«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jun 2017

ယားနာရောဂါ (Acral lick disease)

,
 Unicode
 
ကြောင်တွေရဲ့အရေပြားမှာအကွက်လိုက် ထူခေါက်ခေါက်ဖြစ်နေပြီး၊အဲဒီအကွက်တွေရဲ့အနားစပ် 
 
တွေမှာဖောင်းကြွပြီးယောင်ယမ်းနေတဲ့အပြင် ယားယံမှုကြောင့်ခဏခဏပြန်လျှက်နေတဲ့အတွက် 
 
ရဲစပ်စပ်အနာတွေလိုဖြစ်နေရင် ကြောင်ယားနာရောဂါ  Acral lick disease ဖြစ်နိုင်ပါတယ် ၊ 
 
ဒီလိုမျိုးက ကြောင်ထီးတွေမှာအဖြစ်များပြီး နောက်ခြေထောက်ဒူးခေါက်ကွေးရဲ့နောက်ပိုင်းတွေမှာ 
 
ရောဂါလက္ခဏာတွေ့ရတတ်ပါတယ်။
 
 
 
 
 
 
ကြောင်ယားနာရောဂါ  Acral lick disease  ဟာ အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်တတ် 
 
ပါတယ်။
 
(၁) အရေပြားထဲကို စတက်ဖလိုကောကတ် ဘက်တီးရီယားပိုးဝင်ရောက်ခြင်း(ပဋိဇီဝဆေးများဖြင့်ကုသနိုင်)
 
(၂) အရေပြားကိုယားယံစေတဲ့ အမှုန်အမွှားတွေလာကပ်တဲ့အခါ (Steroid , Antihistamine ဆေးများဖြင့်ကုသနိုင်)
 
(၃) ကြောင်ရဲ့သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်းများလွန်းနေတဲ့အခါ( ဟော်မုန်းဆေးများဖြင့်ကုသနိုင် )
 
(၄) အရေပြားထဲမှာ Mites လို့ခေါ်တဲ့ပိုးကောင်လေးတွေတွယ်ကပ်နေတဲ့အခါ( Ivermectin ဆေးဖြင့်ကုသနိုင်)
 
(၅) အရေပြားထဲမှာ Fungus လို့ခေါ်တဲ့မှိုလေးတွေတွယ်ကပ်နေတဲ့အခါ(Antifungal ဆေးများဖြင့်ကုသနိုင်)
 
 
(၆)အရေပြားထဲမှာရှိနေတဲ့အာရုံကြောတွေအလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါမျိုးတွေ
 
မှာကြောင်တွေမှာယားနာရောဂါဖြစ်လာတတ်ပါတယ် ၊ မိမိရဲ့ကြောင်မှာ မသင်္ကာစရာလက္ခဏာ
 
တွေကိုတွေ့လာရင်ကြောင်ဟာတကယ်ရောဂါရှိမရှိဦးစွာစစ်ဆေးဖို့လိုပါတယ်၊ကြောင်ရဲ့အမှုအယာ 
 
ကိုကြည့်ရင်လည်း ယားယံမှုရှိမရှိကိုအလွယ်တကူ ခန့်မှန်းနိုင်သိပါတယ်။

 
ယားယံမှုရှိနေရင်တော့ ကုထုံးကတစ်မျိုးဖြစ်င်္ပြီး၊ ယားယံမှုမရှိရင်တော့ကုထုံးကတစ်မျိုးပြောင်း
 
သွားနိုင်တဲ့အတွက် ဒီအချက်ကိုသေချာအောင်စောင့်ကြည့်ထားဖို့လိုပါတယ်။

ကြောင်ယားနာရောဂါ  Acral lick disease ဆိုတာ ဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းကိုမသိရင်တော့ 
 
ကုသရခက်ခဲတဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊

 
ဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နေဆဲကာလမှာတော့ ဖြစ်နေတဲ့နေရာကို ပြန် 
 
လျှက်လို့မရအောင် Elizabethan collars တပ်ဆင်ပေးထားရမှာဖြစ်ပါတယ် ၊ ဒါမှမဟုတ်ရင် 
 
ယားနာဖြစ်နေတဲ့နေရာကို ပတ်တီးထူထူစည်းပေးထားပြီး ပြန်လျှက်လိုမရအောင်လုပ်ပေးထားရ
 
မှာဖြစ်ပါတယ်။
 
ကြောင်ရဲ့အရေပြားကိုခြစ်ယူပြီး ဓါတ်ခွဲခန်းမှာစစ်ဆေးရင် အရေပြားကိုဒုက္ခပေးနေတဲ့ရောဂါပိုးမွှား 
 
ကိုသိရှိနိုင်ပါတယ် ၊ ရောဂါပိုးမွှားမရှိပဲယားယံနေရင် Skin allergy testing  ဆိုတဲ့စမ်းသပ်မှုနဲ့  
 
စစ်ဆေးရမှာဖြစ်ပါတယ်။
 
 
သွေးထဲမှာဟော်မုန်းဓါတ်အပြောင်းအလဲကြောင့်ဖြစ်တာဆိုရင်တော့သွေးကိုဖောက်ယူပြီးဓါတ်ခွဲခန်း 
 
မှာစစ်ဆေးကြည့်ရမှာဖြစ်ပါတယ် ဘယ်လိုစစ်ဆေးစမ်းသပ်မှုမျိုးလုပ်ကြည့်ရမယ်ဆိုတာကတော့ 
 
ကုသမယ့်ဆရာဝန်က သံသယရှိတဲ့အချက်အပေါ်မှာပဲဆုံးဖြတ်စစ်ဆေးလေ့ရှိပါတယ်။

ဓါတ်ခွဲခန်းအဖြေရရှိတဲ့အခါ ကြောင်ယားနာရောဂါ  Acral lick disease ကို အချိန်တိုအတွင်းမှာ
 
ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်။


 Zawgyi
 
 
ေၾကာင္ေတြရဲ႕အေရျပားမွာအကြက္လိုက္ ထူေခါက္ေခါက္ျဖစ္ေနမယ္ 
 
အကြက္ေတြရဲ႕အနားစပ္ေတြမွာ
 
ေဇာင္းၾကြၿပီးေယာင္ယမ္းေနတဲ့အျပင္ 
 
ယားယံမႈေၾကာင့္ခဏခဏျပန္လွ်က္ေနတဲ့အတြက္ ရဲစပ္စပ္အနာေတြ
 
လိုျဖစ္ေနရင္ ေၾကာင္ယားနာေရာဂါ  Acral lick disease ျဖစ္ႏိုင္ပါတယ္ ၊ 
 
ေၾကာင္ထီးေတြမွာအျဖစ္မ်ားၿပီး 
 
ေနာက္ေျခေထာက္ဒူးေခါက္ေကြးရဲ႕ေနာက္ပိုင္းေတြမွာ 
 
ေရာဂါလကၡဏာေတြ႕ရတတ္ပါတယ္
 
 
 
ေၾကာင္ယားနာေရာဂါ  Acral lick disease  ဟာ ေအာက္ပါအေၾကာင္းရင္းမ်ားေၾကာင့္ျဖစ္တတ္ပါတယ္
 
(၁) အေရျပားထဲကို စတက္ဖလိုေကာကတ္ ဘက္တီးရီယားပိုး၀င္ေရာက္ျခင္း
                ( ပဋိဇီ၀ေဆးမ်ားျဖင့္ကုသႏိုင္ )
 
(၂) အေရျပားကိုယားယံေစတဲ့ အမႈန္အမႊားေတြလာကပ္တဲ့အခါ
                ( ေဆးမ်ားျဖင့္ကုသႏိုင္ )
 
(၃) ေၾကာင္ရဲ႕ေသြးထဲမွာ သိုင္းရိြဳက္ေဟာ္မုန္းမ်ားလြန္းေနတဲ့အခါ
                ( ေဟာ္မုန္းေဆးမ်ားျဖင့္ကုသႏိုင္ ) 
 
(၄) အေရျပားထဲမွာ Mites လို႔ေခၚတဲ့ပိုးေကာင္ေလးေတြတြယ္ကပ္ေနတဲ့အခါ    
                ( Ivermectin ေဆးျဖင့္ကုသႏိုင္ ) 
 
(၅) အေရျပားထဲမွာ Fungus လို႔ေခၚတဲ့မိႈေလးေတြတြယ္ကပ္ေနတဲ့အခါ
                (  Antifungal ေဆးမ်ားျဖင့္ကုသႏိုင္ ) 
 
(၆)အေရျပားထဲမွာရွိေနတဲ့အာရံုေၾကာေတြအလုပ္ေကာင္းေကာင္းမလုပ္ႏို
 
င္ေတာ့တဲ့အခါမ်ိဳးေတြမွာ
    
  ေၾကာင္ယားနာေရာဂါျဖစ္လာတတ္
 
ဒီလိုလကၡဏာေတြ႕လာရင္ ေၾကာင္ဟာယားယံမႈရွိမရွိ ဦးစြာစစ္ေဆးဖို႔လိုပါတယ္
 
ေၾကာင္ရဲ႕အမႈအယာကိုၾကည့္ရင္ ယားယံမႈရွိမရွိကို အလြယ္တကူႏိုင္သိပါတယ္
 
 
 
 
ယားယံမႈရွိရင္ ကုထံုးကတစ္မ်ိဳးျဖစ္ၿပၤီး ယားယံမႈမရွိရင္ေတာ့ 
 
ကုထံုးကတစ္မ်ိဳးေျပာင္းသြားႏိုင္တဲ့အတြက္ 
 
ဒီအခ်က္ကိုေသခ်ာေအာင္ေစာင့္ၾကည့္ထားဖို႔လိုပါတယ္

ေၾကာင္ယားနာေရာဂါ  Acral lick disease ဆိုတာ 
 
ျဖစ္ပြားရျခင္းရဲ႕အေၾကာင္းရင္းကိုမသိရင္ေတာ့ 
 
ကုသရခက္ခဲတဲ့ေရာဂါတစ္ခုျဖစ္ပါတယ္ ၊

ျဖစ္ပြားရျခင္းရဲ႕အေၾကာင္းရင္းကိုရွာေဖြေဖာ္ထုတ္ေနဆဲကာလမွာေတာ့ 
 
ျဖစ္ေနတဲ့ေနရာကို ျပန္လွ်က္လို႔
 
မရေအာင္ Elizabethan collars တပ္ဆင္ေပးထားရမွာျဖစ္ပါတယ္ ၊ ဒါမွမဟုတ္ရင္ 
 
ယားနာျဖစ္ေနတဲ့ေနရာ
 
ကို ပတ္တီးထူထူစည္းေပးထားၿပီး ျပန္လွ်က္လိုမရေအာင္လုပ္ေပးထားရမွာျဖစ္ပါတယ္။

အေရျပားကိုျခစ္ယူျပီး ဓါတ္ခြဲခန္းမွာစစ္ေဆးရင္ အေရျပားကိုဒုကၡေပးေနတဲ့ 
 
ေရာဂါပိုးမႊားကိုသိရွိႏိုင္ပါတယ္  ၊ ေရာဂါပိုးမႊားမရွိပဲယားယံေနရင္ Skin allergy 
 
testing  ဆိုတဲ့စမ္းသပ္မႈကိုျပဳလုပ္စစ္ေဆးရမွာျဖစ္ပါတယ္
 
ေသြးထဲမွာေဟာ္မုန္းဓါတ္အေျပာင္းအလဲေၾကာင့္ျဖစ္တာဆိုရင္ေတာ့ေသြး
 
ကိုေဖာက္ယူၿပီး ဓါတ္ခြဲခန္းမွာ
 
 
စစ္ေဆးၾကည့္ရမွာျဖစ္ပါတယ္ 
 
ဘယ္လိုစစ္ေဆးစမ္းသပ္မႈမ်ိဳးလုပ္ၾကည့္ရမယ္ဆိုတာကေတာ့ ကုသမယ့္ဆရာ၀န္ရဲ႕ 
 
ပညာနဲ႔အေတြ႕အႀကံဳအရ သံသယရွိတဲ့အခ်က္အရဆံုးျဖတ္စစ္ေဆးေလ့ရွိပါတယ္

ဓါတ္ခြဲခန္းအေျဖရရွိတဲ့အခါ ေၾကာင္ယားနာေရာဂါ  Acral lick disease ကို 
 
အခ်ိန္တိုအတြင္းမွာထိထိေရာက္ေရာက္ကုသႏိုင္ပါတယ္

0 မှတ်ချက်များ to “ယားနာရောဂါ (Acral lick disease)”

Post a Comment