«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Jun 2017

ကော့စီးဒီးယားဝမ်းပျက်ရောဂါ (Feline Coccidiosis )

,
  Unicode
 
ကော်စီဒီယိုးစစ်ရောဂါကတော့ နို့ခွဲပြီးစကြောင်ငယ်လေးတွေမှာအဖြစ်များပါတယ် ကြောင်ကြီးတွေ
 
မှာလည်းတခါတရံတော့ဖြစ်တတ်ပါတယ်၊ဒီရောဂါပိုးရှိနေတဲ့မိခင်ကြောင်မကြီးဟာသူ့ကလေးငယ် 
 
တွေကိုကူးစက်ပြီးကြောင်ငယ်လေးတွေကို ဝမ်းပျက်စေပါတယ်။

 
ဒီရောဂါဟာအလွန်ကူးစက်မြန်ပြီး၊ရောဂါသက်သာပျောက်ကင်းသွားရင်တောင်မှရောဂါပိုးကခန္တာကိုယ်ထဲမှာ
 
ရှိနေတတ်ပါတယ် ၊ ရောဂါသက်သာပျောက်ကင်းသွားတဲ့ကြောင်ရဲ့မစင်ထဲမှာ ရောဂါပိုးတွေပါနေ 
 
တာကိုတွေ့နိုင်ပါတယ် ၊ အဲဒီမစင်ကနေအခြားကြောင်တွေကို ဆက်လက်ကူးစက်စေတာဖြစ်ပါ 
 
တယ် 

 
ကော်စီဒီယိုးစစ်ရောဂါပိုးအမျိုးမျိုးရှိပေမယ့် Cystoisospora felis ဆိုတဲ့ပိုးတစ်မျိုးသာ ကြောင်ရဲ့ 
 
မစင်ကနေ ကြောင်အချင်းချင်းဆီကူးစက်စေနိုင်ပါတယ်
 
 
အခြားကော်စီဒီယိုးစစ်ရောဂါပိုးတွေကတော့ငှက်တွေနဲ့အခြားတိရစ္ဆာန်တွေကနေတဆင့်ကြောင်
 
တွေကိုကူးစက်စေတာဖြစ်ပါတယ်
 
 
ဒီရောဂါဖြစ်လာရင် အထင်ရှားဆုံးလက္ခဏာက ဝမ်းအရည်သွားတာပါပဲ ၊ ထူးခြားတာကတော့ 
 
ဝမ်းထဲမှာ အကျိအချွဲနဲ့သွေးစတွေပါတာကိုတွေ့ရပါမယ် ၊ ရောဂါအခြေအနေအလွန်ပြင်းထန်ရင်
 
တော့ ဝမ်းထဲသွားရင်သွေးတွေပဲချည့်သွားတတ်ပါတယ် ၊ ခွေးတွေမှာသွေးဝမ်းသွားတာကတော့ 
 
ပါဗိုဗိုင်းရပ်ကြောင့်ဖြစ်တာကများပါတယ်
 
 
ဒီရောဂါခံစားနေရတဲ့ကြောင်တွေရဲ့ အရေပြားဟာ မာပြင်းပြင်းဖြစ်လာပြီး သွေးအားနည်းနေတတ်
 
တဲ့အပြင် နုန်းခွေနေတတ်ပါတယ် ရောဂါဖြစ်ပြီးသားကြောင်တွေဟာ ကျန်းမာနေကြပေမယ့် 
 
သူတို့ရဲ့မစင်ထဲမှာ ကော်စီဒီးယားရောဂါပိုးဟာ အမြဲရှိနေတတ်ပါတယ်၊အဲဒီကြောင်ဟာကိုယ်ခံအား
 
ချို့တဲ့ချိန် ၊ ပြင်းထန်တဲ့ရာသီဥတုဒါဏ်ခံရတဲ့အချိန်နဲ့အစာအာဟာရချို့တဲ့ချိန်တွေမှာရောဂါပိုးတွေ
 
ပြန်လည်ထကြွသောင်းကျန်းပြီး ရောဂါပြန်ဖြစ်လာနိုင်ပါတယ်
 
 
ဒီရောဂါဖြစ်ပွားနေတဲ့ကြောင်တွေကို ဓါတ်ဆားရည်တိုက်ပေးသင့်ပါတယ် ၊ အခြေအနေသိပ်ဆိုးရင်
 
တော့ ဆေးရုံတင်ကုသရပါတယ် ၊ လိုအပ်ရင်သွေးသွင်းကုသတာမျိုးလုပ်ပေးရပါတယ် ၊ 
 
ကြောင်အငယ်လေးတွေဖြစ်ရင် ပိုဂရုစိုက်ရပါတယ် ၊ ဆာလဖာစားဆေးနဲ့ nitrofurazone စားဆေး
 
တိုက်ကျွေးပေးခြင်းအားဖြင့် ဒီရောဂါကို ထိထိရောက်ရောက်ကုသနိုင်ပါတယ်၊ (၁၀)ရက်လောက်
 
သေသေချာချာကုသလိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။

 
အခြားကြောင်တွေကိုဆက်မကူးအောင် ရောဂါဖြစ်တဲ့ကြောင်ကိုထားတဲ့လှောင်အိမ်နဲ့ပတ်ဝန်းကျင်
 
ကြမ်းပြင်တွေကို ရောဂါပိုးကင်စင်သွားအောင်ပိုးသတ်ဆေးဖျန်းပေးသင့်ပါတယ်။      

Zawgyi
 





ကူးစက်စေတာဖြစ်ပါတယ် ၊

သွေးတွေပဲချည့်သွားတတ်ပါတယ် ၊ ခွေးတွေမှာသွေးဝမ်းသွားတာ ကတော့ ပါဗိုဗိုင်းရပ်ကြာင့်ဖြစ်တာက
များပါတယ် 

ဒီရောဂါခံစားနေရတဲ့ကြောင်တွေရဲ့ အရေပြားဟာ မာပြင်းပြင်းဖြစ်လာပြီး သွေးအားနည်းနေတတ်တဲ့အပြင် နုန်းခွေနေတတ်ပါတယ် ရောဂါဖြစ်ပြီးသားကြောင်တွေဟာ ကျန်းမာနေကြပေမယ့် သူတို့ရဲ့မစင်ထဲမှာ ကော်စီဒီးယားရောဂါပိုးဟာ အမြဲရှိနေတတ်ပါတယ် ၊ အဲဒီကြောင်ဟာ ကိုယ်ခံအားချို့တဲ့ချိန် ၊ ပြင်ထန်တဲ့
ရာသီဥတုဒါဏ်ခံရတဲ့အချိန်၊ အစာအာဟာရချို့တဲ့ချိန်တွေမှာ ရောဂါပိုးတွေပြန်လည်ထကြွသောင်းကျန်းပြီး ရောဂါပြန်ဖြစ်လာနိုင်ပါတယ်


ပင်တွေကို ရောဂါပိုးကင်စင်သွားအောင်ပိုးသတ်ဆေးဖျန်းပေးသင့်ပါတယ်။

0 မှတ်ချက်များ to “ ကော့စီးဒီးယားဝမ်းပျက်ရောဂါ (Feline Coccidiosis )”

Post a Comment