«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Sept 2020

ခွေးပေါက်စဝမ်းလျှောရောဂါ(Giardiasis)

,

Read in Zawgyi

ဒီရောဂါကတော့ Giardia အမျိုးအစား ပရိုတိုဇွားပိုးတွေကြောင့် ခွေးပေါက်စလေးတွေမှာ  

 

ဝမ်းပျက်စေတဲ့ရောဂါ တစ်ခုဖြစ်ပါတယ်၊ရောဂါပိုးပါနေတဲ့မသန့်ရှင်းတဲ့ရေနဲ့အစာကို  

 

စားမိသောက်မိရာကနေ ဒီရောဂါ ကူးစက်ခံရတာဖြစ်ပါတယ်။

 

ခွေးအကြီးတွေမှာဒီရောဂါရရင် လက္ခဏာမပြတတ်ပေမယ့် ခွေးပေါက်စခွေးတွေဆိုရင်တော့  

 

အနံ့ပြင်းတဲ့ဝမ်းအရည်ကျဲတွေ အများကြီးသွားတတ်ပါတယ်။
 

ဝမ်းအရည်ကျဲတွေသွားတာက ရပ်သွားလိုက်ပြန်သွားလိုက်ဖြစ်နေနိုင်သလို မရပ်မနားသွားနေ  

 

တာမျိုးလည်းဖြစ်တတ်ပါတယ် တစ်ချိန်တည်းမှာ ခွေးလေးဟာပိန်ချုံးလာတတ်ပါတယ်။
 

ဒီရောဂါဟုတ်မဟုတ်သိချင်ရင် စအိုထဲကိုဂွမ်းစနဲ့သုပ်ယူပြီး မှန်ပြားပေါ်မှာ မှန်ပြောင်းနဲ့ကြည့်ရှု  

 

စစ်ဆေးနိုင်ပါတယ်။
 

 

ဒါပေမယ့်တခါတလေမှာ ပိုးတွေကိုမတွေ့ရတတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ပိုးတွေဟာ  

 

အမြဲတန်းထွက်နေတာမဟုတ်တဲ့အတွက် ဝမ်းစစ်ဆေးတာကို ()ရက်တစ်ခါလောက်လုပ်ကြည့်  

 

ဖို့တော့လိုပါတယ်။
 

 

သွေးရည်ကြည်ကိုစစ်ဆေးတဲ့ (ELISA, IFA)နည်းတွေနဲ့စစ်ဆေးရင်တော့ အမြန်ဆုံးတိတိကျကျ

 

သိနိုင်ပါတယ်။
 

 

ဒီရောဂါကို metronidazole ဆေးနဲ့ထိထိရောက်ကုသပေးနိုင်ပါတယ် ဒါပေမယ့်ဒီဆေးဟာ  

 

သန္ဓေသားကိုထိခိုက်တတ်တဲ့အတွက် ဇီးရှိတဲ့ခွေးမတွေဆိုရင်တော့မတိုက်သင့်ပဲ အခြားဆေးနဲ့  

 

ကုသရမှာဖြစ်ပါတယ်။
 

 

Giardiasis ရောဂါအတွက် ကြိုတင်ကာကွယ်ဆေးရှိပေမယ့် ဒီရောဂါဖြစ်လာရင်လည်း  

 

အလွယ်တကူကုသနိုင်တာကြောင့် ကာကွယ်ဆေးမထိုးထားလည်း ပြသနာသိပ်မရှိတဲ့  

 

ရောဂါတစ်မျိုးဖြစ်ပါတယ်။ 

0 မှတ်ချက်များ to “ခွေးပေါက်စဝမ်းလျှောရောဂါ(Giardiasis)”

Post a Comment