«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jul 2017

နာတာရှည်ဝမ်းပျက်ရောဂါ(Feline Trichomoniasis)

,
ဒီရောဂါဟာ Trichomonas foetus လို့ခေါ်တဲ့ ပရိုတိုဇွားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်

ဒီရောဂါပိုးဟာကြောင်တွေရဲ့အူမကြီးကိုယောင်ယမ်းစေပြီးတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်စေပါတယ်

ကြောင်တွေမှာအသက်အရွယ်မရွေးဖြစ်ပွားတတ်ပေမယ့် (၁၂)လသားအောက်အသက်ငယ်တဲ့

ကြောင်လေးတွေမှာ ပိုမိုဖြစ်ပွားတတ်ပါတယ် ၊ ဒီရောဂါဖြစ်လာပြီဆိုရင်ဝမ်းအရည်ပျစ်ပျစ်တွေ

ခဏခဏသွားစေပါတယ် ၊ တစ်ခါတရံဝမ်းထဲမှာ အကျိအချွဲနဲ့ သွေးစတွေပါလာတတ်ပါတယ် ၊ 

ရောဂါရင့်လာတဲ့အခါ ကြောင်ရဲ့စအိုနေရာတွေမှာယောင်ယမ်းနေတတ်ပါတယ် ၊


ထူးခြားတာက ကြောင်လေးတွေဟာဝမ်းပျက်နေပေမယ့် ထူးထူးခြားခြားပိန်ချုံးမသွားပဲ 

လန်းလန်းဆန်းဆန်းအနအေထားမှာပဲရှိနေတတ်ပါတယ် ၊ ဒီရောဂါဟာ တစ်ကောင်စနှစ်ကောင်စ

မွေးမြူတဲ့အခြေအနေမျိုးမှာသိပ်မဖြစ်တတ်ပဲ ကြောင်တွေအများကြီးမွေးမြူထားတဲ့အခြေအနေမျိုးမှာ

ပိုမိုဖြစ်ပွားလေ့ရှိတာပါပဲ ၊ ဒီရောဂါဟာ ရောဂါပိုးပါတဲ့အစာနဲ့ရေကိုသောက်မိရာကနဆေက်လက်

 ကူးစက်ခံရတာဖြစ်ပါတယ် ၊


ရောဂါဖြစ်နေတဲ့ကြောင်ဝမ်းသွားတဲ့အခါ ဒီရောဂါပိုးတွေပါလာပြီး မစင်ထဲမှာရက်ပေါင်းအတော်ကြာအထိ

အသက်ရှင်နေနိုင်ပါတယ် ၊  

လပ်လပ်ဆတ်ဆတ်သွားထားတဲ့ဝမ်းကို ဓါတ်ဆားနဲ့ရည်ဖျော်ပြီးမှန်ပြားပေါ်မှာ အဏုကြည့်မှန်ပြောင်းနဲ့

ကြည့်ရင် ရောဂါပိုးတွေကိုမြင်တွေ့နိုင်ပါတယ် ၊ ဒါပေမယ့်မတွေ့ရတာလည်း ရှိတတ်ပါတယ် ၊ 

ရောဂါပိုးကိုမွေးမြူတဲ့နည်းနဲ့ စစ်ဆေးတာက ပိုမိုသေချာပါတယ် ၊အကောင်းဆုံးကတော့နောက်ဆုံးပေါ် 

(polymerase chain reaction) PCR  စစ်ဆေးနည်းနဲ့ စစ်ဆေးတာကရောဂါပိုးရှိမရှိအသေချာဆုံး

အဖြေကိုရရှိနိုင်ပါတယ် ၊


ဒီရောဂါကိုကုသတဲအခါ အချိန်ယူကုသခဲ့ရပါတယ် ရောဂါပိုးတွေဟာချက်ချင်းပပျောက်မသွားနိုင်ပါဘူး ၊ 

ရောဂါပိုးတွေပပျောက်သွားဖို့ဆိုရင် များသောအားဖြင့်(၉)လလောက်ကြာတတ်ပြီး တစ်ချို့ကြောင်တွေ 

ဆိုရင်(၂)နှစ်လောက်ကြာမှ လုံးဝကင်းစင်သွားတာမျိုးလည်းရှိပါတယ်

ဒီရောဂါခံစားနေရတဲ့ကြောင်တွေကို အကျိုးပြုပိုးတွေပါတဲ့ probiotics တစ်မျိုးဖြစ်တဲ့ ဘိုင်အိုဖလော

စားဆေးကိုတိုက်ပေးသင့်ပါတယ် ၊

ဒီရောဂါပိုးဟာ ပရိုတိုဇွားရောဂါပိုးတွေကိုနှိမ်နင်းတဲ့အခါအသုံးများတဲ့ ဖန်ဘင်ဒါဇောနဲ့မက်ထရိုနီဒါဇော

ဆေးတွေနဲ့ ကုသလို့မရပါဘူး ၊ ဆေးမတိုးပါဘူး ၊

ဒါပေမယ့် ဒီရောဂါကိုဖြစ်ပွားစေတဲ့ Trichomonas foetus  ပိုးဟာ ကြောင်ရဲ့အူအတွင်းမှာရှိနေတဲ့ 

အခြားဘက်တီးရီယားပိုးတွေအပေါ်မှီခိုနေရတာကြောင့် အဲဒီဘက်တီးရီယားပိုးတွေကိုနှိမ်နင်းတဲ့ 

ပဋိဇီဝဆေးတွေတိုက်ကျွေးလိုက်တဲ့အခါ သွယ်ဝိုက်တဲ့နည်းနဲ့ ဒီ Trichomonas foetus ရောဂါပိုးကို

နှိမ်နင်းသလိုဖြစ်စေပါတယ် ၊ အဲဒီအကြောင်းရင်းကြောင့်ပဲ ပရိုတိုဇွားရောဂါပိုးကြောင့်ဖြစ်ပွားတဲ့

ရောဂါဖြစ်ပေမယ့် ပရိုတိုဇွားတွေကိုနှိမ်နင်းတဲ့ဆေးနဲ့မတိုးပဲ အခြားပဋိဇီဝဆေးတွေတိုက်ကျွေးလိုက်

တဲ့အခါကျမှ ၀မ်းပျော့နေတဲ့အခြေအနေဟာ အကောင်းဖက်ကိုသိသိသာသာပြောင်းလဲလာခြင်း

ဖြစ်ပါတယ် ၊


ဒါပေမယ့် အဲဒီလိုပဋိဇီဝဆေးတွေတိုက်ကျွေးခြင်းကြောင့် ရောဂါပျောက်ကင်းမသွားတဲ့အပြင် 

ရောဂါပိုးတွေဟာ ကြောင်ရဲ့မစင်ထဲမှာပိုမိုပါဝင်လာပြီး ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုဖြစ်ပွားစေပြန်

ပါတယ် ၊ ဒါကြောင့်မို့ ဒီရောဂါဖြစ်လာရင် ပဋိဇီဝဆေးတွေတိုက်ကျွေးခြင်းဟာမှန်ကန်တဲ့နည်းလမ်း

မဟုတ်ပါဘူး ၊

ဝမ်းသာစရာကောင်းတဲ့သတင်းကတော့ ဒီရောဂါကိုစူးစိုက်လေ့လာခဲ့တဲ့ အမေရိကန်နိုင်ငံ

မြောက်ကာရိုလိုင်းနားတက္ကသိုလ်က ဒေါက်တာဂျိုဒီဂေါ့ကင်းရဲ့လေ့လာတွေ့ရှိချက်အရ

ဒီရောဂါဖြစ်ပွားနေတဲ့ကြောင်တွေကို ကုသမယ်ဆိုရင် ronidazole ဆေးနဲ့  tinadazole ဆေးကို

ပူးတွဲတိုက်ကျွေးသင့်ကြောင်းတွေ့ရှိခဲ့ပါတယ် ၊ ronidazole ဆေးကို တစ်ကြိမ်လျှင် 30-50mg/kg နှုံးနဲ့

တစ်နေ့(၂)ကြိမ်အထိတိုက်ကျွေးရင် (၂)ပါတ်လောက်အကြာမှာ သိသိသာသာသက်သာပျောက်ကင်း

သွားတာတွေ့ခဲ့ပါတယ် ၊ အသက်အလွန်ငယ်တဲ့ကြောင်လေးတွေဆိုရင်တစ်ကြိမ်လျှင် 10mg/kg  နှုံးနဲ့

တစ်နေ့(၂)ကြိမ်အထိတိုက်ကျွေးပါတယ် ၊ ronidazole ဆေးဟာ ဒီရောဂါကို ထိထိရောက်ရောက်

ကုသနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးအဖြစ် ခြေလက်တွေတုန်တာမျိုး တက်သလိုမျိုးတော့ဖြစ်တတ်

ပါတယ် ၊ ဒါပေမယ့် ဆေးကိုရပ်လိုက်ရင် ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ဆိုပါတယ် ။

0 မှတ်ချက်များ to “နာတာရှည်ဝမ်းပျက်ရောဂါ(Feline Trichomoniasis)”

Post a Comment