«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

28 Nov 2012

ကြောင်အပမ်းရောဂါ-Feline Asthma (Allergic bronchitis)

,
 Unicode
 
 
ပတ်ဝန်းကျင်လေထဲက ယားယံစေတတ်တဲ့အမှုန်အမွှား allergens တွေရှုမိတဲ့အခါ ခန္တာကိုယ်ရဲ့ 
 
ခုခံအားစနစ်ကနေ ပြင်းပြင်းထန်ထန်ပြန်လည်ခုခံတဲ့အတွက်ကြောင့် အပမ်းရာဂါ Asthma
 
ဖြစ်လာတတ်ပါတယ်။

 
ကြောင်တွေရဲ့အဆုပ်မှာဖြစ်ပွားတဲ့ဒီရောဂါဟာ လူတွေရဲ့အသက်ရှုပြွန်မှာဖြစ်ပွားတဲ့ Bronchial 
 
Asthma နဲ့အတော်လေးဆင်တူပါတယ်၊ကြောင်ကောင်ရေ(၁၀၀)မှာ(၁)ကောင်ဟာAsthmaဖြစ်ပွား 
 
လေ့ရှိတယ်လို့ဆိုပါတယ်။

 
ယိုးဒယားကြောင်မျိုးတွေကတော့ပိုအဖြစ်များပြီး ပြင်းပြင်းထန်ထန်ဖြစ်ပွားလေ့ရှိပါတယ်၊ကျန်တဲ့ 
 
ကြောင်မျိုးတွေကတော နာတာရှည်ချောင်းဆိုးပြီး အသက်ရှုကြပ်တဲ့ပုံစံမျိုးနဲ့သာဖြစ်ပွားနေ 
 
လေ့ရှိပါတယ် အဲဒီကြောင်တွေအသက်ရှုထုတ်တဲ့အခါ တစ်ဂေါဂေါမြည်နေတတ်ပါတယ်။

 
နာတာရှည်ချောင်းဆိုးနေတာကအစာမကြေနိုင်တဲ့အမွှေးအမျှင်တွေလုံးခဲပြီးပိတ်ဆို့နေရင်လည်း
 
ဖြစ်တတ်တဲ့အတွက် ဖြစ်လို့နာတာရှည်ချောင်းဆိုးတာနဲ့လွဲတတ်ပါတယ်။

 
တစ်ချို့ကြောင်တွေကျပြန်တော့ ရာသီဥတုကြောင့်အကြာကြီးချောင်းဆိုးနေတဲ့အခါမျိုးမှာလည်း 
 
Asthma နဲ့လွဲတတ်ပါသေးတယ်။

 
တခါတလေမှာ ယားယံစေတတ်တဲ့အမှုန်အမွှားတွေဖြစ်တဲ့ ဆေးလိပ်ငွေ့တို့ ဖျန်းဆေးအမှုန်တို့ 
 
ရှုမိရင်လည်း Asthma နဲ့တူတဲ့လက္ခဏာမျိုးပြတတ်ပါတယ်
 
နှလုံးသန်ကောင်စွဲကပ်နေတဲ့ကြောင်တွေဟာ Asthma ဖြစ်လာဖို့ အတော်လေးအလားအလာ 
 
များတယ်လို့ဆိုပါတယ်
 
 
Asthma ဖြစ်တာကပြင်းထန်ရင် ကြောင်ဟာသူရဲ့ရင်ဘတ်နဲ့ကြမ်းပြင်ကိုထိပြီးဝပ်နေတတ်ပြီး 
 
ပါးစပ်ဟလျှက်အသက်ရှုနေတာကိုမြင်ရမှာဖြစ်ပါတယ်၊သူ့ရဲ့မျက်လုံးကိုဖြဲကြည့်ရင်မျက်တွင်းသား
 
တွေဟာပန်းရောင်မဟုတ်တော့ပဲ ပြာနှမ်းနှမ်းဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်၊ အဲဒီအခြေအနေ 
 
ကို သွေးအတွင်းအောက်ဆီဂျင်ဓါတ်ရောက်ရှိမှုမရှိခြင်း(cyanosis)လို့ခေါ်ပါတယ်၊ Asthma ဖြစ်နေ
 
တဲ့အခြေအနေမှာ အဲဒီကြောင်ရဲ့အဆုပ်ထဲမှာ နှလုံးပျက်စီတဲ့ရောဂါမှာတွေ့ရသလိုမျိုးအရည်တွေစု 
 
နေတတ်ပါတယ်၊  ဒီလိုအခေုအနေမျိုးဖြစ်နေရင်တော့ အသက်ရှုရခက်နေတာကိုသက်သာစေဖို့
 
Epinephrine ဆေးကို ချက်ချင်းထိုးနှံပေးရမယ့်အပြင် အသက်ရှူပြွန်တွေကိုကျယ်စေတဲ့  
 
Terbutaline ဆေးကိုလည်းထိုးပေးရပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ Cortisone ဆေးတွေဟာ 
 
လည်းအမြန်ဆုံးသက်သာလာစေဖို့ကူညီပေးနိုင်ပါတယ်၊ဘာမီတွန်လို Antihistamines ဆေးတွေ 
 
နဲ့ချောင်းဆိုးပျောက်စေတဲ့ဆေးတွေကိုလုံးဝမတိုက်ရပါဘူး၊ တိုက်မိရင် သလိပ်မထွက်နိုင်တော့တဲ့
 
အတွက် အသက်ရှူလမ်းကြောင်းတွေကိုပိတ်ဆို့ပြီးသေသွားနိုင်ပါတယ်။
 

 
Asthma ဖြစ်နေတဲ့ကြောင်ကိုဆေးရုံတင်ကုသခြင်းအားဖြင့် စိတ်ငြိမ်ဆေးတွေကိုလိုအပ်သလို 
 
ထိုးနှံပေးနိုင်ပြီး Asthma ဖြစ်စေတဲ့ပတ်ဝန်းကျင်ကနေလည်းခွဲထားနိုင်တဲ့အပြင် အရေးပေါ် 
 
အခြေအနေဖြစ်လာရင် အောက်စီဂျင်ပေးရတာမျိုးတွေအတွက်လည်းအဆင်ပြေနိုင်ပါတယ်၊  
 
Asthma ရောဂါဟာနာတာရှည်ရောဂါတစ်ခုဖြစ်တဲ့အတွက် Corticosteroid ဆေးတစ်မျိုးမျိုးကို 
 
ဆက်လက်တိုက်ကျွေးဖို့လိုအပ်တဲ့အတွက် အန္တရာယ်နည်းတဲ့ Fluticasone ကဲ့သို့သော Steroids  
 
ဆေးနဲ့ ၊ အသက်ရှူချောင်စေတဲ့ Albuterol ဆေးကိုဆက်လက်တိုက်ကျွေးသင့်ပါတယ်။


 
 Zawgyi
ကြောင်တွေရဲ့အဆုပ်မှာဖြစ်ပွားတဲ့ဒီရောဂါဟာ လူတွေရဲ့အသက်ရှုပြွန်မြှာ
ဖစ်ပွားတဲ့ bronchial asthma နဲ့အတော်လေးဆင်တူပါတယ်


တတ်ပါတယ်




သူ့ရဲ့မျက်လုံးကိုဖြဲကြည့်ရင် မျက်တွင်းသားတွေဟာပန်းရောင်မဟုတ်တော့ပဲ ပြာနှမ်းနှမ်းဖြစ်ေ
နတာကိုတွေ့ရမှာဖြစ်ပါတယ်

 
 Albuterol (a bronchodilator) and steroids, such as fluticasone, are the most commonly used inhalant drugs. This method minimizes side effects from steroids and provides rapid relief. Antibiotics are rarely needed, unless the cat has a concurrent Mycoplasma infection. Try to minimize exposure to the inciting allergens. A HEPA air filter in the house may be useful.

0 မှတ်ချက်များ to “ကြောင်အပမ်းရောဂါ-Feline Asthma (Allergic bronchitis) ”

Post a Comment