«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ကြောင်တီဘီရောဂါ(Tuberculosis)

,
Unicode
 

တီဘီရောဂါဆိုတာ Mycobacterium အုပ်စုဝင်ဘက်တီးရီးယားရောဂါပိုးတွေကြောင့် 
 
လူတွေနဲ့တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ရောဂါကိုခေါ်တာပါ …လူတီဘီ ၊ နွားတီဘီ နဲ့ ငှက်တီဘီဆိုပြီး 
 
(၃)မျိုးရှိပါတယ် …ကြောင်တွေမှာက လူတီဘီ မဖြစ်ပါဘူး နွားတီဘီ နဲ့ ငှက်တီဘီပိုးတွေကသာ 
 
ကြောင်ကိုကူးစက်ဖြစ်ပွားနိုင်ပါတယ် .. ဒါပေမယ့် ငှက်တီဘီဖြစ်တာက အလွန်ရှားပါတယ် ၊ 
 
…တစ်ခါတရံမှာနွားတီဘီဖြစ်တတ်ပါတယ် လူတီဘီပိုးကို ကြောင်တွေကခံနိုင်ရည်ရှိတဲ့အတွက် … 
 
ကြောင်တွေမှာလူတီဘီဖြစ်ပွားခြင်းလုံးဝမရှိပါဘူး …

 
ကြောင်တွေမှာက Mycobacterium bovis လို့ခေါ်တဲ့ နွားတီဘီရောဂါပိုးကြောင့်ဖြစ်ပွားရတာ 
 
ဖြစ်ပါတယ် … ဒီရောဂါပိုးဟာ ပတ်ဝန်းကျင်ရာသီ ဥတုရဲ့ဒဏ်ကို အတော်ခံနိုင်ပါတယ်.. 
 
အသက်လည်းပြင်းပါတယ်..အချိန်ကြာကြာ  အသက်ရှင်နေနိုင် အောင် အခွံအုပ်ထား တဲ့ “Spore”  
 
ပုံစံပြောင်းလဲပြီးအကြာကြီး အသက်ရှင်နေနိုင်ပါတယ်…

 
Mycobacterium bovis ရောဂါပိုးပါနေတဲ့နွားနို့နဲ့ … ရောဂါပိုးပါနေတဲ့အသားကို ကျက်အောင်
 
မချက်ပဲကျွေးရင် ကြောင်တွေကိုတီဘီရောဂါကူးစက်နိုင်ပါတယ် …


 
တီဘီရောဂါကူးစက်ခံရပြီဆိုတာနဲ့ .. ကြောင်တွေရဲ့အစာခြေအူလမ်းကြောင်းမှာ ရောဂါ 
 
လက္ခဏာတွေ စတင်ပြသလာပါတယ် ၊ တစ်ငွေ့ငွေ့ဖျားနေတတ်ပါတယ်…အစာကောင်းကောင်း 
 
စားလျှက်နဲ့ပဲ တစ်ဖြည်းဖြည်းပိန်လာပါမယ် .. အသည်းနဲ့ အူမှာရှိနေတဲ့ ပြန်ရည်ကြိတ်တွေမှာ 
 
ပြည်တည်နာတွေဖြစ်ပေါ်လာပါမယ် … အဆုတ်ထဲကိုရောဂါပိုးရောက်ပြီး အသက်ရှုကြပ်တာ 
 
မောပန်းလွယ်တာ တွေဖြစ်တတ်ပါတယ် .. ချောင်းဆိုးပြီး သွေးစပါတဲ့ သလိပ်တွေ ထွက်တတ် 
 
ပါတယ် … တစ်ခါတရံ ကိုယ်ခန္တာပြင်ပမှာရှိနေတဲ့အနာကို ကြောင်ကလျှက်ရင် … အနာထဲကို 
 
ရောဂါပိုးဝင်ပြီးတော့ နာတာရှည်ပြည်တည်နာဖြစ်သွားတာကိုတွေ့ရတတ်ပါတယ် အဲဒီအနာ 
 
ကထွက်တဲ့ ပြည်စထဲမှာတီဘီရောဂါပိုး တွေပါလာတတ်ပါတယ်…
 
 
ဒီရောဂါပိုးကို  Antituberculous  Drugs  လို့ခေါ်တဲ့ တီဘီရောဂါကုဆေးတွေနဲ့…နှိမ်နင်း 
 
သုပ်သင်နိုင်ပါတယ်…ဒါပေမယ့်ကုသရတာခက်ခဲတဲ့အပြင်၊ လနဲ့ချီပြီးအချိန်တော်တော်ကြာအောင် 
 
ဆေးဝါးကုသပေးရပါတယ် …
 
 
ကြောင်တွေမှာ လူတီဘီမဖြစ်ပဲ… နွားတီဘီပဲဖြစ်ပွားပေမယ့်…အဲဒီဖြစ်ပွားတဲ့နွားတီဘီပိုး ဟာ  
 
လူကိုကူးစက်နိုင်ပါတယ်…တီဘီရောဂါဟာ အန ္တရာယ်ကြီးတဲ့ရောဂါဖြစ်တာကြောင့် 
 
…အနောက်နိုင်ငံတွေမှာဆိုရင်… ကြောင်တွေမှာ ဒီရောဂါဖြစ်ပွားကြောင်းသံသယဖြစ်လာရင် .. 
 
သေချာအောင် တိတိကျကျစစ်ဆေးကြပါတယ်..ရောဂါရှိတာသေချာပြီဆိုရင်…တိရစ္ဆာန်ရောဂါကု 
 
ဆရာဝန်ရဲ့အကူအညီကိုရယူပြီးတော့ အညင်သာဆုံးနည်းနဲ့ထာဝရခွဲခွာလိုက်ကြရပါတယ် …
 
ဒါကြောင့်မို့ မိမိရဲ့ကြောင်ကို ကျက်အောင်ချက်ထားတဲ့အမဲသားနဲ့ နွားနို့ကိုလုံးဝမကျွေးသင့် 
 
မတိုက်သင့်ပါဘူး။
 
Zawgyi
 
တီဘီရောဂါ ဆိုတာ

Mycobacterium မျိုးနွယ် ဘက်တီးရီးယားရောဂါပိုးတွေကြောင့်ဖြစ်ပွားတဲ့ရောဂါကိုခေါ်တာပါ …လူတီဘီ ၊ နွားတီဘီ နဲ့ ငှက်တီဘီဆိုပြီး (၃)မျိုးရှိပါတယ် …ကြောင်တွေမှာက လူတီဘီ မဖြစ်ပါဘူး နွားတီဘီ နဲ့ ငှက်တီဘီပိုးတွေကသာ ကြောင်ကိုကူးစက်ဖြစ်ပွားနိုင်ပါတယ် .. ဒါပေမယ့် ငှက်တီဘီဖြစ်တာက အလွန်ရှားပါတယ် …တစ်ခါတရံမှာနွားတီဘီဖြစ်တတ်ပါတယ် လူတီဘီပိုးကို ကြောင်တွေကခံနိုင်ရည် ရှိတဲ့အတွက် … ကြောင်တွေမှာလူတီဘီလုံးဝဖြစ်ပွားခြင်းမရှိပါဘူး …




ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း

Mycobacterium  မျိုးနွယ် ဘက်တီးရီးယားရောဂါပိုးဖြစ်တဲ့ Mycobacterium bovis လို့ခေါ်တဲ့ နွားတီဘီရောဂါပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် … ဒီရောဂါပိုးဟာ ပတ်ဝန်းကျင်ရာသီ ဥတုရဲ့ဒဏ်ကို အတော် ခံနိုင်ပါတယ်.. အသက်ပြင်းပါတယ်..အချိန်ကြာကြာ  အသက်ရှင်နေနိုင် အောင် အခွံအုပ်ထား တဲ့ “Spore”  ပုံစံပြောင်းလဲပြီးအကြာကြီး အသက်ရှင်နေနိုင်ပါတယ်…



ကူးစက်ပုံ

ရောဂါပိုးပါနေတဲ့နွားနို့ နဲ့ … ရောဂါပိုးပါနေတဲ့အသားကို ကျက်အောင်မချက်ပဲကျွေးရင် ကြောင်ကို တီဘီရောဂါကူးစက်နိုင်ပါတယ် … 


ရောဂါလက္ခဏာများ    

တီဘီရောဂါကူးစက်ခံရပြီဆိုတာနဲ့ .. ကြောင်တွေရဲ့အစာခြေအူလမ်းကြောင်းမှာ ရောဂါ လက္ခဏာတွေ စတင်ပြသလာပါတယ်…တစ်ငွေ့ငွေ့ဖျားတတ်ပါတယ်… အစာကောင်းကောင်း စားလျှက် နဲ့ပဲ တစ်ဖြည်းဖြည်းပိန်လာပါမယ် .. အသည်းနဲ့ အူမှာရှိနေတဲ့ ပြန်ရည်ကြိတ်တွေမှာ ပြည်တည်နာတွေဖြစ်ပေါ်လာပါမယ် … အဆုတ်ထဲကိုရောဂါပိုးရောက်ပြီး အသက်ရှုကြပ်တာ မောပန်းလွယ်တာ တွေဖြစ်တတ်ပါတယ် .. ချောင်းဆိုးပြီး သွေးစပါတဲ့ သလိပ်တွေ ထွက်တတ် ပါတယ် … တစ်ခါတရံ ကိုယ်ခန္တာပြင်ပမှာရှိနေတဲ့အနာကို ကြောင်ကလျှက်ရင် … အနာထဲကို ရောဂါပိုးဝင်ပြီးတော့ နာတာရှည်ပြည်တည်နာဖြစ်သွားတာကိုတွေ့ရတတ်ပါတယ် အဲဒီအနာ ကထွက်တဲ့ ပြည်စထဲမှာတီဘီရောဂါပိုး တွေပါလာတတ်ပါတယ်…



ကုသခြင်း

ဒီရောဂါပိုးကို  Antituberculous  Drugs  လို့ခေါ်တဲ့ တီဘီရောဂါကုဆေးတွေနဲ့…နှိမ်နင်း သုပ်သင်နိုင်ပါတယ်…ဒါပေမယ့်ကုသရတာခက်ခဲတဲ့အပြင် လနဲ့ချီပြီးအချိန်တော်တော်ကြာအောင် ဆေးဝါးကုသပေးရပါမယ် … 


လူထုကျန်းမာရေး

ကြောင်တွေမှာ လူတီဘီမဖြစ်ပဲ… နွားတီဘီပဲဖြစ်ပွားပေမယ့်…အဲဒီဖြစ်ပွားတဲ့နွားတီဘီပိုး ဟာ  လူကိုကူးစက်နိုင်ပါတယ်…တီဘီရောဂါဟာ အန္တရာယ်ကြီးတဲ့ရောဂါဖြစ်တာကြောင့် …အနောက်နိုင်ငံ တွေမှာဆိုရင် … ကြောင်တွေမှာ ဒီရောဂါဖြစ်ပွားကြောင်သံသယဖြစ်လာရင် .. သေချာအောင်တိတိကျကျစစ်ဆေးကြပါတယ်..ရောဂါရှိတာသေချာပြီဆိုရင်…တိရစ္ဆာန်ရောဂါကုဆရာဝန် ရဲ့အကူအညီကို ရယူပြီးတော့ အညင်သာဆုံးနည်းနဲ့ … ထာဝရခွဲခွာလိုက်ကြပါတယ် …

0 မှတ်ချက်များ to “ကြောင်တီဘီရောဂါ(Tuberculosis)”

Post a Comment