«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Feb 2019

ဗိုက်တွဲရောဂါ (Hyperadrenocorticism)

,
ခန္တာကိုယ်မှာလိုအပ်တဲ့ corticosteroids ဟိုမုန်း(၂)မျိုးကိုထုတ်လုပ်ပေးနေတဲ့ Adrenal ဂလင်း(၂)ခုဟာ ကျောက်ကပ်ရဲ့အပေါ်ဖက်မှာတည်ရှိပါတယ်ဒီဂလင်းတွေရဲ့cortexလို့ခေါ်တဲ့အကာပိုင်းဟာဟိုမုန်းတွေ ထုတ်လုပ်နိုင် တဲ့ဆဲလ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး corticosteroids ဟိုမုန်း(၂)မျိုးကိုထုတ်လုပ်ပေးနေ တာဖြစ်ပါတယ်
တစ်မျိုးက အမျိုးအစားဖြစ်ပြီး ခန္တာကိုယ်ထဲကဓါတ်ဆားရည်ပမာဏကိုထိမ်းညှိပေးပါတယ် နောက်တစ်မျိုး ကတော့ Glucocorticoids အမျိုးအစားဖြစ်ပြီး ခန္တာကိုယ်ကယောင်ယမ်းမှုတွေနဲ့ ခုခံစွမ်းအားကိုလျှော့ ချပေးတဲ့အလုပ်တွေကိုလုပ်ဆောင်ပါတယ်
အဲဒီဂလင်းတွေကနေ ဟိုမုန်းပမာဏဘယ်လောက်ထုပ်လုပ်ရမယ်ဆိုတာကိုတော့ ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းကနေညွှန်ကြားပေးနေတာဖြစ်ပါတယ် ပီကျူထရီဂလင်းကနေ adrenocorticotropic hormone(ACTH)နည်းနည်းထုတ်ပေးရင်ကျောက်ကပ်ကအဒရီနယ်ဂလင်းတွေကလည်းcorticosteroids  ဟိုမုန်း(၂)မျိုးကိုနည်းနည်းပဲထုတ်ပြီး ပီကျူထရီဂလင်းကနေ adrenocorticotropic hormone(ACTH) အများကြီးထုတ်ပေးရင် ကျောက်ကပ်က အဒရီနယ်ဂလင်းတွေကလည်း corticosteroids ဟိုမုန်း(၂)မျိုးကို အများကြီးထုတ်ပေးတာဖြစ်ပါတယ်
Cushing’s ရောဂါဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ပီကျူထရီဂလင်းမှာ အကြိတ်တည်ပြီး ACTH တွေ အများကြီးလွှတ်ထုတ်လာတဲ့အတွက်ကျောက်ကပ်ဂလင်းတွေကနေလည်းcorticosteroidsဟိုမုန်းတွေနေ့စဉ် ရက်ဆိုသလိုအများကြီးထုတ်လုပ်ပေးနေတဲ့အတွက် မလိုလားအပ်တဲ့လက္ခဏာတွေဖြစ်လာတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ် ဒီရောဂါကို (Cushing’s syndrome)လို့လည်းခေါ်ကြပါတယ်
ကျောက်ကပ်မှာရှိတဲ့ အဒရီနယ်ဂလင်းတွေကိုယ်တိုင်အကြိတ်ဖြစ်လို့ Cushing’sရောဂါဖြစ်လာတာကတော့ (၁၅%)လောက်သာရှိပြီးဦးနှောက်ထဲမှာရှိတဲ့ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်လာတာက(၈၅%)
 ‌လောက်ရှိတယ်လို့ဆိုပါတယ်
ကူရှင်းရောဂါဟာခွေးတွေမှာအသက်ရွယ်မရွေးဖြစ်ပွားတတ်ပေမယ့်သက်လတ်ပိုင်နဲ့အသက်ကြီးပိုင်းခွေးတွေ မှာပိုပြီးအဖြစ်များတာတွေ့ရပါတယ်
ဒီရောဂါဟာ Poodles, Boston Terriers,Dachshunds, နဲ့ Boxers စတဲ့ခွေးအမျိုးအစားတွေမှာပိုပြီး အဖြစ်များလေ့ရှိပါတယ်
တခါတလေကျတော့လည်း ခန္တာကိုယ်ရဲ့အစိပ်အပိုင်းတွေမှာ ဘာအပြစ်မှမရှိပဲ corticosteroids ဆေးတွေ ကို ကြာရှည်တိုက်ကျွေးမိရင်လည်း ကူရှင်းရောဂါဖြစ်လာတတ်ပါတယ် အဲလိုဖြစ်လာတာကို iatrogenic Cushing’s syndrome လို့ခေါ်ပါတယ်

ခွေးတွေမှာကူရှင်းရောဂါဖြစ်လာပြီဆိုရင် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခန္တာကိုယ်ရဲ့သွေးထဲမှာ cortisone တွေအများကြီးရှိနေတဲ့အတွက် ခန္တာကိုယ်နေရာအနှံ့ကအမွှေးတွေကျွတ်ကျလာမှာဖြစ်ပြီး မကျွတ်သေးတဲ့အမွှေးတွေကလည်း မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ် ကြာလာရင်အရေပြားတွေဟာ အနက်ရောင်ပြောင်းလာတာကိုတွေ့နိုင်ပါတယ်
ခွေးဟာမလှုပ်ချင်သလိုထိုင်းမှိုင်းနေတတ်ကာ သူ့ရဲ့ဝမ်းဗိုက်ဟာဖောင်းပြီးအောက်ဖက်ကိုတွဲလျောင်းကျနေ သလိုဖြစ်လာတတ်ပါတယ် ဒီရောဂါဖြစ်နေတဲ့ခွေးမတွေဟာ သားမအောင်နိုင်ပဲခွေးထီးတွေဆိုရင်တော့ သူတို့ရဲ့ဥနှစ်လုံးဟာသိမ်လာတတ်ပါတယ် အဲဒီခွေးတွေဟာရေကို ခဏခဏသောက်ပြီး ဆီးလည်းခဏခဏသွားတာကိုတွေ့နိုင်ပါတယ် နောက်ဆက်တွဲအနေနဲ့ ခွေးဟာတဖြည်းဖြည်းပိန်ချုံးလာပြီး သွေးပေါင်တက်ခြင်း ဆီးချိုရောဂါဖြစ်လာခြင်းနဲ့ နှလုံးကြွက်သားတွေပုပ်ခြင်းစတဲ့ရောဂါဆိုးတွေ ဆက်လက်ဖြစ်ပေါ်လာလေ့ရှိပါတယ်
ခွေးတွေမှာကူရှင်းရောဂါဟုတ်မဟုတ်သိရှိနိုင်ဖို့အတွက်သူ့ရဲ့သွေးကိုဖောက်ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးကြည် လို့ရပါတယ် ခွေးကိုသွေးဖောက်ယူပြီးနောက် ACTH ဟိုမုန်းနဲ့dexamethasone ထိုးဆေးကို ထိုးနှံပေး ရပါတယ် ဆေးပြန့်သွားတဲ့အခါ နောက်တစ်ကြိမ်သွေးဖောက်ယူရပြန်ပါတယ် ဆေးမထိုးမီရရှိတဲ့သွေးနဲ့ ဆေးထိုးပြီးမှရရှိတဲ့သွေးတွေမှာပါဝင်နေတဲ့ cortisol ပါဝင်နှုန်းတွေကိုကြည့်ပြီး ဒီရောဂါရှိမရှိဆုံးဖြတ်ရ တာဖြစ်ပါတယ် နောက်ဆုံးပေါ်ရောဂါဖွေနည်းတွေဖြစ်တဲ့ ကွန်ပြူတာဓါတ်မှန်(CT scans)ရိုက်ကြည့် ရင်ဖြစ်စေ magnetic resonance imaging (MRI)လို့ခေါ်တဲ့ သံလိုက်စွမ်းအင်သုံးပုံရိပ်ဖော်စက် နဲ့ရိုက်ကြည့်ရင်ဖြစ်စေ ဦးနှောက်ထဲကပီကျူထရီဂလင်း(သို့)ကျောက်ကပ်နားက အဒရီနယ်ဂလင်းမှာ အကြိတ်တည်နေခြင်းရှိမရှိစစ်ဆေးနိုင်ပါတယ်
ဒီရောဂါအခြေအနေသိပ်မဆိုးသေးရင်တော့ကျောက်ကပ်အကြိတ်(adrenalcortex)ကနေ(corticosteroids) ဟိုမုန်းတွေထွက်နေတာကိုလျော့နည်းစေတဲ့ mitotane(Lysodren)စားဆေးကို တိုက်ကျွေးပြီး ရောဂါကို ထိမ်းထားနိုင်ပါတယ်
corticosteroids ဆေးတွေကို ကြာရှည်တိုက်ကျွေးနေရလို့ ဒီရောရာဖြစ်လာတာဆိုရင်တော့ corticosteroids ဆေးတွေတိုက်ကျွေးနေမှုကိုလျှော့ချပေးသင့်ပါတယ်ဦးနှောက်ထဲကပီကျူထရီ ဂလင်းရဲ့ ဆောင်ရွက်မှုလွန်ကဲလိုဖြစ်လာတာဆိုရင် Anipryl (deprenyl)စားဆေးကို တိုက်ကျွေးပြီးကုသနိုင်ပါတယ်
ဦးနှောက်ထဲကပီကျူထရီဂလင်း(သို့)ကျောက်ကပ်နားက အဒရီနယ်ဂလင်းမှာ အကြိတ်တည်နေတဲ့အဆင့် ဆိုရင်တော့ ဓါတ်ကင်ကုသနည်းနဲ့ဖြစ်စေ ခွဲစိပ်ပြီးဖြတ်ထုတ်ဖယ်ရှားပစ်တဲ့နည်းနဲ့ဖြစ်စေကုသပေးနိုင် ပါတယ်

0 မှတ်ချက်များ to “ဗိုက်တွဲရောဂါ (Hyperadrenocorticism)”

Post a Comment