ဝန္းက်င္မွာ 
ရက္သတၱပါတ္အေတာ္မ်ားမ်ားအသက္ရွင္ေနႏိုင္တဲ့အတြက္ေၾကာင့္ 
အျခားေၾကာင္ေတြကိုဆက္လက္ကူးစက္မႈမရွိေအာင္ 
ေၾကာင္ေနတဲ့ေနရာထိုင္ခင္းေတြကိုပိုးသတ္ေပးသင့္ပါတယ္အေရာင္ခ်ြတ္ေဆးရည္ကို 
ေရနဲ႔(1:32)ဆေရာၿပီးပက္ျဖန္းေပးျခင္းအားျဖင့္ 
ဒီေရာဂါပိုးေတြကိုထိထိေရာက္ေရာက္သုပ္သင္ပစ္ႏိုင္ပါတယ္ 
ကူးစက္တတ္တဲ့ဗိုက္ေယာင္ေရာဂါ(Feline infectious peritonitis)ကိုကာကြယ္ႏိုင္တယ္ဆိုတဲ့ 
ႏွာေခါင္းအတြင္းအစက္ခ်ေဆးရွိေပမယ့္ တကယ္တမ္းကာကြယ္မႈရမရကိုေတာ့ 
ပညာရွင္ေတြအၾကားမွာအျငင္းပြားေနရဆဲျဖစ္ပါေၾကာင္းတင္ျပအပ္ပါတယ္

0 မှတ်ချက်များ to “ကူးစက်တတ်သောကြောင်ဗိုက်ယောင်ရောဂါ(Feline infectious peritonitis)”

Post a Comment