«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2013

ဝမ်းကိုက်ရောဂါ(Clostridium perferingen)

,
ကလောစတီးရီးယန်း ပါဖရင်ဂျင်ရောဂါ ဆိုတာ
CLOSTRIDIUM PERFRINGENS  ရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်
တကယ်တော့ ဒီ  CLOSTRIDIUM PERFRINGENS  ရောဂါပိုးးကိုယ်တိုင်က ဒုက္ခပေးတာမဟုတ်ပါဘူး …......... သူကနေစွန့်ထုတ်လိုက်တဲ့ … Toxin လို့ခေါ်တဲ့ အဆိပ်ရည်ကြောင့် ရောဂါလက္ခဏာတွေ ဖြစ်ပေါ် ခံစားရတာဖြစ်ပါတယ် ….
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
CLOSTRIDIUM PERFRINGENS  ရောဂါပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် … ဒီရောဂါပိုး ဟာ ပတ်ဝန်းကျင်ရာသီဥတုရဲ့ဒဏ်ကို အတော် ခံနိုင်ပါတယ်.. အသက်ပြင်းပါတယ်..အချိန်ကြာကြာ  အသက်ရှင်နေနိုင်အောင် အခွံအုပ်ထားတဲ့ Spore   ပုံစံအသွင်ပြောင်းပြီးလည်းနေနိုင်ပါတယ်…
ကူးစက်ပုံ
Spore  ပုံစံပြောင်းထားတဲ့ရောဂါပိုးဟာ လေထဲမှာပျံလွင့်ပါလာနိုင်တာမို့ … လေနဲ့အတူ ရှုသွင်း မိရင် ရောဂါရနိုင်ပါတယ်…ရောဂါပိုးပါနေတဲ့အစားအစာနဲ့ရေကို သောက်မိရင်လည်းရောဂါရနိုင်ပါတယ်
ရောဂါလက္ခဏာများ
ဒီရောဂါပိုးကနေထုတ်လွှတ်တဲ့အဆိပ်ရည်တွေကြောင့်…၀မ်းအရည်ကျဲကျဲတွေလျှောတတ်ပါတယ်… အဲဒီဝမ်းထဲမှာအကျိအချွဲတွေသွေးစတွေပါလာတတ်ပါတယ်..ဒီရောဂါဟာ ကြောင်ပေါက်စလေး တွေမှာ အဖြစ်များလှပါတယ်…ကြောင်ကလေးဟာ ၀မ်းကိုက်သလိုဖြစ်နေပြီး မကြာခဏ ၀မ်းကိုညှစ်နေတတ်ပါတယ် ...
ကုသခြင်း
ဒီရောဂါပိုးကို Tylosin, ampicillin   နဲ့  metronidazole     စတဲ့ ပဋိဇီးဆေးတွေနဲ့…နှိမ်နင်း သုတ်သင်နိုင်ပါတယ် … ရောဂါအခြေအနေပေါ်မူတည်ပြီးတော့ ရက်သတ္တပတ်တော်တော်ကြာအထိ ဆေးတိုက်ပေးရပါမယ် … သွေးအတွင်းမှာပြန့်နေတဲ့ အဆိပ်ရည်တွေကို ချေဖျက်ပစ်ဖို့အတွက် ….ဖြေဆေး (CLOSTRIDIUM PERFRINGENS  ANTITOXIN)   ကို အကြောဆေးအဖြစ်ထိုးနှံပေးရမှာဖြစ်ပါတယ် ရောဂါဖြစ်တဲ့ကြောင်ကို ဓါတ်ဆားရည်တိုက်ကျွေးပေးရပါမယ်…အခြေအနေဆိုးလွန်းရင်တော့ အကြောကနေသွင်းပေးရပါမယ်
…………………………………………………………………………………………………

0 မှတ်ချက်များ to “၀မ်းကိုက်ရောဂါ(Clostridium perferingen)”

Post a Comment