«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2013

ကြောင်အသက်ရှုကြပ်ရောဂါ (Aspergillosis)

,
Unicode 
 
ကြောင်တွေမှာဖြစ်ပွားတဲ့ အက်စပါဂီလိုးစစ်ရောဂါဆိုတာကတော့ ကြောင်တွေရဲ့နှုတ်သီးဖျားနဲ့ 
 
နှာခေါင်းဝအတွင်းပိုင်းနေရာတွေမှာ အနာခွက်တွေဖြစ်ပေါ်စေတဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်
 
 
ဒီရောဂါကAspergillus fumigates လို့ခေါ်တဲ့မှိုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်၊ ဒီရောဂါဖြစ်စေတဲ့
 
မှိုတွေဟာ… ဆွေးမြေ့နေတဲ့ အသီးအနှံတွေနဲ့ … မြေဆီသြဇာကောင်းတဲ့ မြေကြီးတွေထဲမှာရှိနေ
 
တတ်ပါ တယ်…...ကြောင်တွေဟာ အကြောင်းတစ်ခုခုကြောင့် ကိုယ်ခံအားကျတဲ့အခါမျိုးမှာ
 
ဒီရောဂါဖြစ်ပွားလာတတ်ပါတယ် …Aspergillus fumigates မှိုမျိုးစေ့တွေကို အစားအသောက်နဲ့
 
ရောပြီးစားမိရင်ဖြစ်စေ…လေနဲ့အတူရှုမိရင်ဖြစ်စေ… ဒီရောဂါဖြစ်လာတတ်ပါတယ်။
 
 
ဒီရောဂါဖြစ်ရင် ချောင်းဆိုးပြီး အသက်ရှုရခက်ခဲတတ်ပါတယ်…မှိုကနေထုပ်ပေးတဲ့ Aflatoxin   
 
ဓါတ်ဟာ အဆိပ်အတောက်ဖြစ်စေတဲ့အတွက်ဝမ်းပျက်တာတို့ အန်တာတို့လည်းဖြစ်တတ်ပါတယ်  
 
များသောအားဖြင့်ကြောင်တွေရဲ့ အသက်ရှုလမ်းကြောင်းနဲ့အူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ 
 
ပြသတတ်ပါတယ် …နှာခေါင်းကနေ ပျစ်ချွဲတဲ့နှပ်တွေကျတတ်တာကတော့ .. cryptococcosis 
 
ရောဂါနဲ့ histoplasmosis ရောဂါတွေနဲ့ ပုံသဏ္ဍာန်တူပါတယ်၊ဒီရောဂါမှာကျတော့နှုတ်သီးဖျားနဲ့ 
 
နှာခေါင်းအတွင်းပိုင်းနေရာမှာ အနာခွက်တွေဖြစ်ပေါ်လာတာတွေ့ရပါတယ်
 
 
နှာခေါင်းကထွက်တဲ့ ပျစ်ချွဲတဲ့နှပ်ကိုယူပြီး၊ အဏုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ရ
 
ပါတယ်…ပိုပြီးတိတိကျကျသိနိုင်ဖို့ ဓါတ်ခွဲခန်းမှာမျိုးပွားယူပြီးစမ်းသပ်သင့်ပါတယ်…နှာခေါင်း 
 
ပိုင်းကိုဓါတ်မှန်ရိုက်ကြည့်ရင် နှာခေါင်းရိုးနဲ့နှာခေါင်းတွင်းကအရိုးခွေတွေ ပျက်စီးနေတာကို 
 
တွေ့ရပါ တယ်…သွေးကိုဖောက်ယူပြီးတော့ agar gel immunodiffusion (AGID)  စစ်ဆေး 
 
နည်းနဲ့  ELISA  လို့ခေါ်တဲ့စစ်ဆေးနည်းတွေနဲ့လည်းစစ်ဆေးကြည့်လို့ရပါတယ်

 
ဒီရောဂါဖြစ်နေတာကို စောစောစီးစီးသိဖို့ အရေးကြီးပါတယ်၊နောက်ကျသွားရင် ကုသဖို့မလွယ်
 
ပါဘူး ….  နှာခေါင်းရိုးပေါ်လာအောင် အရေပြားကိုဖွင့်ပြီး မှိုရောဂါတိုက်ဖျက်တဲ့ဆေးကို 
 
အရိုးပေါ်ကို တိုက်ရိုက်လိမ်းပေးတာက အထိရောက်ဆုံးဖြစ်ပါတယ် Enilconazole ဆေးနဲ့လည်း 
 
ထိထိရောက်ရောက်ကုသလို့ရပါတယ်.. ဒီဆေးကိုလိမ်းဆေးအဖြစ်လိမ်းပေးပြီး..ပါးစပ်ကနေ 
 
လည်းတိုက်ကျွေးကုသနိုင်ပါတယ်…ခွေးတွေမှာအသုံးပြုရတဲ့ clotrimazole  ဆေးကိုလည်း 
 
ကြောင်တွေကိုတိုက်လို့ရပါတယ်…နောက်ပြီးတော့  itraconazole  ဆိုတဲ့ဆေးဟာလည်း 
 
ဒီရောဂါအတွက် ထိရောက်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်
 
ဒီရောဂါဟာလူနဲ့ကြောင် အပြန်အလှန်ကူးစက်တာမျိုးတော့သိပ်မတွေ့ရဘူးလို့ဆိုပါတယ်။
 
Zawgyi
 
((( ေႀကာင္ေတြမွာျဖစ္ပြားတဲ့ အက္စပါဂီလိုးစစ္ေရာဂါဆိုတာ )))
ေႀကာင္ေတြရဲ႕ႏႈတ္သီးဖ်ားနဲ႔ ႏွာေခါင္း၀အတြင္းပိုင္းေနရာေတြမွာ အနာခြက္ေတြျဖစ္ေပၚေစတဲ့ မိႈေရာဂါတစ္မ်ိဳးျဖစ္ပါတယ္ ….

((( ေရာဂါျဖစ္ပြားရျခင္းအေႀကာင္းရင္း )))
Aspergillus fumigates လို႔ေခၚတဲ့မိႈေႀကာင့္ျဖစ္ပြားျခင္းျဖစ္ပါတယ္..ဒီေရာဂါျဖစ္ေစတဲ့မိႈ ေတြဟာ… ေဆြးေျမ႕ေနတဲ့ အသီးအႏွံေတြနဲ႔ … ေျမဆီၾသဇာေကာင္းတဲ့ ေျမႀကီးေတြထဲမွာရွိေနတတ္ ပါ တယ္…ေႀကာင္ေတြဟာ အေႀကာင္းတစ္ခုခုေႀကာင့္ ကိုယ္ခံအား က်တဲ့အခါမ်ိဳးမွာဒီေရာဂါျဖစ္ပြား လာ တတ္ပါတယ္ …

((( ကူးစက္ပံု )))
မိႈမ်ိဳးေစ့ေတြကို အစားအေသာက္နဲ႔ေရာျပီးစားမိရင္ ျဖစ္ေစ…ေလနဲ႔အတူရႈမိ ရင္ျဖစ္ေစ… ေရာဂါျဖစ္လာတတ္ပါတယ္ …
    
((( ေရာဂါလကၡဏာမ်ား )))
ဒီေရာဂါျဖစ္ရင္ ေခ်ာင္းဆိုးျပီး အသက္ရႈရခက္ခဲတတ္ပါတယ္…မိႈကေနထုပ္ေပးတဲ့ Aflatoxin   ဓါတ္ဟာ အဆိပ္အေတာက္ျဖစ္ေစတဲ့အတြက္၀မ္းပ်က္တာတို႔ အန္တာတို႔လည္း ျဖစ္ တတ္ပါတယ္ …
          မ်ားေသာအားျဖင့္ေႀကာင္ေတြရဲ႕ အသက္ရႈလမ္းေႀကာင္းနဲ႔ အူလမ္းေႀကာင္းဆိုင္ရာလကၡဏာ ေတြ ျပသတတ္ပါတယ္ … ႏွာေခါင္းကေန ပ်စ္ခၽြဲတဲ့ႏွပ္ေတြက်တတ္တာကေတာ့ .. cryptococcosis ေရာဂါနဲ႔  histoplasmosis ေရာဂါေတြနဲ႔ ပံုသ႑ာန္တူပါတယ္…ဒီေရာဂါမွာက်ေတာ့ ႏႈတ္သီးဖ်ား နဲ႔ ႏွာေခါင္းအတြင္းပိုင္းေနရာမွာ အနာခြက္ေတြျဖစ္ေပၚလာတာေတြ႕ရပါတယ္ …

 ((( ေရာဂါရွာေဖြျခင္း )))
ႏွာေခါင္းကထြက္တဲ့ ပ်စ္ခၽြဲတဲ့ႏွပ္ကိုယူျပီး …. အဏုႀကည့္မွန္ေျပာင္းေအာက္မွာ စစ္ေဆး ႀကည့္ရပါတယ္…ပိုျပီးတိတိက်က်သိႏိုင္ဖို႔ ဓါတ္ခဲြခန္းမွာမ်ိဳးပြားယူျပီးစမ္းသပ္သင့္ပါတယ္…ႏွာေခါင္း ပိုင္းကိုဓါတ္မွန္ရိုက္ႀကည့္ရင္ ႏွာေခါင္းရိုးနဲ႔ ႏွာေခါင္းတြင္းကအရိုးေခြေတြ ပ်က္စီးေနတာကို ေတြ႕ရပါ တယ္…ေသြးကိုေဖာက္ယူျပီးေတာ့ agar gel immunodiffusion (AGID)  စစ္ေဆး နည္းနဲ႔  ELISA  လို႔ေခၚတဲ့စစ္ေဆးနည္းေတြနဲ႔လည္း စစ္ေဆးႀကည့္လို႔ရပါတယ္ …

((( ကုသျခင္း )))
ဒီေရာဂါျဖစ္ေနတာကို ေစာေစာစီးစီးသိဖို႔ အေရးႀကီးပါတယ္…ေနာက္က်သြားရင္ ကုသဖို႔ မလြယ္ကူ့ပါဘူး ….  ႏွာေခါင္းရိုးေပၚလာေအာင္ အေရျပားကိုဖြင့္ျပီး မိႈေရာဂါတိုက္ဖ်က္တဲ့ေဆးကို အရိုးေပၚကို တိုက္ရိုက္လိမ္းေပးတာက အထိေရာက္ဆံုးျဖစ္ပါတယ္ Enilconazole ေဆးနဲ႔လည္း ထိထိေရာက္ေရာက္ကုသလို႔ရပါတယ္.. ဒီေဆးကို လိမ္းေဆးအျဖစ္လိမ္းေပးျပီး..ပါးစပ္ကေန လည္းတိုက္ေကၽြးကုသႏိုင္ပါတယ္…ေခြးေတြမွာအသံုးျပဳရတဲ့ clotrimazole  ေဆး ကိုလည္း ေႀကာင္ေတြကိုတိုက္လို႔ရပါတယ္…ေနာက္ျပီးေတာ့  itraconazole  ဆိုတဲ့ေဆးဟာလည္း ဒီေရာဂါ အတြက္ ထိေရာက္တဲ့ေဆးတစ္မ်ိဳးျဖစ္ပါတယ္..

((( လူထုက်န္းမာေရး )))
လူနဲ႔ေႀကာင္ အျပန္အလွန္ကူးစက္တာမ်ိဳးေတာ့သိပ္မေတြ႕ရပါဘူး…
………………

0 မှတ်ချက်များ to “ကြောင်အသက်ရှုကြပ်ရောဂါ (Aspergillosis)”

Post a Comment