«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 Jul 2017

အမဲရောင်ဆီးသွားခြင်း(Bile duct obstruction)

,
ကြောင်တွေမှာအမဲရောင်ဆီးသွားခြင်းဟာ သည်းခြေပြွန်ပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပါတယ် ၊

သည်းခြေအိတ်ဟာ အသည်းနဲ့ကပ်လျှက်တည်ရှိနေတဲ့အိတ်ကလေးတစ်ခုဖြစ်ပြီး အသည်းကထုတ်လုပ်ပေး

တဲ့သည်းခြေရည်တွေကို ယာယီသိုလှောင်ပေးတဲ့တာဝန်ကိုဆောင်ရွက်ရပါတယ် ၊

အစာစားလိုက်တဲ့အချိန်ကျမှ သိုလှောင်ထားတဲ့ သည်းခြေရည်တွေကို သည်းခြေပြွန်ကတစ်ဆင့်

စာအိမ်အတွင်းကို ပို့ဆောင်ပေးရပါတယ် ၊ သည်းခြေပြွန်ဟာ အကြောင်းအမျိုးကြောင့်အပြည့်အဝ

မပွင့်နိုင်တော့ခြင်း (သို့)လုံးဝပိတ်ဆို့နေခြင်းကို အင်္ဂလိပ်လို cholestasis  လို့ခေါ်ပါတယ်


အဲဒီလိုအခြေအနေမျိုးဖြစ်လာရင် ကြောင်ဟာအားကုန်အားပြတ်ဖြစ်နေသလို ချည့်နဲ့လာတတ်ပါတယ် ၊

တစ်ခါတရံအစားအသောက်ပျက်နေတတ်ပြီး တစ်ခါတရံမှာတော့ပြင်းပြင်းထန်ထန်ဆာလောင်မွတ်သိပ်မှု

ဖြစ်နေတတ်ပါတယ် ၊ အဖြူရောင်ဝမ်းတွေသွားပြီး တစ်ဖြည်းဖြည်းနဲ့ပိန်ချုံးလာတတ်ပါတယ် ၊

ဆီးသွားတဲ့အခါအနက်ရောင်ဆီးသွားတတ်ပြီး မျက်လုံးတွေဝါလာတတ်ပါတယ် ၊
 

ဒီအခြေအနေမျိုးဖြစ်နေတဲ့ကြောင်ကိုသွေးစစ်ကြည့်တဲ့အခါ သွေးအတွင်းမှာ bilirubin လို့ခေါ်တဲ့ဓါတ်ဟာ

ရှိသင့်တဲ့ပမာဏထက်များစွာမြင့်တက်နေတာကိုတွေ့ရှိနိုင်ပါတယ်


ဒီလိုဖြစ်နေတဲ့ကြောင်ကိုကုသတဲ့အခါ ကြောင်ရဲ့အခြေအနေအရ လိုအပ်ရင်ဓါတ်ဆားရည်တိုက်ပေးရပါ

တယ် ၊ အစာကိုအကန့်အသပ်နဲ့လျှော့ကျွေးရပါမယ် ၊ အသည်းရဲ့ဆောင်ရွက်မှုပျက်ယွင်းနေရင်

ပြန်လည်ကောင်းမွန်စေမယ့်ဆေးဝါးကုသမှုတွေပြုလုပ်ပေးရပါတယ် ၊ တစ်ချိန်တည်းမှာသည်းခြေပြွန်ကို

ကျယ်စေတဲ့ကုသမှုတွေကိုလည်းပြုလုပ်ပေးရပါမယ်


သည်းခြေပြွန်ဟာ လုံးဝပိတ်ဆို့နေခြင်းမဟုတ်သေးရင်တော့ဆေးဝါးကုသတဲ့အခါအခြေအနေပြန်ကောင်း

လာနိုင်ပါတယ် ၊ လုံးဝပိတ်ဆို့နေရင်တော့ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်ခွဲစိပ်ကုသပေးကြပါတယ် ။

0 မှတ်ချက်များ to “အမဲရောင်ဆီးသွားခြင်း(Bile duct obstruction)”

Post a Comment