«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ဦးနှောက်အမှေးယောင်ရောဂါ( Cryptococcosis in dogs )

,
ခွေးတွေမှာဖြစ်ပွားတဲ့ ခရစ်(ပ)တိုကော့ကိုးစစ် ရောဂါဆိုတာကCryptococcus neoformans  မှို
 
အမျိုးအစားရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်..ဒီရောဂါပိုးဟာ အကာအကွယ်ယူထားတဲ့ 
 
ဒီမှိုတွေဟာ စပိုးအသွင်နဲ့ ပတ်ဝန်းကျင်ဒါဏ်ကို အံတုပြီးတော့. .အကြာကြီး အသက်ရှင်နေနိုင်
 
ကြပါတယ် ..
 
 
ဒီမှိုတွေဟာ  ခိုတွေရဲ့မစင်ထဲမှာလည်းအများကြီးပါရှိတတ်ပါတယ် … ဒါကြောင့်မို့ ခိုချေးနဲ့ရော 
 
နေတဲ့မြေကြီးထဲမှာ ဒီရောဂါပိုးတွေရှိနေတာမို့ အဲဒီမြေကြီးရဲ့ဖုန်မှုန့်တွေပါတဲ့လေကိုရှုမိတဲ့
 
ခွေးတွေမှာရောဂါရလာတတ်ပါတယ် ..ဒီရောဂါဟာ ခွေးတွေမှာအသက်အရွယ်မရွေးဖြစ်ပွားနိုင်
 
တာကိုတွေ့ရပါတယ် …

ခန္တာကိုယ်အတွင်းကိုရောဂါပိုးဝင်ရောက်လာလို့ ရောဂါရရှိနေတဲ့ခွေးတွေရဲ့(၅၀)ရာခိုင်နှုန်းဟာ 
 
အသက်ရှုလမ်းကြောင်နဲ့ဆိုင်တဲ့…ရောဂါလက္ခဏာတွေပြတာများပါတယ်… ဦးနှောက်ကိုထိခိုက် 
 
မှုရှိတဲ့ ရောဂါလက္ခဏာတွေအနေနဲ့ တစ်ချို့ခွေးတွေမှာ မတ်တတ်ရပ်ရတာခက်ခဲတဲ့လက္ခဏာတွေ 
 
ပြတတ်ပါတယ် … မတ်တတ်ရပ်နေတဲ့အခါမှာ ဦးခေါင်းဟာ တဆတ်ဆတ်တုန်နေတတ်ပါတယ် 
 
ပတ်ချာလည်နေတာမျိုးလည်းဖြစ်တတ်ပါတယ်။
 
 
မျက်စေ့အမြင်မှုန်ဝါးတာမျိုးနဲ့ မျက်စေ့အတွင်းပိုင်း ထဲကို ရောဂါပိုးဝင်ရောက်သွားတဲ့အခါ 
 
မျက်စေ့ကွယ်သွားတာအထိ  ဖြစ်တတ်ပါတယ် …    
 
တစ်ချို့ခွေးတွေမှာကျတော့  ဦးခေါင်းပိုင်းမှာရှိတဲ့အရေပြားတွေမှာအဖုအကြိတ်တွေပေါ်တတ်ပြီး 
 
အဲဒီအဖုအကြိတ်တွေဟာ တဖြည်းဖြည်းနဲ့အနာဖြစ်လာပြီး ပြည်တွေထွက်လာတတ်ပါတယ် …

 
ရောဂါဖြစ်ကြောင်း သံသယရှိတဲ့ခွေးရဲ့အသားစကိုယူပြီးစစ်ဆေးကြည့်ရင် ရောဂါရှိမရှိသိရှိနိုင် 
 
ပါတယ် ..လိုအပ်ရင် ပြည်စကိုယူပြီး Cryptococcus neoformans မှိုပိုးကိုမွေးမြူပြီး စစ်ဆေး 
 
ကြည့်ရမှာဖြစ်ပါတယ်  ….

 
ဒီရောဂါကို Imidazole  အုပ်စုဝင်မှိုသတ်ဆေးတွေဖြစ်တဲ့ ketoconazoleI  , Itraconazole  နဲ့     
 
fluconazole  စတဲ့ဆေးတွေနဲ့ ကုသပေးလို့ရပါတယ်...ရောဂါဖြစ်လျှင်ဖြစ်ချင်း  စောစောစီးစီး 
 
ကုသဖို့တော့လိုပါတယ် ၊  အခြေအနေ သိပ်ဆိုးသွားမှကုသရင်တော့မျှော်လင့်ချက်နည်းပါတယ်
 
မှိုသတ်ဆေးတွေပေးတဲ့အခါမှာ …လပေါင်းအတော်တော်ကြာကြာကုသပေးရတတ်ပါတယ် .. 
 
ရောဂါလက္ခဏာတွေပျောက်ကင်းသွားပြီးရင်တောင်မှ  အချိန်အတန်ကြာအထိ ၊ ဆေးတွေ 
 
ကိုဆက်လက်တိုက်ကျွေးပေးနေဖို့လိုအပ်ပါတယ်…အဲဒီလိုမှစနစ်တကျမကုသရင် ဒီရောဂါ  
 
ပျောက်ကင်းဖို့ မလွယ်လှပါဘူး…
 
ခွေးခရစ်(ပ)တိုကော့ကိုးစစ်ပိုးဟာ လူတွေကိုကူးစက်တဲ့အထောက်အထားသိပ်မတွေ့ရပါဘူး 
 
Zawgyi

ဒီရောဂါပိုးတွေဟာ ခိုတွေရဲ့ မစင်ထဲမှာ ပါရှိတတ်ပါတယ် … ခိုချေးနဲ့ရောနေတဲ့မြေကြီးထဲမှာ ဒီရောဂါပိုး တွေရှိနေ တာမို့ အဲဒီ မြေကြီးရဲ့ဖုန်မှုန့်တွေပါတဲ့လေကိုရှုမိရင်ခွေးတွေမှာရောဂါရတတ်ပါတယ် ..


((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))

Cryptococcus neoformans  မှိုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်..ဒီရောဂါပိုးဟာလည်း အကာအကွယ်ယူထားတဲ့ စပိုးအသွင်နဲ့ ပတ်ဝန်းကျင်ဒါဏ်ကို အံတုပြီးတော့. .အကြာကြီး အသက်ရှင် နေနိုင်ပါ တယ် ..
((( ကူးစက်ပုံ )))

ရောဂါပိုးတွေပါနေတဲ့လေကို ရှုသွင်းမိရာကနေပြီး ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ် ..

((( အဖြစ်များသောအသက်အရွယ် )))

ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် …

((( ရောဂါလက္ခဏာများ )))

ခန္တာကိုယ်အတွင်းကိုရောဂါပိုးဝင်ရောက်နေပြီး ရောဂါရရှိနေတဲ့ခွေးတွေရဲ့(၅၀)ရာခိုင်နှုန်းဟာ အသက်ရှုလမ်းကြောင်နဲ့ဆိုင်တဲ့…ရောဂါလက္ခဏာ တွေ ပြသတာများပါတယ်… ဦးနှောက်ကို ထိခိုက် မှုရှိတဲ့ ရောဂါ လက္ခဏာတွေ အနေနဲ့ တစ်ချို့ခွေးတွေမှာ မတ်တတ်ရပ်ရတာခက်ခဲတဲ့လက္ခဏာတွေ ပြသတတ်ပါတယ် … မတ်တတ်ရပ်နေတဲ့အခါမှာ ဦးခေါင်းဟာ တဆတ်ဆတ်တုန်နေတတ်ပါတယ် … ပတ်ချာလည်နေတာမျိုးလည်းဖြစ်တတ်ပါတယ် … မျက်စေ့အမြင်မှုန်ဝါးတာမျိုးနဲ့ မျက်စေ့အတွင်းပိုင်း ထဲကို ရောဂါပိုးဝင်ရောက်သွားတဲ့အခါ မျက်စေ့ကွယ်သွားတာအထိ  ဖြစ်တတ်ပါတယ် …    တစ်ချို့ခွေးတွေမှာကျတော့  ဦးခေါင်းပိုင်းမှာရှိတဲ့အရေပြားတွေမှာ အဖုအကြိတ်တွေပေါ်လာပြီး အဲဒီ အဖုအကြိတ်တွေက အနာဖြစ်သွားပြီး ပြည်တွေထွက်တတ်ပါတယ် …

((( ရောဂါရှာဖွေခြင်း )))


((( ကုသခြင်း )))

Imidazole  အုပ်စုဝင်မှိုသတ်ဆေးတွေ တိုက်ကျွေးကုသပေးရပါတယ်… ketoconazoleI  , Itraconazole   နဲ့     fluconazole  စတဲ့ဆေးတွေနဲ့ ကုသပေးရပါတယ်...ရောဂါဖြစ်လျှင် ဖြစ်ချင်း  စောစောစီးစီး ကုသဖို့တော့လိုပါတယ်  အခြေအနေ သိပ်ဆိုးသွားမှကုသရင် မျှော်လင့်ချက် နည်း ပါတယ်…မှိုသတ်ဆေးတွေပေးတဲ့အခါမှာ …လပေါင်း အတော်တော်ကြာကြာ ကုသပေးရတတ်ပါ တယ် .. ရောဂါလက္ခဏာတွေပျောက်ကင်းသွားပြီးရင်တောင်မှ  အချိန်အတန်ကြာအထိ ဆေးတွေ ကိုဆက်လက်တိုက်ကျွေးပေးနေရအုံးမှာ ဖြစ်ပါတယ်…အဲဒီလိုမှစနစ်တကျမကုသရင် ဒီရောဂါ  ပျောက်ကင်းဖို့ မလွယ်လှပါဘူး…

((( လူထုကျန်းမာရေး )))


…………………………………………………………………………………………………

0 မှတ်ချက်များ to “ ဦးနှောက်အမှေးယောင်ရောဂါ( Cryptococcosis in dogs )”

Post a Comment