«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 May 2018

သွေးအချဉ်ပေါက်ခြင်း(Acidosis)

,
ခွေးကြောင်တွေမှာသွေးရဲ့အချဉ်ဓါတ်ဟာ ယေဘုယျအားဖြင့် PH7 အထက်ရှိနေရမှာဖြစ်ပါတယ် ၊
 
PH7 ရဲ့အောက်ကို ကျဆင်းလာတာနဲ့ သွေးဟာ အချဉ်ဓါတ်ပြောင်းလာပါတယ် ၊ အဲဒီလို 
 
အခြေအနေမျိုးကို metabolic acidosis သွေးအချဉ်ပေါက် ခြင်းလို့ခေါ်ပါတယ် ၊ အဲဒီအခါမှာ 
 
သွေးကိုဖောက်ယူပြီး အချဉ်ပေါက်မပေါက် ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်နိုင်ပါတယ်။ သွေးအချဉ်
 
ပေါက်လာရင် န္တာကိုယ်ရဲ့ကျန်မာရေးကိုထိခိုက်လာနိုင်ပါတယ်၊ နှလုံးကောင်းစွာအလုပ်မလုပ်နိုင် 
 
တော့ပဲနှလုံးခုန်မမှန်ဖြစ်လာတတ်ပါတယ်၊ သွေးအချဉ်ပေါက်နေခြင်းကြောင့် အရိုးထဲမှာရှိနေတဲ့
 
သတ္တုဓါတ်တွေ ပျက်စီးဆုံးရှုံးမှုဖြစ်လာစေပါတယ် ။

 
အနည်းငယ်သွေးအချဉ်ပေါက်နေတဲ့ခွေးကြောင်တွေမှာရောဂါလက္ခဏာထူးထူးထွေထွေပြသလေ့   
 
မရှိပေမယ့်၊ ဆိုးဆိုးရွားရွား ဖြစ်လာရင်တော့ အန်တာ ၊ ဝမ်းလျှောတာ ၊အသက်ရှုမြန်ပြီး 
 
ခပ်နက်နက်ရှူလာတာအပြင် ၊ သွေးပေါင်အလွန်အမင်းကျသွားပြီး အသက်အန္တရာယ် ထိခိုက်တဲ့
 
အထိဖြစ်လာနိုင်ပါတယ်၊ သွေးအချဉ်ပေါက်ခြင်းဖြစ်လာရတဲ့အကြောင်းရင်းတွေအနက်အများဆုံး 
 
ဖြစ်လေ့ရှိတဲ့အကြောင်းရင်း(၂)မျိုးရှိပါတယ်-
 
 
(၁) Respiratory acidosis နဲ့
 
(၂) Metabolic acidosis တို့ဖြစ်ပါတယ်
 
 
(၁) Respiratory acidosis – ဆိုတာက အဆုပ်မကောင်းတဲ့အခါမျိုးမှာဖြစ်တတ်တာမျိုးပါ ၊ 
 
အဆုပ်ရဲ့တာဝန်က သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဖယ်ထုတ်ပေးပြီး ၊အောက်ဆီဂျင်
 
ဓါတ်ကိုဖြည့်ပေးရတာဖြစ်တဲ့အတွက် အဆုပ်မကောင်းရင် သွေးထဲမှာအောက်ဆီဂျင်အပြည့်အဝ
 
ရောက်အောင်မလုပ်နိုင်တော့တဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ များလာတာကိုလည်း 
 
လျှော့ချမပေးနိုင်တော့ပါဘူး ၊ အကျိုးဆက်အနေနဲ့ သွေးထဲမှာအချဉ်ဓါတ်များလာစေပါတယ် 
 
အဆုပ်မကောင်းလို့ သွေးအချဉ်ပေါက်လာတာမျိုးကို  Respiratory acidosis လို့ခေါ်ပါ 
 
တယ်။

 
(၂) Metabolic acidosis – ဆိုတာကတော့ အဟာရချို့တဲ့ခြင်း ၊ ကျောက်ကပ်မကောင်းခြင်း ၊ 
 
အဆုပ်မကောင်းခြင်း ၊ ဆီးချိုရောဂါဖြစ်ခြင်းနဲ့ တစ်ချို့အဆိပ်တွေကြောင့် သွေးအချဉ်ပေါက်ခြင်း
 
ဖြစ်ပါတယ်၊ သွေးထဲမှာအချဉ်ဓါတ်များလာစေတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးဖြစ်
 
ပါတယ် ၊ အထက်မှာဖော်ပြခဲ့တဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာ ခန္တာကိုယ်ကိုယ်တိုင်က သူ့ရဲ့
 
သွေးထဲမှာ သဘာဝအတိုင်းရှိနေတဲ့ဂလူးကို့စ်အချိုဓါတ်တွေကိုအက်စစ်တွေဖြစ်သွားအောင်လုပ်တဲ့ 
 
ဇီဝကမ္မဆိုင်ရာမှားယွင်းလုပ်ဆောင်မှုပါပဲ ၊ အဲဒါကို Ketoacidosis ဖြစ်တယ်လို့ခေါ်ပါတယ်။

 
ဆီးချိုရောဂါဖြစ်နေတဲ့ခွေးကို ဆီးချိုမထိမ်းပေးနိုင် တဲ့အခါမျိုး ၊ အချိန်အကြာကြီးအစာဖြတ်
 
ထားတဲ့အခါမျိုးနဲ့ အဟာရချို့တဲ့တာကြာလာတဲ့အခါမျိုးတွေမှာ ခန္တာကိုယ်ဟာ ဇီဝကမ္မဆိုင်ရာ
 
လုပ်ဆောင်ပုံတွေ ကမောက်ကမဖြစ်ပြီး သူ့ရဲ့သွေးထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဂလူးကို့စ်
 
အချိုဓါတ်တွေကို အက်စစ်တွေဖြစ်သွားအောင်လုပ်ရင်းနဲ့ သွေးအချဉ်ပေါက်ခြင်းဖြစ်လာတတ်
 
ပါတယ် ၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်ပြီးတဲ့ အချိန်မျိုးနဲ့ ကျောက်ကပ်မကောင်းတဲ့အခါမျိုး
 
တွေမှာလည်း Ketoacidosis ဖြစ်လာတဲ့အတွက် သွေးထဲမှာအချဉ်ဓါတ်ဖြစ်လာတဲ့ပမာဏဟာ 
 
ဆီးထဲကနေစွန့်ထုတ်ပစ်နှိုင်တဲ့ပမာဏထက်အလွန်များပြီး သွေးအချဉ်ပေါက်ခြင်းဖြစ်လာတတ်
 
ပါတယ်။ 

 
သွေးအချဉ်ပေါက်ခြင်း(Acidosis) ပူးတွဲဖြစ်နေတဲ့တိရစ္ဆာန်ကိုကုသတဲ့အခါမှာ အဓိကရောဂါကို
 
ကုသနေရုံနဲ့မလုံလောက်ပါဘူး ကျောက်ကပ်မကောင်းတာနဲ့ အဆိပ်မိတာဆိုရင်တော့ dialysis  
 
လို့ခေါ်တဲ့ဆီးထဲကနေ အညစ်အကြေးတွေနဲ့ အချဉ်ဓါတ်တွေ မြန်မြန်ထွက်သွားအောင်  လုပ်ပေး
 
တဲ့ကုထုံးနဲ့တွဲပြီးကုသပေးရပါတယ် ၊ အဆုပ်မကောင်းလို့ဖြစ်တာဆိုရင်တော့ အောက်ဆီဂျင်ပေး
 
 ထားပြီးမှ ၊ အဓိကရောဂါကိုရှာဖွေကုသရပါတယ် ၊ ဒဏ်ရာရဲ့နာကျင်မှုကြောင့်ရှော့ဖြစ်ပြီး 
 
နောက်ဆက်တွဲအနေနဲ့ သွေးအချဉ်ပေါက်လာတာဆိုရင်တော့ ရှော့ဖြစ်နေတာကိုလျှော့သွားအောင်
 
ဦးစွာပြုလုပ်ပေးပြီးမှ ဒါဏ်ရာကို အမြန်ပျောက်ကင်း သက်သာအောင် လုပ်ပေးရမှာဖြစ်ပါတယ် ။
 
 
Zawgyi
ေခြးေၾကာင္ေတြမွာေသြးရဲ႕အခ်ဥ္ဓါတ္ဟာ ေယဘုယ်အားျဖင့္ PH7 အထက္ရွိေနရမွာျဖစ္ပါတယ္ ၊ 
PH7 ရဲ႕ေအာက္ကို က်ဆင္းလာတာနဲ႔ ေသြးဟာ အခ်ဥ္ဓါတ္ေျပာင္းလာပါတယ္ ၊ အဲဒီလိုအေျခအေနမ်ိဳးကို metabolic acidosis ေသြးအခ်ဥ္ေပါက္ ျခင္းလို႔ေခၚပါတယ္ ၊ ေသြးကိုေဖာက္ယူၿပီး အခ်ဥ္ေပါက္မေပါက္ ဓါတ္ခြဲခန္းမွာစစ္ေဆးၾကည့္ႏိုင္ပါတယ္။ 
ေသြးအခ်ဥ္ေပါက္လာရင္ ခႏာၱကိုယ္ရဲ႕က်န္မာေရးကိုထိခိုက္လာႏိုင္ပါတယ္ ၊ ႏွလံုးေကာင္းစြာအလုပ္  မလုပ္ႏိုင္ ေတာ့ပဲႏွလံုးခုန္ မမွန္ျဖစ္လာတတ္ပါတယ္ ၊ ေသြးအခ်ဥ္ေပါက္ေနျခင္းေၾကာင့္ အရိုးထဲမွာရွိေနတဲ့သတၱဳဓါတ္ေတြ ပ်က္စီးဆံုးရံႈးမႈ ျဖစ္လာ ေစပါတယ္ ။
အနည္းငယ္ေသြးအခ်ဥ္ေပါက္ေနတဲ့ေခြးေၾကာင္ေတြမွာ ေရာဂါလကၡဏာထူးထူးေထြေထြျပသေလ့   မရွိေပမယ့္၊ ဆိုးဆိုးရြားရြား ျဖစ္လာရင္ေတာ့ အန္တာ ၊ ၀မ္းေလွ်ာတာ ၊ အသက္ရႈျမန္လာတာအျပင္ ၊ ေသြးေပါင္အလြန္အမင္းက်သြားၿပီး အသက္အႏၱရာယ္ ထိခိုက္တဲ့အထိျဖစ္လာႏိုင္ပါတယ္ ၊
ေသြးအခ်ဥ္ေပါက္ျခင္းျဖစ္လာရတဲ့အေၾကာင္းရင္းေတြအနက္ အမ်ားဆံုးျဖစ္ေလ့ရွိတာ(၂)မ်ိဳးရွိပါတယ္-
(၁) Respiratory acidosis နဲ႔
(၂) Metabolic acidosis တို႔ျဖစ္ပါတယ္
(၁) Respiratory acidosis – ဆိုတာက အဆုပ္မေကာင္းတဲ့အခါမ်ိဳးမွာျဖစ္တတ္တာမ်ိဳးပါ ၊ အဆုပ္ရဲ႕တာ၀န္က ေသြးထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြကိုဖယ္ထုတ္ေပးၿပီး ၊ ေအာက္ဆီဂ်င္ဓါတ္ကိုျဖည့္ေပးရတာျဖစ္တဲ့အတြက္ အဆုပ္မေကာင္းရင္ ေသြးထဲမွာေအာက္ဆီဂ်င္အျပည့္အ၀ေရာက္ေအာင္မလုပ္ႏိုင္ေတာ့တဲ့အျပင္ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြ မ်ားလာတာကိုလည္း ေလွ်ာ့ခ်မေပးႏိုင္ေတာ့ပါဘူး ၊ အက်ိဳးဆက္အေနနဲ႔ ေသြးထဲမွာအခ်ဥ္ဓါတ္မ်ားလာေစပါတယ္ အဆုပ္မေကာင္းလို႔ ေသြးအခ်ဥ္ေပါက္လာတာမ်ိဳးကို  Respiratory acidosis လို ႔ေခၚပါတယ္ ၊
(၂) Metabolic acidosis ဆိုတာကေတာ့ အဟာရခ်ိဳ႕တဲ့ျခင္း ၊ ေက်ာက္ကပ္မေကာင္းျခင္း ၊ အဆုပ္မေကာင္းျခင္း ၊ ဆီးခ်ိဳေရာဂါျဖစ္ျခင္းနဲ႕ တစ္ခ်ိဳ႕အဆိပ္ေတြေၾကာင့္ ေသြးအခ်ဥ္ေပါက္ျခင္းျဖစ္ပါတယ္၊ ေသြးထဲမွာအခ်ဥ္ဓါတ္မ်ားလာေစတဲ့ အေၾကာင္းရင္းေတြထဲမွာ အျဖစ္အမ်ားဆံုးျဖစ္ပါတယ္ ၊ အထက္မွာေဖာ္ျပခဲ့တဲ့အေျခအေနေတြျဖစ္လာတဲ့အခါမွာ ခႏၱာကိုယ္ကိုယ္တိုင္က သူ႔ရဲ႕ေသြးထဲမွာ သဘာ၀အတိုင္းရွိေနတဲ့ ဂလူးကို႔စ္အခ်ိဳဓါတ္ေတြကို အက္စစ္ေတြျဖစ္သြားေအာင္ လုပ္တဲ့ ဇီ၀ကမၼဆိုင္ရာမွားယြင္းလုပ္ေဆာင္မႈပါပဲ ၊ အဲဒါကို Ketoacidosis ျဖစ္တယ္လို႔ေခၚပါတယ္၊
ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့ေခြးကို ဆီးခ်ိဳမထိမ္းေပးႏိုင္ တဲ့အခါမ်ိဳး ၊ အခ်ိန္အၾကာႀကီးအစာျဖတ္ထားတဲ့အခါမ်ိဳးနဲ႔ အဟာရခ်ိဳ႕တဲ့တာၾကာလာတဲ့အခါမ်ိဳးေတြမွာ ခႏၱာကိုယ္ဟာ ဇီ၀ကမၼဆိုင္ရာလုပ္ေဆာင္ပံုေတြ ကေမာက္ကမျဖစ္ၿပီး သူ႔ရဲ႕ေသြးထဲမွာ သဘာ၀အတိုင္းရွိေနတဲ့ ဂလူးကို႔စ္အခ်ိဳဓါတ္ေတြကို အက္စစ္ေတြျဖစ္သြားေအာင္လုပ္ရင္းနဲ႔ ေသြးအခ်ဥ္ေပါက္ျခင္းျဖစ္လာတတ္ပါတယ္ ၊ ေလ့က်င့္ခန္းအျပင္းအထန္ လုပ္ၿပီးတဲ့ အခ်ိန္မ်ိဳးနဲ႔ ေက်ာက္ကပ္မေကာင္းတဲ့အခါမ်ိဳးေတြမွာလည္း Ketoacidosis ျဖစ္လာတဲ့အတြက္ ေသြးထဲမွာအခ်ဥ္ဓါတ္ျဖစ္လာတဲ့ပမာဏဟာ ဆီးထဲကေနစြန္႔ထုတ္ပစ္ႏိႈင္တဲ့ပမာဏထက္အလြန္မ်ားၿပီး ေသြးအခ်ဥ္ေပါက္ျခင္းျဖစ္လာတတ္ပါတယ္။ 
ေသြးအခ်ဥ္ေပါက္ျခင္း(Acidosis) ပူးတြဲျဖစ္ေနတဲ့တိရစာၧန္ကိုကုသတဲ့အခါမွာ အဓိကေရာဂါကိုကုသေနရံုနဲ႔မလံုေလာက္ပါဘူး ေက်ာက္ကပ္မေကာင္းတာနဲ႔ အဆိပ္မိတာဆိုရင္ေတာ့ dialysis  လို႔ေခၚတဲ့ဆီးထဲကေန အညစ္အေၾကးေတြနဲ႔ အခ်ဥ္ဓါတ္ေတြ ျမန္ျမန္ထြက္သြားေအာင္  လုပ္ေပးတဲ့ကုထံုးနဲ႔တြဲၿပီးကုသေပးရပါတယ္အဆုပ္မေကာင္းလို႔ျဖစ္တာဆိုရင္ေတာ့ ေအာက္ဆီဂ်င္ ေပးထားၿပီးမွ ၊ အဓိကေရာဂါကိုရွာေဖြကုသရပါတယ္ ၊ ဒဏ္ရာရဲ႕နာက်င္မႈေၾကာင့္ေရွာ့ျဖစ္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ ေသြးအခ်ဥ္ေပါက္လာတာဆိုရင္ေတာ့ ေရွာ့ျဖစ္ေနတာကိုေလွ်ာ့သြားေအာင္ဦးစြာျပဳလုပ္ေပးၿပီးမွ ဒါဏ္ရာကို အျမန္ေပ်ာက္ကင္း သက္သာေအာင္ လုပ္ေပးရမွာျဖစ္ပါတယ္ ။

0 မှတ်ချက်များ to “သွေးအချဉ်ပေါက်ခြင်း(Acidosis) ”

Post a Comment