«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Feb 2019

အရေပြားတွင်အဆီပြန်သောရောဂါ(Acanthosis nigrans)

,
(Unicode Version)
 
 
Acanthosis nigrans ဆိုတာကတော့အရေပြားဟာ ထူခေါက်ခေါက်ဖြစ်လာပြီးအနက်ရောင် 
 
ပြောင်းသွားတဲ့ရောဂါတစ်ခုလို့ သိထားသင့်ပါတယ်။
 
 
သာမန်အားဖြင့် ဒီရောဂါဟာခွေးအမျိုးအစားတိုင်းမှာဖြစ်ပွားနိုင်ပေမယ့် Dachshunds ခွေးမျိုး 
 
တွေမှာပိုပြီးအဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်၊ Dachshunds ခွေးမျိုးတွေမှာ ဒီရောဂါဖြစ်ပွား  
 
လာရင်တော့ပျောက်ကင်း အောင်ကုသလို့မရနိုင်ပါဘူး၊ ကျန်တဲ့ ခွေးအမျိုးအစားအားလုံးမှာတော့ 
 
အင်ဒိုခရိုင်းစနစ်နဲ့ပတ်သက်တဲ့ ရောဂါတွေ၊အရေပြားယားယံတဲ့ရောဂါတွေနဲ့ အဝလွန်ရောဂါတွေ
 
ဖြစ်ပွားတဲ့အခါမှာဒီရောဂါကနောက်ဆက်တွဲ ရောဂါအဖြစ်ဆက်လက်ဖြစ်ပွားခြင်းဖြစ်တဲ့အတွက်
 
ကြောင့်မူလဖြစ်ပွားတဲ့ရောဂါကိုပျောက်ကင်းအောင်ရှာဖွေကုသနိုင်ရင်နောက်ဆက်တွဲဖြစ်ပွားတဲ့
 
အရေပြားအဆီထွက်ရောဂါ((Acanthosis Nigricans)ဟာလည်း ပျောက်ကင်းသွားနိုင်ပါတယ် 
 
များသောအားဖြင့်အရေပြားအဆီထွက်ရောဂါ((Acanthosis  Nigricans)ဟာ အသက်အရွယ်
 
ငယ်တဲ့(၁)နှစ်သားအောက်ခွေးငယ်လေးတွေမှာပိုပြီးအဖြစ်များလေ့ရှိပါတယ်
 
 
ဒီရောဂါဖြစ်လာပြီဆိုရင်နားရွက်၊ဂျိုင်းကြားနဲ့ဝမ်းဗိုက်ရဲ့နောက်ဖက်နေရာက အရေပြားတွေမှာ
 
နေရာကွက်ကြားအပြောင်းအလဲတွေဖြစ်လာလေ့ရှိပါတယ်၊အဲဒီနေရာတွေကအရေပြားတွေဟာ    
 
အနက်ရောင်ပြောင်းလာပြီးသေချာစစ်ဆေးကြည့်ရင်ချဉ်စုပ်စုပ်အနံ့ရှိတဲ့အဆီတွေစိမ့်ထွက်နေတာ
 
ကိုတွေ့နိုင်ပါတယ်၊ 
 
 
ရောဂါဖြစ်တဲ့အရေပြားနေရာမှာရှိတဲ့ အမွှေးတွေကျွတ်ထွက်ကုန်ပြီး အဲဒီနေရာကိုတွေကိုထိရင်
 
နာကျင်တာကိုတွေ့ရမှာဖြစ်ပါတယ်၊အနက်ရောင်ဖြစ်နေတဲ့အရေပြားအကွက်ရဲ့အနားသတ်လိုင်း 
 
တစ်လျှောက်မှာတော့ နီရဲပြီးယောင်ယမ်းနေတာကိုတွေ့နိုင်ပါတယ်
 
 
အဲဒီလိုအခြေအနေမျိုးမှာ အရေပြားထဲကိုပြင်ပကရောဂါပိုးတွေ ထပ်မံဝင်ရောက်လာရင်တော့
 
အရေပြားမဲနက်နေမှုဟာပိုမိုကျယ်ပြန့်လာပြီးအဆီတရွဲရွဲဖြစ်လာတတ်ပါတယ်Dachshundsခွေး
 
မျိုးတွေမှာအရေပြားအဆီထွက်ရောဂါ(Acanthosis Nigrans)ဖြစ်ပွားလာရင်လုံးဝပျောက်ကင်း
 
အောင်ကုသဖို့အလွန်ခက်ပြီးအခြေအနေဆက်မဆိုးလာအောင်သာထိမ်းထားပေးနိုင်မှာဖြစ် 
 
ပါတယ်၊ ဒီရောဂါဖြစ်ပွားကြောင်းသိလျှင်သိချင်း ခွေးဆီမထွက်အောင်ထိမ်းပေးထားနိုင်တဲ့ 
 
ရေချိုးဆပ်ပြာရည် Antiseborrhea Shampoos နဲ့ ရက်သတ္တတစ်ပါတ်လျှင်(၂)ကြိမ်ရေချိုးပေး
 
သင့်ပြီး ၊ ကျန်တဲ့ရက်တွေ မှာတော့ ပိုးသတ်ဆေးပါတဲ့ရေချိုးဆပ်ပြာရည် Antimicrobial 
 
shampooနဲ့ နေ့စဉ်ရေချိုးပေးသင့် ပါတယ်၊အဲဒီနောက် Triamcinolone Acetate ဖျန်းဆေး
 
(သို့) Betamethasone Valerate Ointment လိမ်းဆေးကို လိမ်းကျံပေးနိုင်ပါတယ်၊ 
 
 
ဒီရောဂါဖြစ်နေတဲ့ခွေးတွေကိုစတီးရွိုက်ဆေးတွေထိုးနှံခြင်း၊တိုက်ကျွေးပေးခြင်းအားဖြင့်
 
အခြေအနေဆက် ဆိုးမလာအောင်ထိမ်းထားပေးနိုင်ပါတယ်၊ တစ်ချို့ခွေးတွေမှာ
 
ဗီတာမင်”E”ကို (၂၀၀)မီလီဂရမ်နှုန်းနဲ့မနက်(၁)ကြိမ်နေ့စဉ်တိုက်ကျွေးပေးခြင်းကို  
 
glucocorticoids စားဆေးတစ်မျိုးမျိုးကိုပူးတွဲတိုက်ကျွေးပေးခြင်းအားဖြင့် သိသိသာသာ 
 
သက်သာလာတာကိုလည်းတွေ့ရတတ်ပါတယ်၊ဒီလိုကုသနေစဉ်အတွင်းတခါတရံမှာ 
 
Yeastရောဂါပိုးတွေဝင်ရောက်လာ မှုကိုလည်းကြုံရတတ်ပါသေးတယ်၊အဲဒီအခါမျိုးမှာတော့  
 
itraconazole (သို့)  ketoconazole စားဆေး ကို (5–10 mg/kg)နှုန်းနဲ့နေ့စဉ်တိုက်ကျွေး
 
ပေးဖို့လိုအပ်ပါတယ်
 
 
ရောဂါဖြစ်နေတဲ့အရေပြားချင်းပွတ်တိုက်ပြီးအနာတွေထပ်မံဖြစ်ပွားလာနိုင်တာမို့အလွန်အမင်း
 
ဝမလာအောင် အစာကိုချင့်ချိန်ကျွေးပေးဖို့လည်းလိုအပ်ပါတယ်
 
 
အရေပြားအဆီထွက်ရောဂါ((AcanthosisNigricans)ဘာကြောင့်ဖြစ်ပွားလာရတယ်ဆိုတဲ့
 
အကြောင်းရင်းဟာ ပညာရှင်တွေအဖို့ယနေ့ထိတိုင်ပဟေဠိတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါကြောင်း
 
တင်ပြလိုက်ပါတယ်။
 
 
 
(Zawgyi Version)
  
 
 
အနက်ရောင်ပြောင်းသွား တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
 
သာမန်အားဖြင့်ဒီရောဂါဟာ Dachshunds 
 
ခွေးမျိုးတွေမှာဖြစ်တတ်တဲ့ရောဖြစ်ပါတယ်ဒါပေမယ့်ကျန်တဲ့ခွေး အမျိုးအစား အားလုံးမှာ 
 
အင်ဒိုခရိုင်းဂလင်းရောဂါတွေ 
 
အဝလွန်ရောဂါနဲ့အရေပြားယားယံတဲ့ရောဂါတွေဖြစ် တဲ့ အခါမှာ နောက်ဆက်တွဲအနေနဲ့ 
 
ဒီရောဂါဖြစ်လာတတ်ပါတယ်
 
များသောအားဖြင့်ဒီအရေပြားအဆီပြန်ရောဂါ(Acanthosisnigrans)ဟာ(၁)နှစ်သားအော
 
က်ခွေးငယ် ‌လေးတွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်
 
ဒီရောဂါဖြစ်လာရင် နားရွက် ချိုင်းကြားနဲ့ ဝမ်းဗိုက်ရဲ့နောက်ဖက်နေရာက 
 
အရေပြားတွေဟာသိသိသာသာ အနက်ရောင်ပြောင်းလာပြီး 
 
ချဉ်စုပ်စုပ်အနဲ့ရှိတဲ့အဆီတွေစိမ့်ထွက်နေတတ်ပါတယ် အဲဒီအချိန်မှာ 
 
ပြင်ပရောဂါပိုးတွေထပ်မံဝင်ရောက်ရင်တော့အရေပြားမှာဖြစ်နေတဲ့ဝေဒနာဟာ
 
လက်ပြင်ပိုင်း အထိ ပိုမိုကျယ်ပြန့်လာပြီး ခြေက်တွေအထိမဲနင်သွားပြီး 
 
အဆီတစ်ရွဲရွဲဖြစ်လာတတ်ပါတယ် အဲဒီအချိန်ဟာ Dachshunds ခွေးပိုင်ရှင်တွေအဖို့ 
 
အလွန်စိတ်ညစ်ငြူးဖွယ်အချိန်ဖြစ်ပါလိမ့်မယ်
 
ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါဟာ သက်သာအောင်ပဲထိမ်းပေးထားလို့ရပြီး 
 
လုံးဝပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့ရောဂါဖြစ်လို့ပါပဲ
 
ဒီရောဂါဖြစ်နေတဲ့ခွေးတွေကို corticosteroids ဆေးတွေတိုက်ကျွေးခြင်း 
 
ထိုးနှံပေးခြင်းဖြင့်ရောဂါပိုဆိုး မလာအောင်ထိမ်းပေးထားနိုင်ပါတယ်
 
တစ်ချို့ခွေးတွေကျတော့ ဗီတာမင်အီးစားဆေးနဲ့ 
 
စားဆေးတိုက်ကျွေးတဲ့အခါသိသိသာသာသက်သာသွား တာ ကိုတွေ့နိုင်ပါတယ်
 
ဒီရောဂါဒံစားနေရတဲ့ခွေးတွေကိုချွေးဆီမထွက်အောင်ကာကွယ်ပေးနိုင်တဲ့ရေချိုး
 
ဆပ်ပြာရည်(antiseborrhea shampoos)နဲ့ရေချိုးပေးသင့်ပြီး 
 
ပြင်ပရောဂါပိုးတွေထပ်မံဝင်ရောက်မှုကိုနှိမ်နင်းဖို့အတွက် ပဋိဇီဝဆေး 
 
တစ်မျိုးမျိုးကိုတိုက်ကျွေးပေးသင့်ပါတယ်
 
အရေပြားချင်းပွတ်တိုက်မိပြီးအနာတွေဖြစ်မလာစေဖို့အလွန်အမင်းဝမလာအောင်လို
 
အပ်သလိုဆောင်ရွက်ပေး  ရမှာဖြစ်ပါတယ်
 
ဝမ်းသာစရာကောင်းတဲ့အချက်ကတော့ Dachshunds 
 
ခွေးမျိုးမဟုတ်တဲ့အခြားခွေးအမျိုးအစားတွေမှာ ရောဂါတစ်ခုခုရဲ့နောက်ဆက်တွဲအနေနဲ့ 
 
ဒီရောဂါဖြစ်လာရတာဆိုရင် မူလရောဂါကိုပျောက်ကင်းအောင် ရှာဖွေကုသနိုင်ရင် 
 
ဒီရောဂါလည်းပြန်လည်ပျောက်ကင်းနိုင်တယ်လို့ဆိုပါတယ်
 
ဒီရောဂါဟာဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာယနေ့အထိပညာရှင်တွေအဖို့ပဟေဠိ
 
တစ်ခုအဖြစ်ရှိနေဆဲရှိ ပါကြောင်း တင်ပြအပ်ပါတယ်
 

0 မှတ်ချက်များ to “အရေပြားတွင်အဆီပြန်သောရောဂါ(Acanthosis nigrans)”

Post a Comment