ဒီရောဂါက ခွေးကိုရိုနာရောဂါ ခွေးခြံချောင်းဆိုးရောဂါတို့နဲ့ဖြစ်ပွားပုံချင်းတူပါတယ်၊ ဒီဗိုင်းရပ်ပိုး
ကလည်းအသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်းကိုစတင်ဝင်ရောက်ပြီး နှာခေါင်းအတွင်းလှိုဏ်တွေ
ယောင်ယမ်းလာခြင်းကစတင်ပါတယ်၊ အဲဒီနေရာကပဲပိုးတွေကိုပြန့်နှံ့စေပါတယ်၊ ရောဂါဖြစ်နေစဉ် မှာ ဘော်ဒီတဲလားပိုးထပ်မံဝင်ရောက်လာရင် အခြေအနေပိုဆိုးသွားတတ်စေတာကလည်းအတူတူ
ပါပဲ၊ ဗိုင်ရပ်ပိုးတွေဟာလည်း ခန္တာကိုယ်ရဲ့ပြင်ပကိုရောက်သွားပြီးရင် မကြာခင်ပဲသေဆုံးသွားကြပါ
တယ်။
ဒီရောဂါကလည်းခွေးတွေမှာ အထီးအမ မရွေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်၊ ရောဂါရဲ့
လက္ခဏာတွေအနေနဲ့ နှာစေးတာ နှာရှည်ကျတာ နှာခေျတာနဲ့ ချောင်းဆိုးတာလောက်ကလွဲလို့
ရောဂါလက္ခဏာထူးထူးခြားခြားပြသလေ့မရှိပါဘူး၊
ဒီရောဂါကလည်း ခွေးခြံတွေမှာဖြစ်တတ်တဲ့ချောင်းခြောက်ဆိုးရောဂါ(Kennel cough)မှာလိုပဲ
ဘော်ဒီတဲလားရောဂါပိုး ထပ်မံဝင်ရောက်ခြင်းခံရရင်တော့ ချောင်းဆိုးတာက ပိုမိုပြင်းထန်လာ
တတ်ပါတယ်
ဒီရောဂါဟုတ်မဟုတ်ကို immunocytochemistry နည်းနဲ့စစ်ဆေးပြီး ဆဲလ်တွေထဲမှာဇီဝကမ္မဗေဒ
နည်းအရဗိုင်းရပ်ရဲ့ပါဝင်ပတ်သက်မှုရှိမရှိစစ်ဆေးသိရှိနိုင်ပါတယ် ၊ ဒီရောဂါဖြစ်နေတဲ့ခွေးကို
Septrin ဆေးပြားနဲ့ Tetracycline ဆေးတောင့်ကိုပူးတွဲပြီး (၇)ရက်ကနေ(၁၀)ရက်လောက်အထိ
တိုက်ကျွေးပေးနိုင်ပါတယ် ၊ အလွန်အမင်းချောင်းဆိုးနေရင်တော့ Dextromethorphan (သို့)
Butorphanol စတဲ့ဆေးတွေပါတဲ့ချောင်းဆိုးသက်သာစေတဲ့ဆေးတွေကိုတိုက်ကျွေးပေးသင့်ပါ
တယ်။
ကြိုတင်ကာကွယ်ဖို့အတွက်ကတော့ ပိုးအရှင်တွေနဲ့ထုတ်လုပ်ထားတဲ့ DHPPi ကာကွယ်ဆေးကို
နှစ်စဉ်ထိုးနှံပေးသင့်ပါတယ်၊ ဒါပေမယ့် ကာကွယ်ဆေးထိုးထားရင် ဒီရောဂါကို လုံးဝရာနှုန်းပြည့်
ကာကွယ်နိုင်ပြီလို့တော့မပြောနိုင်ပါဘူး၊ ဒါပေမယ့်ကာကွယ်ဆေးထိုးထားရင်တော့ ၊ ရောဂါဖြစ်
လာရင်တောင်မှ သိပ်ဆိုးဆိုးရွားရွားမခံစားရပဲ ပြန်လည်သက်သာပျောက်ကင်းသွားနိုင်ပါတယ်။