«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Mar 2019

ကြောင်မျက်ဝတ်ထွက်ရောဂါ(Feline pneumonitis)

,
(Unicode)
 
 
ကြောင်တွေမှာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တာဟာ  Chlamydia psittaci 
 
ရောဂါပိုးကြောင့်လို့တစ်ချိန်ကထင်ခဲ့ကြတဲ့အတွက် ဒီရောဂါကို Feline chlamydiosis  လို့ခေါ်ခဲ့
 
ကြပါတယ်

 
ဒါပေမယ့်နောက်ပိုင်းမှာ လက်တွေ့စမ်းသပ်လေ့လာမှုတွေအရ ဒီရောဂါပိုးဟာ အခြားအသက်ရှု 
 
လမ်းကြောင်းဆိုင်ရာဗိုင်းရပ်ရောဂါတွေဖြစ်ပွားတဲ့အချိန်မှာမှ နောက်ဆက်တွဲရောဂါ အနေနဲ့ 
 
ဖြစ်ပွားခြင်း သာဖြစ်ကြောင်းသိရှိလာခဲ့ကြပါတယ်၊ Chlamydia psittaci ရောဂါပိုးဟာဖြစ်ပွားနေ 
 
တဲ့အဆုပ်ယောင်ရောဂါကိုနာတာရှည်ပုံစံဖြစ်သွားစေတဲ့အပြင် မျက်စေ့နာခြင်းကိုလည်းဖြစ်စေနိုင်
 
တယ်ဆိုတာ တွေ့ရှိလာခဲ့ကြပါတယ်။

 
 
ဒီရောဂါပိုး ထပ်ဆင့်ကူးစက်ဝင်ရောက်လာတဲ့အခါ တွေ့ရမယ့်အဓိကလက္ခဏာကတော့မျက်စေ့ 
 
နာလာပြီး မျက်ဝတ်တွေထွက်လာခြင်းပဲဖြစ်ပါတယ် အစပိုင်းမှာမျက်ဝတ်အရည်ကျဲတွေ စီးကျနေ 
 
တာတွေ့ရပြီး၊  ရက်ကြာလာရင် အဖြူရောင်မျက်ဝတ်အပျစ်တွေထွက်လာတတ်ပါတယ်
 
 
တစ်ချို့ကြောင်တွေမှာတော့ အသက်ရှုကျပ်ပြီးမောပမ်းတာနဲ့ ချောင်းဆိုးတာမျိုးတွေဖြစ်တတ်ပါ 
 
တယ် ၊ ရောဂါဒါဏ်ခံစားနေရတဲ့ကြောင်တွေကို တက်ထရာဆိုင်ကလင်းဆေးတွေနဲ့ကုသပေးနိုင် 
 
ပါတယ်၊မျက်စေ့နာခြင်းအတွက်လည်း တက်ထရာဆိုင်ကလင်းမျက်စဉ်းဆေးကိုပဲ တစ်နေ့(၃)ကြိမ်
 
နှုန်းနဲ့ခပ်ပေးနိုင်ပါတယ် ဒီရောဂါပိုးဝင်ရောက်လာခြင်းကို ကြောင်ရောဂါ(၄)မျိုးစပ်ကာကွယ်ဆေး  
 
( Felocell ) ကို စနစ်တကျထိုးနှံထားခြင်းအားဖြင့်ကာကွယ်ထားနိုင်ပါတယ်။
 
(Zawgyi) 
 
ကြောင်တွေမှာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တာဟာ အဓိကအားဖြင့် ဒီ Chlamydia psittaci ရောဂါပိုးကြောင့်လို့တစ်ချိန်ကထင်ခဲ့ကြတဲ့အတွက် ဒီရောဂါကို feline chlamydiosis လို့ခေါ်ခဲ့ကြပါတယ်
ဒါပေမယ့်နောက်ပိုင်းမှာလက်တွေ့စမ်းသပ်လေ့လာမှုတွေအရ ဒီရောဂါပိုးဟာ အခြားအသက်ရှု လမ်းကြောင်းဆိုင်ရာဗိုင်းရပ်ရောဂါတွေဖြစ်ပွားတဲ့အချိန်မှာမှ နောက်ဆက်တွဲရောဂါ အနေနဲ့ ဖြစ်ပွားခြင်း သာဖြစ်ကြောင်းသိရှိလာခဲ့ကြပါတယ် ဒီ Chlamydia psittaci ရောဂါပိုးဟာဖြစ်ပွားနေ တဲ့အဆုပ်ယောင်ရောဂါကိုနာတာရှည်ပုံစံဖြစ်သွားစေတဲ့အပြင် မျက်စေ့နာခြင်းကိုလည်းဖြစ်စေနိုင်တယ် ဆိုတာတွေ့ရှိလာခဲ့ပါတယ်u
ရောဂါဒါဏ်ခံစားနေရတဲ့ကြောင်တွေကို တက်ထရာဆိုင်ကလင်းဆေးတွေနဲ့ကုသပေးသင့်ပါတယ် မျက်စေ့နာတာအတွက်လည်း တက်ထရာဆိုင်ကလင်းမျက်စဉ်းဆေးကို တစ်(၃)ကြိမ်နှုန်းနဲ့ခပ်ပေးနိုင် ပါတယ် ဒီရောဂါပိုးဝင်ရောက်လာခြင်းကို ကြောင်ရောဂါ(၄)မျိုးစပ်ကာကွယ်ဆေး(Felocell)ကို စနစ်တကျထိုးနှံပြီးကာကွယ်ထားနိုင်ပါတယ် 

0 မှတ်ချက်များ to “ကြောင်မျက်ဝတ်ထွက်ရောဂါ(Feline pneumonitis)”

Post a Comment